Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-05 08:13:55
#6 December 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (သံမာကု ၁း ၁ - ၈)
#စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)
#Posted by M. Su Latt Htwe

 

ယနေ့သည် အာဒ်ဝင်တူး ဒုတိယအပတ် ဖြစ်သည့်နည်းတူ ဆင်းကြွလာမည့် ဘုရားသခင်၏ သားတော် မက်ဆီးယားသခင်အား ကြိုဖို့ရန် ပြင်ဆင်ခြင်းသည်လည်း တဖြည်းဖြည်းနှင့် နေရာတိုင်းမှာ ခရစ္စမတ်၏ အမှတ်လက္ခဏာ အပြင်အပ၊ အပြင်အဆင်များကို တွေ့နေရပေသည်။ ခရစ်တော်ကို ယုံကြည်သူများသာမက မယုံကြည်သော အချို့အခြား ဘာသာခြားများတို့သည်လည်း ခရစ္စမတ်သစ်ပင်များ၊ ကဒ်များ၊ ရောင်စုံမီးများကို ပြင်ဆင်ကြသည်။ အထူးသဖြင့် လူစည်ကားသောနေရာများတွင် တစ်နှစ်ထက်တစ်နှစ် စိတ်ဝင်စားဖွယ်ကောင်းအောင် ပြင်ဆင်ကြသည်။ ယုံကြည်သူ ခရစ်ယာန်များတို့သည်လည်း  ဒီနှစ်ခရစ္စမတ်အတွက် အရင်နှစ်ထက် ပိုမိုကောင်းမွန်သော အစီအစဉ်များကဲ့သို့ ပြုလုပ်မည့် ဘုရားကျောင်းကို မည်ကဲ့သို့ အလှဆင်မည် စသဖြင့် ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကားဖြင့် ပြုလုပ်ကျင်းပနိုင်ရအောင် ကြိုးစားဆောင်ရွက်ဖို့ရန် ပြင်ဆင်ထားလေသည်။ မြင်တွေ့ရသူအပေါင်းတို့မှာလည်း သူတို့တွေ ခရစ္စမတ်ပွဲအတွက်ပြင်ဆင်ထားနေကြတာ အားကျလိုက်တာ၊ လှလိုက်တာ၊ ပျော်စရာကြီး စသဖြင့် ချီးကျူးစကားများကိုလည်း ကြားရပေမည်။ ထိုကဲ့သို့ အပြင်အပများကို ပြင်ဆင်ရင်း  မိမိတို့၏ စိတ်နှလုံးထဲ၌ ဆင်းကြွလာမည့် သူငယ်တော်လေးအတွက် ထိုက်ထိုက်တန်တန် ဖိတ်ခေါ်ဖို့ရန် ပြင်ဆင်မှုမရှိပါက ကျွန်ုပ်တို့ကြိုးစားသမျှသည် သဲထဲရေသွန်သကဲ့သို့ အချည်းနှီးပင်ဖြစ်နေမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ပြင်ဆင်သော အပြင်အပသည် မြင်တွေ့ရသူများအတွက် စိတ်ကိုဖမ်းစား၍ ကြည်နူးမှုကိုပေးသဖြင့် ဝမ်းသာပီတိ ဖြစ်စေသကဲ့သို့ ကျွန်ပ်တို့၏အတွင်းစိတ် ပြင်ဆင်မှုသည် ဆင်းကြွလာမည့် သူငယ်တော်လေးအတွက် ဝမ်းသာပီတိဖြစ်၍ မိမိနှလုံးသားထဲ တိုးဝင်စိတ်ရှိနေဖို့က ပိုမိုအရေးကြီးပေသည်။ ပြင်ဆင်ခြင်းအချိန်ခါတွင် အပြင်အပကိုသာ ပြင်ဆင်ပြီး အတွင်းစိတ်နှလုံးသားကို ပြင်ဆင်မှုမရှိပါက မယုံကြည်သူ အခြားဘာသာခြားများကဲ့သို့ ခရစ္စမတ်ပွဲတော်သည် ​ပျော်ရွှင်ဖွယ်ရာပွဲ၊ အလုပ်ပေးသောပွဲ၊ ပျော်ပွဲစားထွက်သောပွဲ၊ အပန်းဖြေခရီးထွက်ဖို့ ရုံးပိတ်ပေးသော အလုပ်သမားတွေအတွက် ပိတ်ပေးသောပွဲသာ ဖြစ်ပေမည်။ အာဒ်ဝင်တူးကာလသည် ()ပတ်သာရှိ၍ အလွန်တိုတောင်းသော်လည်း  နက်နဲပြီး  ဦးတည်ချက် ကြီးမားသည်။ အဆုံးမရှိသော၊ မပျက်စီးနိုင်သော စိတ်ဝိညာဉ်နှလုံးသားကို ကယ်တင်ရှင် မက်ဆီးယားသခင် သူငယ်တော်လေးအတွက် ပြင်ဆင်ရန်ဖြစ်သည်။ သူငယ်တော်လေး ဆင်းကြွလာဖို့ရန် ကျွန်ပ်တို့၏ နှလုံးသားခရီးလမ်းက အဘယ်ကဲ့သို့ အခြေအနေ ရှိနေပါ သနည်း။ သူငယ်တော်လေး ဆင်းကြွ ခိုဝင်ဖို့ရန် ထိုက်တန်သော နှလုံးသားပိုင်ရှင် တစ်ဦးဖြစ်နေပြီလား။ ဆရာသမားတစ်ဦးက ပြောခဲ့ဖူးတယ်။ စာဖတ်ပြီး မမှတ်မိရင် မဖတ်ရသေးတာနဲ့ အတူတူပဲတဲ့။ ကျွန်ပ်တို့ တစ်ဦးစီတိုင်းသည်လည်း  ခရစ္စမတ်ပွဲတော်ကို အသက်အရွယ်အလိုက် အကြိမ်ကြိမ် ကျင်းပပါဝင် ခဲ့ကြပေလိမ့်မည်။ ဘယ်နေ့ သူငယ်တော်လေး နှလုံးသားထဲဆင်းကြွလာခဲဲ့ပြီလဲ။ဆင်းကြွခြင်းမရှိပါလျှင် သင်ခရစ္စမတ်ပွဲ မကျင်းပရသေးသူပင်ဖြစ်သည်။ ထို့ကြောင့် အချိန်ရှိတိုင်း ပြင်ဆင်လိုက်ပါ။ သူငယ်တော်လေး ကျွန်ုပ်တို့ထံသို့ နှလုံးသားထဲသို့ အမှန်တကယ် ထိုက်ထိုက်တန်တန် ဆင်းကြွလာနိုင်ဖို့ ပြင်ဆင်ကြပါစို့။ အချိန်မီသာ ပြင်ဆင်ခွင့်မရှိခဲ့ရင် ဝေးပြီဝေးပြီ၊ တသက်လုံး ဝေးနိုင်သည်ဆိုသည့် သီချင်းစာသားကဲ့သို့ ကယ်တင်ရှင်နှင့် မဝေးဖို့ရန် ကောက်ကွေ့သော လမ်းများကို ဖြောင့်တန်းသော နှလုံးသားက နူးညံ့သိမ်မွေ့စေရန်  ပြင်ဆင်ပြီး သူငယ်တော်လေးအား ထိုက်တန်သော နှလုံးသားထဲသို့ ဖိတ်ခေါ်ကြပါစို့။

စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)

 

 

 

Daily Reflection