Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-13 06:16:21
နိုဝင်ဘာလ (၁၄)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်မာကု (၁၃း ၂၄-၃၂)
Sr. Christopher (SJA)
Posted by M Sulatthtwe

ဒီနေ့ဟာ ၃၃ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ ဖြစ်ပါတယ်။ ဖတ်ရှုရမယ့် ကျမ်းစာကတော့ ဒုတိယအကြိမ် ခရစ်တော် ကြွလာတဲ့အချိန် ဖြစ်ပေါ်မယ့် နမိတ်လက္ခဏာတွေ အကြောင်းနဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကို အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပြီး ခရစ်တော်ကို စောင့်မျှော်ကြဖို့ သတိပေး နေပါတယ်။ တို့ယုံကြည် ကိုးကွယ်တဲ့ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ဟာ လူကိုချစ်ခြင်းမေတ္တာနဲ့ ဖန်ဆင်းခဲ့တာပါ။ ဒီလူတွေ သူဆီပြန်ရောက်ရှိဖို့ အလိုတော် ရှိတယ်၊ ဒါကြောင့် သားတော်အားဖြင့် လူတွေကို ကယ်တင်ခဲ့တယ်၊ သားတော်ရဲ့ ကယ်တင်ခြင်း ကုသိုလ်တော် အကျိုးဆက်ဟာ လူတိုင်းရဲ့ ကယ်တင်ခြင်းအတွက် ဖြစ်ပါတယ်။ ခရစ်တော် ကိုယ်တိုင်ကလည်း လောကကို ငါကြွလာတာ အပြစ်ရှိတဲ့ သူတွေအတွက်လို့ မိန့်တော်မူခဲ့တယ် မဟုတ်လား။ ဒါဟာ တို့တတွေအတွက် ခွန်အားနဲ့ မျှော်လင့်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် တို့တတွေဖက်ကလည်း မိမိကယ်တင်ခြင်း ရရှိဖို့ ကိုယ်တိုင် ကြိုးစားဖို့ကိုလည်း ဘုရားရှင် အလိုတော် ရှိတော်မူပါတယ်။ လူကို လွတ်လပ်တဲ့ ဆုံးဖြတ်ချက် အသိတရား ပေးထားပြီးဖြစ်လို့ လူကိုယ်တိုင်ရဲ့ လိုလားမှုကိုလည်း အလေးထားပါတယ်။ လူသားကိုယ်တိုင် ကယ်တင်ခြင်းအတွက် လိုချင်ဆန္ဒ ကြီးမားစွာနဲ့ လိုက်လျောဖို့၊ ပါဝင်ကြိုးစား အားထုတ်ဖို့ အလိုတော်ရှိတာ ဖြစ်ပါတယ်။ သံပေါလူးက (ဖိလပ္ပိ ၂း ၁၂)မှာ “သို့ဖြစ်၍ ငါချစ်သောသူတို့ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည် သာမက မျက်ကွယ်၌လည်း အစဉ် နားထောင် ကြသည်နှင့်အညီ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့် ကိုယ့်ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစား အားထုတ်ကြလော့”လို့ တိုက်တွန်း ထားပါတယ်။ ရဟန္တာ ဒုတိယမြောက် ယောဟန်ပေါလူးက “ကယ်တင်ခြင်းအတွက် အမြဲတမ်း ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားရန် လိုအပ်ကြောင်း” သူ့ရဲ့ (Dies Domini) စာချွန်တော်မှာ အားပေး လမ်းညွှန်ထားတယ်။ ရဟန္တာ John Henry Newman ကလည်း “ခရစ်တော်ကို ဆုံတွေ့ဖို့ အမြဲတမ်း ကိုယ့်ကိုယ်ကို အဆင်သင့် ပြင်ဆင်ပြီး စောင့်မျှော် နေကြတာဟာ အကောင်းဆုံးပါပဲ” လို့ ပြောခဲ့ပါတယ်။

စဉ်းစားဆင်ခြင်ရန်- မိမိကိုယ်ကို အဆင်သင့်ဖြစ်အောင် နေ့တိုင်း ပြင်ဆင်ပါရဲ့လား။

#Sr. Christopher (SJA)

 

Daily Reflection