Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-27 08:43:53
အောက်တိုဘာလ (၂၈)ရက် / ကြာသပတေးနေ့ ၂၀၂၁
သူတော်စင် Simon နှင့် Jude တို့၏ပွဲ
ဧဝံဂေလိကျမ်း / ရှင်လုကာ (၆း ၁၂-၁၉)
Sr. Thecla War War (FMM)
Posted by M Sulatthtwe

ယနေ့ ကျွန်ုပ်တို့သည် တပည့်တော် တကျိပ်နှစ်ပါး၀င် ဖြစ်သော ရှိမုန်နှင့် ယုဒတို့၏ပွဲကို ကျင်းပကြပါသည်။ ထိုတပည့်တော်တို့၏ အကြောင်းကို သမ္မာကျမ်းစာ၌ သိပ်မဖော်ြပ ထားသော်လည်း  ကျွန်ုပ်တို့ သိသည်မှာ ထိုတပည့်တော်တို့သည် သခင်ခရစ်တော်၏ အသက်တာနှင့် သာသနာပြု လုပ်ငန်းတွင် အထူးသဖြင့် ပါ၀င်ကြသည့် တကျိပ်နှစ်ပါး အဝင်ဖြစ်သည်။ တကျိပ်နှစ်ပါးတို့သည် သခင်ခရစ်တော်နှင့် အနီးကပ်ရှိပြီး အထံတော်သို့ ချဉ်းကပ်ခွင့် ရရှိခဲ့ကြကာ သခင်ခရစ်တော်၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း မတိုင်မီနှင့် ပြီးနောက်၌လည်း ဓမ္မအမှု၌ ပါ၀င်ခဲ့ကြသည်။ တကျိပ်နှစ်ပါးအ၀င် ဤတပည့်တော်ကြီးများ၏ ပွဲတော်၌ ခရစ်တော်သခင်က ကျွန်ုပ်တို့ တစ်ဦးချင်းစီအား ယနေ့ ကမ္ဘာပေါ်ရှိ မိမိ၏ဓမ္မအမှု၌ ပါ၀င်ရန်၊ ကျွန်ုပ်တို့ တစ်ဦးချင်းစီကို ထူးခြားသော နည်းလမ်းဖြင့် ခေါ်ဆောင်ကြောင်းကို ကျွန်ုပ်တို့အား သတိပေးနေသည်။  ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘဝခရီးတွင် မည်သည့်နေရာ၌ ရှိနေပါစေ၊ ကျန်းမာရေး ကောင်းသည် ဖြစ်စေ၊ ဖျားနာသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ ကျွန်ုပ်တို့ အားလုံးသည် သခင်ယေဇူး၏ အသက်တာတွင် ပါဝင်ရန်၊ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရန်၊ ကျွန်ုပ်တို့နှင့် တွေ့ဆုံသူများကို သူ၏ချစ်ခြင်းမေတ္တာ ယူဆောင်ပေးရန် ခေါ်တော်မူခြင်းကို ရရှိထားကြသည်။ ကျွန်ုပ်တို့၏ အသက်တာ၌ သခင်ဘုရားအတွက် များစွာ မလုပ်ဆောင်နိုင်ဟု ခံစားရသော အချိန်များ ရှိသည်။ ကျွန်ုပ်တို့ အားအင် ကုန်ခမ်းမှုတွေ၊ ကျန်းမာရေး ယိုယွင်းမှုတွေ ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အားလုံးတွင် လုပ်နိုင်မည့် အရာတခုရှိပြီး ထိုအရာမှာ ဆုတောင်းခြင်း ဖြစ်သည်။ ယနေ့ ဧဝံဂေလိတရား၏ အစတွင် ခရစ်တော်သခင်သည် တောင်ပေါ်သို့ကြွ၍  ဘုရားသခင်အား ဆုတောင်း ပဌာနာပြုလျှက် တစ်ညလုံး နေတော်မူ၏ဟု ကျွန်ုပ်တို့ ကြားနာခဲ့ရတယ်။ ယေဇူးသခင်သည် ဆုတောင်းရန် အချိန်များစွာ ပေးခဲ့သည်။ သူ၏ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ခြင်းသည် သူ့အသက်တာ၏ အဓိကအချက် ဖြစ်သည်။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ အသက်တာ၏ အဓိကအရာ ဖြစ်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် သခင်ဘုရား၏ ခေါ်တော်မူခြင်းကို တုံ့ပြန်နိုင်သော အဓိက နည်းလမ်းများထဲမှ တစ်ခုမှာ ဆုတောင်းခြင်း၌ သခင်ဘုရားနှင့် ပေါင်းစပ်ခြင်းအားဖြင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဥ်အသက်တာမှာ ဆုတောင်းခြင်း၌ မွေ့လျော် နိုင်အောင် ကြိုးစား သွားကြပါစို့။

#Sr. Thecla War War, Fmm

Daily Reflection