ဘုရားသခင့် နိုင်ငံတော်သည် ကျွန်ုပ်တို့အား အံ့သြဖွယ် ကောင်းလောက်အောင် အံ့အား သင့်စေလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါက ကျွန်ုပ်တို့ စိတ်ပျက်မိမှာ အမှန်ပင် ဖြစ်ပါသည်။ ဘုရားသခင်သည် ထိုနည်းအတိုင်း မလုပ်ဆောင်ပါ။ ယင်းအစား ဘုရားသခင်သည် သေးငယ်သည့် အရာများဖြင့် စတင်တဲ့ အကြောင်းကို ပြောပြခြင်း ဖြစ်တယ်။ ယနေ့ ဧဝံဂေလိ သတင်းကောင်းတွင် ခရစ်တော်သခင်သည် ဘုရားသခင့် နိုင်ငံတော်ကို မုန်ညှင်းစေ့နှင့် တဆေး ပုံဥပမာ နှစ်ခုအားဖြင့် ဖော်ပြထားသည်။ အမှန်စင်စစ်၊ ဘုရားသခင့် နိုင်ငံတော်ကို အပြည့်အဝ အကောင်အထည် ဖော်ခြင်းသည် ကျွန်ုပ်တို့၏ တစ်ဦးချင်း ဆုံးဖြတ်ချက်ပေါ်တွင် မူတည်သည်။ ဒီအချိန်မှာ ကျွန်ုပ်တို့ ဘာလုပ်နိုင်လဲ။ အမှန်တော့ အခုလို အချိန်အခါမျိုးမှာ ကျွန်ုပ်တို့ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဥပမာ - လာ၍ အရိပ်ရှာရန်နှင့် အသိုက်လုပ်ရန် သစ်ပင်တစ်ပင် ဖြစ်လာရန် ကျွန်ုပ်တို့ ဆုံးဖြတ် နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဆာလောင် မွတ်သိပ်သူများကို အစာကျွေးရန် လှုပ်ရှားမှု တစ်ခုအား တွန်းအား ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် အကူအညီ လိုအပ်နေသော၊ ရုန်းကန်နေရသော မိသားစုများထံ သွားရောက်ပြီး မေတ္တာနှင့် ကူညီပေးနိုင်သလို အားပေးစကား ပြောကြားခြင်း၊ မျှော်လင့်ခြင်း သတင်းကောင်းကို ပြောကြားခြင်းအားဖြင့် လုပ်ဆောင် နိုင်ပါသည်။ ဒီသေးငယ်တဲ့ လုပ်ဆောင်မှုများကို ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာနှင့် ကောင်းကောင်းလေး လုပ်ဆောင်ကြမယ်ဆိုရင် ကြီးမားတဲ့ အရာတွေ ဖြစ်တယ် ဆိုတာကိုလည်း ပြောပြနေခြင်း ဖြစ်တယ်။ မိမိနှင့် နီးစပ်သောသူ၊ အကူအညီ လိုအပ်နေသော သူများအတွက် ကောင်းကျိုးများကို သယ်ပိုးရမယ်ဆိုတဲ့ ဘဝသက်တာနဲ့ ဘုရားသခင့် နိုင်ငံတော်ကို ကျွန်ုပ်တို့အလယ်၌ တည်ဆောက် သွားနိုင်အောင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတို့ဖြင့် ကြိုးစား သွားကြပါစို့။
#Sr. Thecla War War, Fmm