Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-05 08:21:44
နိုဝင်ဘာလ (၂)ရက် / အင်္ဂါနေ့ ၂၀၂၁
ကွယ်လွန်သူတို့အဖို့ဆုတောင်းရသောနေ့
ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၂၅း ၃၁-၄၆)
Sr. Christopher (SJA)
Posted by M Sulatthtwe

ပေးထားတဲ့ ကျမ်းစာမှ တို့တတွေအတွက် ကျင့်ရမယ့် သင်ခန်းစာကတော့ အငယ်ဆုံးသော၊ အနိမ့်ကျဆုံး၊ အဆင်းရဲဆုံး သူတွေမှာ ခရစ်တော်ကို မြင်တွေ့နိုင်ဖို့နဲ့ အငယ်ဆုံးသောသူကို ပြုခြင်းဟာ ခရစ်တော်ကို ပြုခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီကျမ်းချက်ကို တကယ်လက်တွေ့ ကျင့်ခဲ့တဲ့ ရဟန္တာမ မာသာရ် ထရေဇားရဲ့ ဘဝကို တစေ့တစောင်း ကြည့်ရအောင်။ သူမဟာ တကယ်ချို့တဲ့၊ ဆင်းရဲ၊ ဖျားနာ၊ ငတ်မွတ်နေတဲ့ အငယ်ဆုံး၊ အနိမ့်ဆုံး၊ အဆင်းရဲဆုံးသူပေါင်း မြောက်မြားစွာတို့ကို ကြီးမားတဲ့ ကရုဏာမေတ္တာနဲ့ ကြည့်ရှု၊ ကျွေးမွေး ပြုစုခဲ့တယ်။ အဲဒီလူများထဲက လူပေါင်း ၁၅၀၀၀ တို့ရဲ့ ခံယူချက်၊ ယုံကြည်ချက်တွေကို ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။ တစ်နေ့မှာ မာသာရ်က သူတို့ကို ခရစ်တော်ယေဇူး အကြောင်း သိချင်လားလို့ ရိုးရိုးရှင်းရှင်းလေးပဲ မေးလိုက်တော့ သူတို့က ခရစ်တော်ဟာ မာသာရ်ထရေဇားနဲ့ တူလားလို့ ပြန်မေးကြသတဲ့။ ဒါနဲ့ မာသာရ်က ခရစ်တော်ဟာ ကျမနဲ့ မတူပါဘူး၊ ကျမကသာ ခရစ်တော်နဲ့ တူအောင် ကြိုးစားနေပါတယ်လို့ ပြန်ဖြေလိုက်ပါသတဲ့။ ဒါဆိုရင် ကျွန်တော်တို့လည်း ခရစ်တော်နဲ့တူတဲ့ ခရစ်ယာန် ဖြစ်ချင်ပါတယ်လို့ တောင်းဆိုခဲ့ကြတယ်လို့ မာသာရ်က ပြန်လည် ပြောပြခဲ့ပါတယ်။ ဒါဟာ အင်မတန် ရိုးရှင်းပါတယ်။ နောက်ဆုံး တရားစီရင်ခြင်း ဖြစ်တဲ့ ဒီနေ့ရဲ့ ကျမ်းချက် (ရှင်မာတေဦး ၂၅း ၃၁-၄၆) မှာ ခရစ်တော် ကိုယ်တိုင် မိန့်မှာသတိပေးထားတဲ့ အငယ်ဆုံးသော သူအား ပြုသမျှသည် ငါကိုယ်တော်အား ပြုခြင်းပင် ဖြစ်၏ကျမ်စကားအတိုင်း မာသာရ်က တကယ်လက်တွေ့ ကျင့်သုံး နေထိုင်ပြုမူ ခဲ့တာ ဖြစ်ပါတယ်။ ခရစ်တော်က သူ့ကိုယ်သူ အငယ်ဆုံးသောသူနဲ့ နှိုင်းထားပါတယ်။ နောက်ဆုံးသောနေ့မှာ တို့တတွေ အားလုံးဟာ မေတ္တာတရားပေါ် အခြေခံပြီး တရားစီရင်ခြင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ကို အမြဲသတိ ရကြပါစို့။ တို့တတွေရဲ့ နေ့စဉ်ဘဝမှာ အငယ်ဆုံးသော သူထံ၌ ခရစ်တော်ကို မြင်တွေ့နိုင်ကြရဲ့လား။ အငယ်ဆုံးသော သူများကို ဘယ်လိုဆက်ဆံပါသလဲ ဆိုတာတွေလည်း ပြန်လည် ဆန်းစစ် ကြည့်ကြပါစို့။

#Sr. Christopher (SJA)

 

Daily Reflection