Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-20 03:18:56

#နိုဝင်ဘာ (၂၁)ရက်၊ ၂၀၂၁/ တနင်္ဂနွေနေ့။
ဧဝံဂေလိကျမ်း/(ရှင်ယောဟန် ၁၈:၃၃-၃၇)
Sr. Christopha (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း
Posted by Sr. Eugenie (SFX)

 

#နိုဝင်ဘာ (၂၁) ရက်၊ ၂၀၂၁

ဒီနေ့နိုဝင်ဘာ ၂၁ ရက် (တနင်္ဂနွေနေ့)မှာ အသင်းတော်ကြီးက ဘုရင်တကာတို့ရဲ့ဘုရင်ဖြစ်တဲ့ ‘ယေဇူးဘုရင်’ ပွဲနေ့ကိုကျင်းပနေပါတယ်။

‌ယေဇူးဘုရင်ပွဲနေ့မှာ ဘုရင်နှစ်ပါးအကြောင်းကိုထောက်ရှုကြပါစို့။

လောကဘုရင်နဲ့ ကောင်းကင်မှကြွလာတဲ့ ယေဇူးဘုရင်တို့ရဲ့ မတူညီကွာခြားချက်များရှိပါတယ်။

ရှင်လုကာ (၂၂:၂၅) မှာ “လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏” လို့ကိုယ်တော်မိန့်တော်မူထားတာ ရှိတယ်။ လောကဘုရင်မင်းတွေဟာ အုပ်ချုပ်ခံတိုင်းသူပြည်သားတွေကို မေတ္တာနဲ့အုပ်ချုပ်မယ့်အစား အာဏာ နဲ့အုပ်ချုပ်တယ်၊ အတ္တဆန်တယ်၊ တိုင်းသူပြည်သားတွေကို ပါဝါအာဏာနဲ့လွှမ်းမိုးပြီးအုပ်ချုပ်ထားလို့ တိုင်းသူ ပြည်သားတွေရဲ့ တုန့်ပြန်မှုကလည်း ချစ်စိတ်မပါ၊ ရွံ့ရှာမုန်းတီးစိတ်နဲ့ပဲ တုန့်ပြန်ကြတယ်။ ကြောက်စိတ်နဲ့ လက်ခံရပေမယ့် အတွင်းစိတ်နှလုံးထဲမှာကတော့ မုန်းတီးနာကျည်းခြင်းသာရှိမယ်။

ဒါကတော့ လောကဘုရင်နဲ့ လောကသားတွေရဲ့ အပြန်အလှန်ဆက်ဆံမှုပါ။

ခရစ်တော်ဘုရင်ကတော့ ဒီလောကဆန်တဲ့ အတွေးအခေါ်၊ အကျင့်စရိုက်တွေကိုပြောင်းပြန်လှန်ပြစ်ခဲ့တယ်။

သူရဲ့တရားကတော့ ရန်သူကိုချစ်ရမယ်၊ အကောင်းပြုရမယ်၊ ဆုတောင်းပေးရမယ်တဲ့။ အကြီးဖြစ်တဲ့သူဟာ အားလုံးကိုအစေခံရမယ်တဲ့။ ရှင်ယောဟန် ၁၃:၅ မှာသူ့တပည့်တော်ကြီးတွေရဲ့ခြေကိုကိုယ်တိုင်ဆေးပေးတော် မူပြီး သင်တို့လည်း ဒီအတိုင်းတစ်ဦးရဲ့ခြေကို တစ်ဦးဆေးကြ၊ တစ်ဦးကိုတစ်ဦးအစေခံကြလို့ မှာကြားခဲ့တယ်။

ဒါဟာ လောကဘုရင်မင်းနဲ့ယေဇူးဘုရင်ရဲ့ မတူကွာခြားချက်ပါ။

အပြစ်သားအားလုံးကို ခမည်းတော်ဘုရားထံပြန်ရောက်ဖို့ သူရဲ့အသက်ကိုစတေးပြီး ကယ်တင်ပေးခဲ့တယ်။ ယေဇူးဘုရင်ရဲ့လမ်းစဉ်က မေတ္တာတရားလမ်းစဉ်၊ ကရုဏာသနားခြင်းနဲ့ခွင့်လွှတ်ခြင်း လမ်းစဉ်ပဲဖြစ်ပါတယ်။

ထိုကဲ့သို့သော ကယ်တင်ပိုင်ရှင် ယေဇူးဘုရင်ကိုယုံကြည် ကိုးကွယ်အစေခံခြင်းဖြင့် ထာဝရအသက်ကို ခံယူခွင့် ရသော သား၊ သမီးများဖြစ်ကြပါစို့။

စဉ်းစားဆင်ခြင်ရန်-

စကြဝဠာကြီးရဲ့အရှင် ယေဇူးဘုရင်ကို မိမိဘဝရဲ့ ဘုရင်အဖြစ်ထားရှိပါရဲ့လား။

 

Sr. Christopher (SJA)

စိန်ဂျိုးဇက်သီလရှင်အသင်း

Daily Reflection