Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-30 08:15:51
အောက်တိုဘာလ (၃၁)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်မာကု (၁၂း ၂၈-၃၄)
Sr. Thecla War War (FMM)
Posted by M Sulatthtwe

ယနေ့ အသက်ပေး နှုတ်ကပါတ်တော်မှ ကျွန်ုပ်တို့၏ ဘ၀တွင် အခြားအရာများထက် ဘုရားသခင်ကို ပိုမိုချစ်မြတ်နိုးရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ ဓမ္မဟောင်းကျမ်းတွင် ပါ၀င်သော ပရောဖက်များနှင့် ဘိုးဘေးများတို့သည် ဘုရားသခင်ကိုသာ ဦးစွာပထမနေရာမှာ အသိအမှတ် ပြုကြသည်။ ဘုရားသခင်ကို ပထမနေရာမှာ ထားတဲ့အခါ ကျွန်ုပ်တို့ရဲ့ နေ့စဥ်အသက်တာမှာ အမြဲတမ်း အဆင်ပြေစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပထမကျမ်း (တရားဟောရာကျမ်း) မှာလည်း “ထို့ကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိ ရှိသမျှနှင့် ချစ်လော့။” ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ဤစကားလုံးများကို အလွန်ရင်းနှီးပြီး ကြာလာသောအခါ ၎င်းတို့သည် ကျွန်ုပ်တို့အနေနဲ့ တန်ဖိုးမထား၊ လျစ်လျှုရှု လာကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့က ထိုအရာတို့ကို ပြန်လည် နားထောင်ပြီး၊ ဖတ်ရှုပြီး၊  ကျွန်ုပ်တို့၏ နှလုံးသားထဲမှာ ရေးသားပြီး ဘ၀မှာ ရှင်သန်ဖို့ရာ ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါတယ်။ ယနေ့ ကျွန်ုပ်တို့ လူသားများသည် မိမိတို့၏ဘဝ တိုးတက်မှု၊ အောင်မြင် ကျော်ကြားမှု၊ အာဏာရရှိမှု၊ ကြွယ်ဝချမ်းသာမှု စသည့် အခွင့်အလမ်းများကို ရရှိဖို့ နေ့၊ ညမပြတ် ကြိုးစားရုန်းကန် နေကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဘဝမှာ ဘုရားသခင်နှင့် လူသားများအား ချစ်ရန်၊ မေတ္တာတရားကို ရှာရန်တော့ မေ့နေတတ် ကြပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဘဝမှာ ပိုအရေးကြီးသည့် အရာကို ပိုအရေးမကြီးတဲ့ အရာထဲကနေ ခွဲထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ အသက်ပေး ဧဝံဂေလိ တရားတော်ထဲမှာ ကျမ်းတတ်ဆရာတစ်ဦးက များပြားလှတဲ့ ဂျူးတို့၏ ပညတ်များထဲမှ အရေးကြီးဆုံး အချက်ကို ‌မှန်မှန်ကန်ကန် သိရှိနိုင်ရန်နှင့် ရွေးချယ်နိုင်ရန်အတွက် သခင်ခရစ်တော်အား ပညတ်တော်များ အားလုံးအနက် မည်သည့်ပညတ်သည် အကြီးမြတ်ဆုံး ဖြစ်သနည်းဟုမေးရာ သင်၏ဘုရားရှင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ၊ ခွန်အားရှိသမျှနှင့် ချစ်ရန်၊ ထို့နောက် သင်နှင့်နီးစပ်သူကို ကိုယ်ရှင်ကဲ့သို့ ချစ်ရန် ဖြေကြားခဲ့သည်။      

#Sr. Thecla War War, Fmm

Daily Reflection