ဒီနေ့မှာ အသင်းတော်ကြီးက ရောမမြို့ရှိတဲ့ စိန့်ပီတာနဲ့စိန့်ပေါတို့ရဲ့ ဘုရားကျောင်းတော်ကြီးပွဲနေ့ကို ကျင်းပနေပါတယ်။
ဒီနေ့ရဲ့ ကျမ်းချက်ထဲမှာ ဂျေရုဆလင်မြို့ကို ယဇ်ပရောဟိတ် ရှာလင်မင်းကြီး ‘မေလခိဇေဒက်’ လက်ထက်မှာ ဟေဗြူးစကားအားဖြင့် ‘Salom’ ငြိမ်သက်ခြင်းမြို့တော်လို့ တင်စားအသိအမှတ်ပြုထားကြောင်း ဖော်ပြထား ပါတယ်။
ဆာလံ ၁၂၂ မှာ "ဂျေရုဆလင်မြို့ငြိမ်ဝပ်မည့်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။ သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊သင်၏ ဘုံဗိမာန်တို့၌ ချမ်းသာခြင်း ရှိပါစေသော" လို့ ဂျေရုဆလင်မြို့က ဗိမာန်တော်မှာ ဘုရားရှင်ကို ရှိခိုးဝတ်ပြုကြတဲ့အခါ ရွတ်ဆိုဆုတောင်းပြီး ဂုဏ်ယူလေ့ရှိကြတယ်။
ဒါပေမယ့် တကယ့်ငြိမ်သက်ခြင်းရဲ့ အရှင်ခရစ်တော်ဟာ သူတို့အလယ်ကိုကြွလာတဲ့အခါမှာတော့ ဂျေရုဆလင်မြို့ သားများ အသိအမှတ်မပြု၊ လက်မခံခဲ့ကြပါဘူး။
Sr. Christopher (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း