Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-24 08:20:13
အောက်တိုဘာလ (၂၅)ရက် / တနင်္လာနေ့ ၂၀၂၁
ပထမကျမ်း / ရောမ (၈း ၁၂-၁၇)
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၃း ၁၀-၁၇)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

ခန္ဓာနဲ့ဝိညာဥ် ပေါင်းစပ်ထားတဲ့ ဒို့လူသား ဘဝမှာ ခန္ဓာနဲ့ဝိညာဥ်၊ အသက်နဲ့ သေခြင်း၊ ကောင်းမှုနဲ့ မကောင်းမှု၊ သားသမီးဘဝနဲ့ ကျွန်ုပ်ဘဝ စတဲ့ ဆန့်ကျင်ဘက် အရာတွေရဲ့ စိန်ခေါ်မှုများကို နေ့စဥ် ကျော်ဖြတ် နေကြရတဲ့ အကြောင်း၊ ပထမ ကျမ်းစာတော်မြတ်မှာ တရားပေးထားပါတယ်။ ဒို့ဟာ ခရစ်တော် ဘုရားရှင်ရဲ့ ကယ်တင်ခြင်း ခံရပြီးလို့ ဘုရားရဲ့ သားသမီး ဖြစ်လာကြကာ အမွေစား အမွေခံများ ဖြစ်ကြတယ်။ တစ်ဆက်ထဲမှာ ဒီအမွေအနှစ်ဖြစ်တဲ့ ခရစ်တော်ကို ပိုင်ဆိုင်ခွင့် ရသလို သူထမ်းခဲ့တဲ့ ကားတိုင်ကိုလည်း လက်ခံကြရမှာ ဖြစ်ပါတယ်။ မနေ့က ဧဝံဂေလိ တရားတော်ထဲမှာ လမ်းဘေးက မျက်မမြင် ဘာတီမေဦးရဲ့ ယုံကြည်အားကိုးခြင်းနဲ့ ကျယ်လောင်သော ခေါ်တခြင်းကြောင့် ကုသခြင်းနဲ့အတူ ဘဝသစ်ကို ရရှိခဲ့တယ်။ ဒီနေ့မှာတော့ တရားနာ ပရိတ်သတ်ထဲက ၁၈နှစ်ကြာ နတ်ဆိုးစွဲခြင်း ခံရပြီး ခေါင်းမမော့နိုင်ဘဲ ခါးကုန်းနေတဲ့ အမျိုးသမီးကို ခရစ်တော်က သူမအား လူအုပ်ကြားမှ ခေါ်ယူစေပြီး ကိုယ်ထိလက်ရောက် ကုသပေးခဲ့တယ်။ အထက်အောက်၊ အနိမ့်အမြင့်၊ မိန်းမယောကျာ်း၊ ကလေးလူကြီး အဆင့်အတန်း ခွဲပြီး ကျင့်သုံးနေတဲ့ ဂျူးထုံးစံကို ချိုးဖောက်ပြီး စစ်မှန်သော မေတ္တာ အမှန်တရား တစ်ခုကို လက်တွေ့ ပြသခဲ့တယ်။ လက်ရှိ ပစ္စပ္ပာန်အချိန်သည် လူသား ကယ်တင်ခြင်းအတွက် အရေးကြီးဆုံး ဖြစ်သည်။ အသက်ပေး ကယ်တင်ခြင်း အမှုတော်မြတ်အတွက်၊ နံရံတံတိုင်းမရှိ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက် မရှိပါ။

#Sr. Lucy Win (SCCG)

 

Daily Reflection