Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-29 06:41:12
အောက်တိုဘာလ (၃၀)ရက် / စနေနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၄း ၁၊ ၇-၁၁)
Sr. Thecla War War (FMM)
Posted by M Sulatthtwe

“မိမိကိုယ်ကို မြှင့်တင်သော သူတိုင်းသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ သို့သော် မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။” ရှင်လုကာ (၁၄း၁၁) သခင်ခရစ်တော်က နှိမ့်ချခြင်းသည် အလွန်အရေးကြီးဆုံး ပါရမီဖြစ်ကြောင်း ဒီနေ့ဧဝံဂေလိ သတင်းကောင်း အားဖြင့် သွန်းသင် ပြသနေပါသည်။ ကိုယ်တော်သည် ဖာရိရှဲအိမ်တွင် ညစာစားရန် ဖိတ်ကြားခြင်း ခံရ၍သွားရာ ဧည့်သည်များသည် အကောင်းဆုံး နေရာတွေကို ရွေးချယ် ထားကြတာကို တွေ့သောအခါ တပည့်တော်တို့အား ထိုသို့မပြုလုပ်ကြရန်နှင့် နှိမ့်ကျသော‌‌နေရာကိုသာ ရွေးချယ်ကြရန် သွန်သင်ပေးခဲ့သလို ကျွန်ုပ်တို့ အယာက်တိုင်းအားလည်း သတိပေးနေခြင်း ဖြစ်ပါသည်။ ယနေ့ လောက ကမ္ဘာကြီးထဲမှာ ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ အောင်မြင် ကျော်ကြားမှု၊ အချီးမွမ်း ခံရမှုတွေအတွက် မရပ်မနား ကြိုးစား နေကြပေမဲ့ နှိမ့်ချခြင်း ပါရမီကို ရှာဖွေစုဆောင်းရန် မေ့ကောင်း မေ့နေကြမှာပါ။ ဒါကြောင့် သခင်ခရစ်တော်က ကျွန်ုပ်တို့ကို ပြန်လည် သတိပေးနေခြင်း ဖြစ်ပါတယ်။ သခင်ခရစ်တော် ဘုရားရှင် ကိုယ်တိုင်ပင် ဘုရားဖြစ်လျှက် နိမ့်ကျလှတဲ့ လူ့အဖြစ်ကို ယူခဲ့ပြီး ခမည်းတော်ဘုရား၏ အလိုတော်ကို နှိမ့်ချစွာ အစေခံခဲ့သလို အမိမယ်တော်လည်း “ကျွန်ုပ်ဟာ ဘုရားရှင်၏ ကျွန်မ ဖြစ်ပါသည်”ဟု‌ ‌ကြွေးကြော်ကာ ဘုရှားရှင်၏ ကယ်တင်ခြင်း လုပ်ငန်း၌ နှိမ့်ချစွာ ပါဝင်ခဲ့မှုကြောင့် ဘုရား၏မိခင်အဖြစ် ရွေးချယ်ခြင်း ဆုကျေးဇူးကို ခံစားခဲ့ရပါသည်။ ထိုနည်းတူ ရဟန္တာ သူတော်စင် အပေါင်းတို့သည်လည်း မိမိတို့၏ အောင်မြင် ကျော်ကြားမှုများကို စွန့်လွတ်ကာ မိမိတို့၏ဘ၀ကို သိမ်ငယ်နှိမ့်ချစွာ ကျင့်ကြံအားထုတ်မှုကြောင့် ကောင်းကင် ရွှေနိုင်ငံတော် ဆုလဒ်ကို ရရှိခဲ့ကြခြင်း ဖြစ်ပါတယ်။ကျွန်ုပ်တို့သည်လည်း နှိမ့်ချခြင်းပါရမီကို ကျင့်ကြံခြင်းအားဖြင့် နေ့စဥ်ဘဝသက်တာမှာ ဘုရားရှင်ကို ဖူးမြှော် နိုင်အောင် ကြိုးစားကြပါစို့။

#Sr. Thecla War War, Fmm

Daily Reflection