Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-24 08:15:20
အောက်တိုဘာလ (၂၅)ရက် / တနင်္လာနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၃း ၁၀-၁၇)
Sr. Thecla War War (FMM)
Posted by M Sulatthtwe

သခင်ခရစ်တော်၏ အံ့ဖွယ်အမှုတိုင်းသည် အနာပျောက်စေသောသူအား ပေးသော ချစ်ခြင်းမေတ္တာ တစ်ခု ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ ဖတ်ရှုရတဲ့ ကျမ်းစာထဲ၌ သခင်ခရစ်တော်သည် တစ်ဆယ့်ရှစ်နှစ်လုံးလုံး ဝေဒနာ ခံစားနေရသော အမျိုးသမီးကို ကုသခြင်းဖြင့် သနားခြင်း ကရုဏာကို ပြသခဲ့သည်။ ဤအဖြစ်အပျက်မှ  ကျွန်ုပ်တို့ ရရှိနိုင်သော သတင်းစကား တစ်ခုမှာ သခင်ခရစ်တော်သည် မိမိ၏အစ ပြုလုပ် ဆောင်ရွက်ခြင်းအားဖြင့် ကုသပေးခြင်း ဖြစ်သည်။ အနာပျောက်စေသော လူတစ်ဦး၏ ဆုတောင်းပဌနာနှင့် ဆုတောင်းခြင်းတွင် အံ့ဖွယ်အမှုအချို့ ပြုလုပ်သော်လည်း ဤအံ့ဖွယ်အမှုများသည် သခင်ခရစ်တော်၏ ကောင်းမြတ်ခြင်းနှင့် သနားခြင်း ကရုဏာတော်ကြောင့်သာ ဖြစ်သည်။ ဤအမျိုးသမီးသည် ကုသခြင်းရရန် မတောင်းဆိုခဲ့သော်လည်း ခရစ်တော်သခင်သည် ထိုအမျိုးသမီးကို တွေ့သောအခါ ကရုဏာသက်ပြီး သူမအား ကုသပေးခဲ့သည်။ ကျွန်ုပ်တို့လည်း ထိုနည်းတူစွာပင် သခင်ခရစ်တော်ကို မတောင်းလျှောက်မီ ကျွန်ုပ်တို့ လိုအပ်သည်ကို သခင်ခရစ်တော် သိတော်မူသည်။ ကျွန်ုပ်တို့၏ တာ၀န်မှာ သူ့အား အမြဲသစ္စာ စောင့်သိရန်နှင့် ကျွန်ုပ်တို့၏ သစ္စာရှိမှု၌ ကျွန်ုပ်တို့ လိုအပ်သော အရာကို မတောင်းဆိုမီ ပေးမည်ကို သိရှိရန် ဖြစ်သည်။ ဒုတိယအချက်မှာ ဤအမျိုးသမီးသည် ရောဂါ ပျောက်ကင်း သွားသောအခါ “ဖြောင့်မတ်စွာ မတ်တတ်နေ” ခြင်း ဖြစ်သည်။ ဤသည်ကား ကျွန်ုပ်တို့အား ပြုမူသော အရာ၏ ပုံဆောင်ပုံရိပ် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အသက်တာထဲသို့ ၀င်ရောက်သောအခါ ကျွန်ုပ်တို့သည် ဖြောင့်မတ်စွာ ရပ်တည်နိုင်သည်။ ကျွန်ုပ်တို့သည် ယုံကြည်မှု အသစ်နှင့် လမ်းလျှောက်နိုင်သည်။ ဘုရားသခင်သည်  ကျွန်ုပ်၏ လိုအပ်ချက် မှန်သမျှကို သိပြီး ကျွန်ုပ်အတွက် အကောင်းဆုံးဖြစ်လျှင် ထိုလိုအပ်ချက်များကို ဖြည့်ဆည်း ပေးလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် ကျွန်ုပ်အား သူ၏သားသမီးအဖြစ် အပြည့်အဝ ယုံကြည် စိတ်ချစွာ နေထိုင်ရန် သူ၏ကျေးဇူးတော်ကို ပေးသနားတော်မူသည်။ နောက်ဆုံးအချက် အနေဖြင့်  လူအ‌‌ပေါင်းတို့သည် ခရစ်တော် ဘုရားရှင်၏ အံ့ဘွယ် ကုသပေးမှုအတွက် ရွှင်လန်း ၀မ်း‌မြောက် ခဲ့ကြပေမဲ့ တရားဇရပ်မှူးကတော့ ဥပုသ်နေ့၌ အလုပ်မလုပ်ရဆိုတဲ့ ဥပဒေတွေကြောင့် ခရစ်တော် ဘုရားရှင်၏ အံ့ဘွယ် ကုသပေးမှုကို အသိအမှတ် မပြုနိုင်သလို လူသားတွေကို သနားကြင်နာခြင်းထက် ဥပဒေတွေ မူ၀ါဒတွေကိုသာ တန်ဖိုးထား အလေးထား ကြသော‌ကြောင့် ခရစ်တော်၏‌ ကျေးဇူးတော်ကို မခံစားကြရ‌ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ ခရစ်ယာန် သက်တာမှာ မိမိသည်  မည်သူမည်ဝါ ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိပြီး ခရစ်တော် သခင်၏ ကျေးဇူးတော်၌ လွတ်လပ်စွာ နေထိုင်နိုင်ရန်နှင့် မူ၀ါဒစနစ်ထက် လူသားများအား ပို၍တန်ဖိုး ထားနိုင်အောင်  နေ့စဉ်ဆက်လက် ကြိုးစား အားထုတ်ကြပါစို့။

#Sr. Thecla War War, Fmm

Daily Reflection