Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-08 07:38:35
#နိုဝင်ဘာလ (၉)ရက် / အင်္ဂါနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၂း ၁၃-၂၂)
#Sr. Christopher (SJA)
Posted by M Sulatthtwe

ဒီနေ့ အသင်းတော်ကြီးက ရောမမြို့တော်ရှိ စိန့်ဂျွန်ဘာစီလီကား ကျောင်းတော်ကြီးရဲ့ပွဲကို ကျင်းပ စေပါတယ်။ ဒီနေ့ရဲ့ ကျမ်းစာကနေ တို့တတွေအတွက် ထောက်ရှုစရာ သင်ခန်းစာ ယူနိုင်တာကတော့ ဘုရားရှင်ကို ဝတ်ပြုဖို့ ဆောက်လုပ် သတ်မှတ်ထားတဲ့ ဘုရားကျောင်းကန်များကို ရိုသေစွာ၊ သန့်ရှင်းစွာ ထိန်းသိမ်း ထားရမယ့် အကြောင်း ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ခရစ်တော် ကိုယ်တိုင် စံနမူနာ ပြခဲ့တယ်။ ဂျေရုဆလင်မြို့ ဗိမာန်တော်ထဲမှာ မရိုမသေနဲ့ ဂျူးလူမျိုးတွေဟာ ဈေးရုံဖြစ်အောင် သိုး၊ နွား၊ ဂျိုးငှက်များကို ရောင်း၊ ဝယ်နေတဲ့ ဈေးဆိုင်တွေ၊ ပွဲစားတွေရဲ့ စားပွဲခုံတွေကို ရှင်းထုတ်ပစ်ခဲ့တယ်။ “ငါ့အဖ  အိမ်တော်ကို ပွဲတဲမလုပ်ကြနဲ့” လို့ မိန့်တော် မူခဲ့ပါတယ်။ ဒီနေရာမှာ ခရစ်တော်ရဲ့ ဒေါသအမျက်ဟာ ခမည်းတော်ဘုရားကို ချစ်တဲ့စိတ်ကြောင့် သူ့အဖအိမ်တော်ကို မသန့်မရှင်း ဖြစ်စေပြီး မရိုမသေ လုပ်ကြတာ မြင်ရတဲ့အခါ မခံမရပ်နိုင်လို့ ထွက်ပေါ်လာတဲ့ မှန်ကန်သော အမျက်ဒေါသပဲ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဘုရားကျောင်းထဲမှာ ပွဲဈေးလို ရောင်းဝယ်နေတာ မရှိပေမယ့်၊ ဘုရားဝတ်ပြုရှိခိုး နေတဲ့အချိန်မှာ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေတာ၊ ရီမော စကားပြောဆို နေတာမျိုးတွေဟာလည်း ဘုရားရဲ့ ဗိမာန်တော်ကို မရိုသေ၊ မလေးစားရာ ရောက်ပါတယ်။ မသင့်လျော်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး ဘုရားကျောင်း လာတက်တာလည်း ဘုရားရှင်ကို မရိုသေရာ ရောက်ပါတယ်။ ဘုရားဝတ် ပြုနေချိန်မှာပဲ စားသောက်နေပြီး ကိုယ်တော်မြတ်ကို မရိုမသေ ပင့်ယူကြတယ်၊ ဒါဟာလည်း မလုပ်သင့်တဲ့အရာ ဖြစ်ပါတယ်။ အသင်းတော်က သွန်သင်ပေးတဲ့ ကိုယ်တော်မြတ် မပင့်ယူမီ တစ်နာရီ ဝါရှောင်ရတဲ့ ဓလေ့ထုံးစံ ပပျောက်လာတာ ဝမ်းနည်းဖွယ် တွေ့ရတယ်။

စဉ်းစားဆင်ခြင်ရန်-

ဘုရားရှိခိုး ဝတ်ပြုမှုလုပ်ဖို့ သတ်မှတ်ထားတဲ့ နေရာနဲ့ ဘုရားကျောင်းကန်များကို ရိုသေ သန့်ရှင်းစွာ ထားဖို့ ကျွန်ုပ်ဘယ်လောက် စိတ်ထက်သန်မှု ရှိပါသလဲ။

ခရစ်တော်က ဘုရားရှင်ရဲ့ ဗိမာန်တော်ကို သူ့ရဲ့ခန္ဓာတော်နဲ့ နှိုင်းယှဉ် ထားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကလည်း ဘုရားရှင်ရဲ့ ဗိမာန်ဖြစ်လို့ မိမိရဲ့ခန္ဓာကိုယ်၊ စိတ်ကို သန့်ရှင်းစွာ ထားဖို့၊ ရိုသေဖို့ ဘယ်လောက် ကြိုးစားပါသလဲ။

#Sr. Christopher (SJA)

 

Daily Reflection