Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-23 08:38:59
အောက်တိုဘာလ (၂၄)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်မာကု (၁၀း ၄၆-၅၂)
Sr. Thecla War War (FMM)
Posted by M Sulatthtwe

“ဒါဝိဒ်၏သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါ” (ရှင်မာကု ၁၀း ၄၈) ယနေ့ခရစ်ဝင်ကျမ်းတွင် ကျွန်ုပ်တို့အား လူအများ လျစ်လျှူရှုပြီး၊ နိမ့်ကျသည့် လူတစ်ယောက်ဖြစ်သော မျက်မမြင် သူတောင်းစား Bartimaeus ၏ ယုံကြည်ခြင်းအကြာင်းကို သုံးသပ်ရန် ဖိတ်ခေါ်နေခြင်း ဖြစ်ပါသည်။ မျက်မမြင် ဆင်းရဲသား  Bartimaeus ၌ သခင်ခရစ်တော်နှင့် ဆုံတွေ့ရန် အခက်အခဲ အဟန့်အတား ဆန့်ကျင်မှု များစွာရှိသည်။ သူသည် မျက်မမြင်သူ၊ ဆင်းရဲသူ၊ တန်ခိုးနှင့် သြဇာအာဏာ မရှိသောသူ ဖြစ်စေကာမူ  ဘ၀ကို အရှုံးမပေးပဲ သူရဲ့ မျက်စိကို  ဒါဝိဒ်၏သားတော်ယေဇူး ကုသပေးနိုင်တယ် ဆိုတာကို  အပြည့်အ၀ ယုံကြည်ယ်။ ဒါကြောင့်လဲ သူ့မှာ အခက်အခဲများစွာနှင့် သူ့ပတ်၀န်းကျင်က လူတွေရဲ့ အတားအဆီး ပိတ်ပင်မှုများကို ဂရုမစိုက်ဘဲ ယေ‌ဇူးခရစ်တော် ဖြတ်သန်းသွား‌ကြောင်း ကြားသိရသောအခါ “ဒါဝိဒ်၏ သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါ” ဟု မလျော့သောဇွဲနှင့် ယုံကြည်ခြင်းဖြင့် သနားခံ တောင်းလျှောက်ခဲ့တယ်။ သူ၏နက်ရှိုင်းသော ယုံကြည်ခြင်းနှင့် ဇွဲရှိခြင်းကြောင့် ယေ‌ဇူးခရစ်တော်ထံမှ ကုသခြင်း ဆုကျေးဇူးကို ခံစားခဲ့ရပြီး အမြင်အာရုံကို ပြန်လည်ရရှိခဲ့ယ်‌။ သူသည် မျက်စိအလင်း ရပြီးပြီးချင်း ခရစ်တော်ဘုရား နောက်တော်သို့ လိုက်ခဲ့ပါတယ်။ သူသည် Jericho မြို့နှင့် သူ၏ယခင် ဘ၀လမ်းစဥ်ကို စွန့်လွတ်ပြီး မျက်စိကွယ်၍ ထိုင်နေရာမှ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခဲ့ပြီး ခရစ်တော်၏ နောက်လိုက်တပည့် တစ်ဦး ဖြစ်လာခဲ့သည်။  ဤအချက်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ခရီးစဥ်ကို ဖော်ပြနေပါတယ်။ ကျွန်ုပ်တို့ဟာ မိမိတို့၏ ကိုယ်ကျိုး တစ်ခုတည်းအတွက် ယုံကြည်ခြင်း အလင်းကို ရရှိခဲ့ခြင်း မဟုတ်ဘဲ သာသနာပြု တပည့်များအဖြစ် ခေါ်တော်မူခြင်း ခံရပါတယ်။ ဤသည်ကား  ခရစ်တော်သခင်ကို ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အတွက် လုပ်ပေးသောဆုလဒ် ဖြစ်ပေသည်။ ဤအဖြစ်အပျက်မှ ကျွန်ုပ်တို့ အယောက်တိုင်းကို သုံးသပ်ဖို့ရန် မေးနေတာကတော့ “ကျွန်ုပ်တို့သည် ခရစ်တော်သခင်နှင့် ဆုံတွေ့လိုသောဆန္ဒ မည်မျှရှိသနည်း။ ကျွန်ုပ်တို့သည် ခရစ်တော်သခင်ကို ပိုမိုချဉ်းကပ်ရန်နှင့် ခရစ်တော်သခင်၏ ကုသမှုကို ခံယူလိုသော ကျွန်ုပ်တို့၏ စိတ်ဆန္ဒ၌ အဘယ်မျှ ဇွဲရှိသနည်း။” ကျွန်ုပ်တို့ရဲ့  နေ့စဉ်ဘ၀ အသက်တာ၌ ခရစ်တော်သခင်နှင့် ဆုံတွေ့လိုသော ဆန္ဒများရှိပြီး ကျွန်ုပ်တို့ဝိညာဉ်နှင့် ကာယ လိုအပ်နေတဲ့ လိုအပ်ချက်များအတွက် ဒါဝိတ်သားတော် ယေဇူးထံ ပိုမိုချဉ်းကပ်လျှက် စစ်မှန်တဲ့ ယုံကြည်ခြင်း၊ ဇွဲရှိရှိနဲ့ စဉ်ဆက်မပြတ် သနားခံ တောင်းလျှောက်နိုင်ဖို့ ကြိုးစား အားထုတ်ကြပါစို့။

#Sr. Thecla War War, Fmm

Daily Reflection