Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-25 06:46:23
အောက်တိုဘာလ (၂၆)ရက် / အင်္ဂါနေ့ ၂၀၂၁
ပထမကျမ်း / ရောမ (၈း ၁၈-၂၅)
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၃း ၁၈-၂၁)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

ကောင်းကင်နိုင်ငံတော် အကြောင်းကို ခရစ်တော်ရဲ့ ဟောကြားချက်တွေထဲမှာ ဗဟိုအချက်အခြာအဖြစ် မီးမောင်းထိုး ဖော်ပြထားတာ ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော်ကို မုန်ညှင်းစေ့၊ တဆေးဆိုသော သေးငယ်တဲ့ အရာများနဲ့ နှိုင်းယှဥ် ပြခဲ့ပါတယ်။ ကောင်းကင်နိုင်ငံလို့ ကြားရတဲ့ အခါတိုင်း နေရာတစ်နေရာကို မြင်ယောင် မိပါတယ်။ ခရစ်တော်က ပြောတယ်။ ကောင်းကင်နိုင်ငံတော် တည်ထောင်ဖို့ ဒို့ရဲ့အလယ်မှာ သူကြွလာတယ်။ ဒါကြောင့် ကောင်းကင်နိုင်ငံတော်ဟာ ခရစ်တော်ဘဲ ဖြစ်တယ်။ လူ့အမြင်မှာ သိမ်ငယ်သေးတယ်လို့ ထင်ရပေမဲ့ အတွင်းတန်ခိုးတော်က ကြီးမားပြီး လွှမ်းမိုးမှုဟာ ဒီနေ့ကမ္ဘာအထိ ရှိနေဆဲ ဖြစ်တယ်။ အဲဒါဘာလဲဆိုရင် တပည့်တော်ကြီး ၁၂ပါးနဲ့ ဖွဲ့စည်းခဲ့ပြီး ခရစ်တော်ဘုရားရဲ့ ဒုက္ခခံခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် ကမ္ဘာမှာ သန်းပေါင်းများစွာသော လူများ ခရစ်တော်ရဲ့ နောက်လိုက်များ ဖြစ်လာကြတယ်။ ကောင်းကင်ဘုံ မေတ္တာဆိုတိုင်း ခရစ်တော်ဘုရား ဒို့ရဲ့ဘဝထဲမှာ ဖိတ်ခေါ်နေတယ် ဆိုတာကို သတိယကြပါစို့။ တစ်ဦးစီရဲ့ ဘဝထဲမှာ ခရစ်တော် လွှမ်းမိုးပြီး လူသား ကောင်းကျိုးအတွက် အသီးအပွင့်များ ဝေဆာပြီး ဝေမျှအသက်ရှင်နိုင်ရန် ငြိမ်းချမ်းတဲ့ဘဝကို တည်ဆောက်နိုင်ရန် ကြိုးစားကြစို့။

#Sr. Lucy Win (SCCG)

 

Daily Reflection