Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-04 07:07:35
နိုဝင်ဘာလ (၅)ရက် / သောကြာနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၆း ၁-၈)
Sr. Christopher (SJA)
Posted by M Sulatthtwe

ဒီနေ့ကျမ်းစာကပြောတဲ့ ပုံဥပမာကတော့ တပည့်တော်ကြီးများကို ပညာအမျှော်အမြင်ရှိတဲ့ ဘဏ္ဍာစိုး ဖြစ်ကြဖို့ သင်ခန်းစာအဖြစ် ပေးထားပါတယ်။ လောကသားတွေထံမှာ ဘုရားရှင်ရဲ့ သားသမီးများက သင်ယူကြဖို့ သွန်သင် ပေးခြင်းပါပဲ။ သစ္စာမရှိတဲ့ ဘဏ္ဍာစိုးကို ခရစ်တော် နောက်လိုက်တဲ့ တပည့်တော်များ အနေနဲ့ အတုယူဖို့ ဖြစ်တယ်။ ဒီဘဏ္ဍာစိုးရဲ့ သစ္စာမရှိတာကို အတုယူဖို့တော့ မဟုတ်ပါဘူး၊ သူ့ရဲ့ ပါးနပ်မှုကို အသုံးပြုပြီး ဒုက္ခကြီးနဲ့ ရင်ဆိုင်လာရတဲ့အခါ ပြေလည်အောင်၊ လွတ်မြောက်အောင် ဖြေရှင်းတတ်တဲ့ ကျွမ်းကျင်မှုကိုမျိုးကို ဆိုလိုတာ ဖြစ်တယ်။ ခရစ်တော်ရဲ့ တပည့်တော်များဟာ မကြာခဏ အခက်အခဲ၊ ပြသ​နာတွေနဲ့ ရင်ဆိုင်ကြရတယ်။ အထူးသဖြင့် လောကဆန်တဲ့ အသိုင်းအဝိုင်းထဲမှာ ကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောကြရတဲ့အခါမှာ အခက်အခဲ၊ ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်ကြပါတယ်။ အဲဒီအခါမှာတော့ လောကဆန်တဲ့ အတွေးအခေါ်၊ ကျွမ်းကျင်မှုတွေဟာ အသုံးတဲ့ပါတယ်။ တို့ခရစ်ယာန်တွေဟာ လောကထဲမှာ နေထိုင်ကြရတာကြောင့် လောကရေးရာ အခက်အခဲ၊ ပြသနာတွေကို ဖယ်ရှောင်ပြီး၊ အရှုံးပေးပြီးမှ ကယ်တင်ခြင်း ရှာဖွေတာမျိုး မဟုတ်ဘဲ၊ ကိုယ်နဲ့ ထိပ်တိုက် ရင်ဆိုင် ကြုံတွေ့လာတဲ့ လောကရေးရာ တွေကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ် တတ်ရပေမယ်။ ဒါမှသာ ဘုရားရှင်က နောက်ဆုံးနေ့ ဘဏ္ဍာစိုးရဲ့ စာရင်းရှင်းတမ်းကို တောင်းတဲ့အခါ ကောင်းမွန်စွာ စာရင်းရှင်းတမ်း အပ်နိုင်တဲ့အတွက် ထာဝရ သုခချမ်းသာကို အမွေခံရမှာ ဖြစ်ပါတယ်။

#Sr. Christopher (SJA)

 

Daily Reflection