ဒီနေ့ကျမ်းစာထဲမှာ ခရစ်တော်ရဲ့ တရားကတော့ မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ ရှာကြံသောသူ၊ အသက်ဆုံးရှုံးလိမ့်မည်။ မိမိအသက်ကို ဆုံးရှုံး၏ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည် လို့ဆိုတယ်။ ဆန့်ကျင်ဖက် အမှန်တရား ဝိရောဒိ သဘောပါပဲ။ ဓမ္မဟောင်းခေတ်က နောဧနဲ့ လောတ အချိန်မှာ လူတွေဟာ စားသောက်၊ ပျော်ပါးကြ၊ ထိမ်းမြားစုံဖက်ကြ၊ စိုက်ပျိုး ရောင်းဝယ် ဖောက်ကားလို့ ခန္ဓာအသက်ကိုပဲ အာရုံစိုက် ကျွေးမွေး ပြုစုပြီး၊ အပြစ်ဒုစရိုက်တွေနဲ့ ရောထွေး နစ်မွန်းရင်း ဘုရားမေ့၊ တရားမေ့ နေနေကြတဲ့အချိန်၊ နောဧအချိန်မှာ ရေလွှမ်းမိုးခြင်း၊ လောတအချိန်မှာ ကန့်မိုးရွာချခြင်းနဲ့ သုတ်သင် ပယ်ရှင်း ခံခဲ့ရတယ်။ အဲဒီအတိုင်း လူသား ပြန်ကြွလာတဲ့နေ့မှာ ဖြစ်လိမ့်မယ်လို့ ခရစ်တော်က သတိပေးတော်မူခြင်း ဖြစ်ပါတယ်။ သံပေါလူးက “ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသာက်၌ မတည်၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏” လို့ ဆုံးမထားပါတယ်။ အဲဒါအပြင် ခရစ်တော်က သူ့နောက်ကို လိုက်လိုတဲ့ တပည့်တော်များ၊ နောက်လိုက်များမှာ ရှိသင့် ရှိအပ်တဲ့ အရည်အချင်းကို သင်ပေးနေပါတယ်။ ဒါဟာ အမြဲတမ်း မေ့လျော့ ပေါ့ဆ မနေဘဲ သတိဝီရိယ ရှိဖို့နဲ့ လူသားဟာ ဘယ်အချိန် ကြွလာမယ်ဆိုတာ မသိတဲ့အတွက် နိုးနိုးကြားကြား စောင့်နေကြဖို့ပါပဲ။ ဒါကြောင့် နောဧနဲ့ လောတတို့ရဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူဖို့ သွန်သင်တော်မူပါတယ်။
စဉ်းစားဆင်ခြင်ရန်-
မိမိကိုယ်ခန္ဓာရဲ့ အရေးကိုသာ ဦးစားပေး လွန်းနေသလား။
ဘယ်အချိန်မှာ မိမိဆီ ကြွလာမယ့် ဘုရားရှင်ကို ကြိုဆိုဖို့ ဘယ်လောက် ပြင်ဆင်ထားသလဲ။
#Sr. Christopher (SJA)