ဒီကျမ်းပိုဒ်လေးကို ထောက်ရှုတဲ့အခါ Fr. Bo Bo (SDB) ရဲ့ ဟောထားတဲ့ တရားသံလေးကို သတိယမိတယ်။ တစ်ခါက အမျိုးသမီးတစ်ဦး သီလရှင်ကျောင်း တစ်ကျောင်းမှာ ရက်အနည်းငယ် တည်းခိုပြီး မိမိလုပ်ရမဲ့ အလုပ်ကိစ္စအတွက် မြို့ထဲကိုသွားပြီး အလုပ်လုပ်ခဲ့တယ်။ ပြန်လာတဲ့ အခါတိုင်း သူ့အခန်းထဲမှာ သန့်ရှင်းရေး စနစ်တကျ လုပ်ထားတာ တွေ့ရတယ်။ တစ်ရက်တော့ အလုပ်သွားရင်း ပစ္စည်းတစ်ခု မေ့ကျန်လို့ အခန်းမှာ ပြန်ဝင်လာခဲ့တဲ့အခါ အသက်(၈၀)ကျော် သီလရှင်ကြီး တစ်ပါးက ကုန်းပြီး ကြမ်းတိုက် သန့်ရှင်းရေး လုပ်နေတာကို အံ့ဩစွာ တွေ့လိုက်ရတယ်။ ဒီတစ်ခါ သူမက စစ္စတာရ်ကြီး ဘာဖြစ်လို့ အခုလို အလုပ်မျိုး လုပ်ရတာလဲ။ အသက်အရွယ်ကိုလည်း ကြည့်ပါအုံး၊ မလုပ်ပါနဲ့ စသည်ဖြင့် ပြောနေခဲ့တယ်။ သီလရှင်ကြီးက ပြန်ပြောလိုက်တယ်“ကောင်းကင်နိုင်ငံဟာ ဒီလောက် စျေးမပေါဘူး”လို့ ဆိုသတဲ့။ ကျဥ်းတဲ့တံခါးကို ဝင်ခြင်းဆိုတာ မိမိဘဝအလိုက် ခရစ်တော်ကို ပုံတုယူပြီး နေ့စဥ် ကြုံတွေ့ရတဲ့ အခက်အခဲများကို အလျှော့မပေးဘဲ ဇွဲလုံ့လနဲ့ ကြိုးစား လျှောက်လှမ်းဖို့ ဖြစ်ပါတယ်။ (အနာခံမှ အသာစံရမယ်၊ ယုံလည်းယုံ ခုန်လည်းခုန်၊ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး။) ကိုင်ဇာသီချင်း
#Sr. Lucy Win (SCCG)