Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-19 04:26:25

#နိုဝင်ဘာ (20)ရက်၊ ၂၀၂၁/ စနေနေ့။
ဧဝံဂေလိကျမ်း/(ရှင်လုကာ ၂၀း၂၇-၄၀)
Sr. Christopha (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း
Posted by Sr. Eugenie (SFX)

 

ဒီနေ့သမ္မာကျမ်းစာမှာ ရှင်လုကာအားဖြင့် ခရစ်တော်ပေးနေတဲ့ တရားကတော့သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း အကြောင်းဖြစ်ပါတယ်။

ခရစ်တော်ရဲ့ခေတ်အချိန်ကာလမှာ ဂျူးအယူဝါဒကို ယုံကြည်လက်ခံပေမယ့် ဇဒ္ဒူကဲအုပ်စုနဲ့ ဖာရီဇေဦးအုပ်စု ဆိုပြီး အားကြီးတဲ့အုပ်စုနှစ်စု ကွဲပြားနေကြတယ်။ ဇဒ္ဒူကဲအုပ်စုက ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တမန် တွေနဲ့ ဝိညာဥ်ဆိုတာတွေကို လုံးဝမယုံကြည်ဘူး။ ဖာရီဇေဦးတွေကတော့ ဒါတွေအားလုံး ရှိတယ်လို့ယုံကြည်ကြတယ်။

မယုံတဲ့အုပ်စုက ခရစ်တော်ကိုအကြပ်ရိုက်တဲ့ မေးခွန်းနဲ့စုံစမ်းခဲ့တဲ့အကြောင်း ဒီနေ့ဧဝံဂေလိကျမ်းမှာတွေ့ရပါ တယ်။ သူတို့ရဲ့မေးခွန်းက ညီအစ်ကို ()ယောက်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်တယ်၊ ဘယ်သူနဲ့မှ သားသမီးမရခဲ့ဘူး။ နောက်ဆုံးညီအစ်ကို ()ယောက်ရော၊ အမျိုးသမီးပါသေဆုံးသွားတယ်။ ဒါဆိုရင် ရှင်ပြန် ထမြောက်တဲ့အခါ ဒီအမျိုးသမီးဟာ ဘယ်သူ့ဇနီးလို့သတ်မှတ်မှာလဲ။

ခရစ်တော်ပြန်ရှင်းပြ ဖြေကြားပေးတာက ဒီလောကသားတွေပဲ ထိမ်းမြားပေးစားတာတွေရှိတယ်။ နောင်ဘဝ မှာ ထိမ်းမြားစုံဖက်တာမရှိဘူး။ သေခြင်းနဲ့အစဉ်ကင်းလွတ်ပြီး ကောင်းကင်တမန်တွေကဲ့သို့ဖြစ်ပြီး ဘုရား သခင်ရဲ့ သားသမီးများဖြစ်ကြတယ်။ ဒါ့အပြင် မောရှေက ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇက်၏ ဘုရား၊ ယာကုပ်၏ဘုရားဟုခေါ်ဝေါ်ကြောင်း ထို့ကြောင့် ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ် အသက်ရှင်သောသူတို့၏ဘုရားဖြစ်တော်မူ၏ လို့ ထွက်မြောက်ရာကျမ်း (၃:၆) ကို မှီငြမ်းပြီး ချေပခဲ့တယ်။

ဒါကြောင့် အသက်ရှင်သောသူတို့ရဲ့ အသက်ရှင်တော်မူသောဘုရားသခင်ကို ယုံကြည်ကိုးကွယ်နေကြတဲ့ တို့ တတွေလည်း လောကမှာ အသက်ရှင်နေထိုင်စဉ်ကတည်းက သခင်ခရစ်တော်ရဲ့ အဆုံးအမ၊ လမ်းညွှန်မှုတွေကို လိုက်လျှောက်ပြီး ရှင်ပြန်ထမြောက်တဲ့အသက်တာကို ရနိုင်မယ့် ခရစ်ယာန်အသက်တာမျိုးနဲ့ ကျင့်ကြံနေထိုင် သွားကြဖို့ဖြစ်ပါတယ်။

စဉ်းစားဆင်ခြင်ရန်-

တို့ယုံကြည်ကိုးကွယ်တဲ့ ဘုရားရဲ့တရားတော်ဟာ ရှင်ပြန်ထမြောက်ခြင်းအပေါ်မှာ အခြေခံထားတာကို အမှန်တကယ်ယုံကြည်ပါရဲ့လား။

 

Sr. Christopher (SJA)

စိန်ဂျိုးဇက်သီလရှင်အသင်း

Daily Reflection