Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-20 04:12:32
#နိုဝင်ဘာလ (၂၁) ရက်။
Presentation of Mary/ 
#မယ်တော် မာရီးယားအား အပ်နှံပူဇော်ခြင်းပွဲ

 

 

အသင်းတော် အစဉ်အဆက်သင်ကြားသော ရှေးထုံးသက်သေအရ ကညာစင်မာရီယားသည် အသက်သုံးနှစ်အရွယ် ရောက်သော် ဘုရားသခင်ထံပူဇော်အပ်နှံခြင်းခံရန်အတွက် ဂျေရုဇလိမ်ဗိမ္မာန်တော်ကြီးသို့ ခေါ်ဆောင်ခြင်းခံရသည်။ ထိုအချိန်မှစ၍ ဂျိုးဇက်နှင့်စေ့စပ်ကြောင်းလမ်းသည့်အချိန်တိုင်အောင် ဗိမ္မာန်တော်ကြီး၌ ဘုရားသခင်ကို အစေခံရင်းနှင့် ရဟန်းများကို သူတို့၏ပူဇော်ခြင်းများ၌ ကူညီရင်း ဤဗိမ္မာန်တော်ကြီး၌ကျန်ရစ်ခဲ့သည်။ ကညာစင်မာရီယားအား ပူဇော်ခြင်းပွဲကို (၁၄၃) ခုနှစ် မှ စကာ၊ ဂျေရုစလိမ်မြို့ရှိ စိန့်မေရီဘုရားကျောင်းကြီး ရေစက်ချပွဲကို ပြန်လည်သတိယသောအနေဖြင့် နှစ်စဉ်ကျင်းပလာရာမှ ကမ္ဘာတစ်ဝှမ်းလုံးသို့ပျံ့နှံ့လာခဲ့သည်။

အသက်ငယ်စဉ်တွင် ဗိမ္မာန်တော်၌မိမိကိုယ်ကို ဘုရားသ္ခင်အား ပူဇော်တော်မူသော မယ်တော်သခင်မကိုဝတ်ပြု၍ အတူတူ စိတ်ပါကိုယ်ရောက် တရားတော်အမှုများမှာ ကြိုးစားနိုင်ရန် ဆုတောင်းကြပါ။

သုံးနှစ်အရွယ်မှာ မာရိယားသည်၊ ဗိမ္မာန်တော်ထိမ်းသိမ်း ပြုစုခြင်းအမှုမှာကြိုးစားရန် ကတိထားမူ၏။ ထုံးစံအတိုင်း လက်ထပ်ရသောအရွယ်မှာ၊ ကျောင်းကထွက်နိုင်သော်လည်း မာရိယားသည် ကာမဂုဏ်ချုပ်တည်းခြင်း ကတိအားဖြင့် မိမိကိုယ်ကာယကို အကြွင်းမဲ့ပူဇော်လေ၏။

ဗိမ္မာန်တော်ကို ဝင်သည့်နေ့ရက်မှာ မိဘနှင့် လောကဥစ္စာပစ္စည်းများကိုစွန့်ပစ်ပြီး၊ ရဟန်းအကြီးအကဲဖြစ်သော ဇာခရီကိုနားထောင်ရန် ကတိထားသောကြောင့် မိမိအလိုကို ပူဇော်ပြီး၊ မိမိကိုယ်ကိုဖြစ်စေကိုယ်နှင့်စပ်ဆိုင်သမျှကိုဖြစ်စေ ဘုရားသခင်အား အကြွင်းမဲ့အပိုင်ပေးတော်မူ၏

သုံးနှစ်အရွယ်မှာ မာရီယားသည်၊ ဘုရားသ္ခင်အား အပိုင်ပေးသော ကိုယ်စိတ်နှစ်လုံးသုံးပါးကို ပြန်မသိမ်းဘဲ ဘုရား၏အမှုတော်ကို ဆောင်ရွက်အံ့သောငှါ၊ တစ်သတ်ပတ်လုံး အသုံးပြုတော်မူသောကြောင့်၊ မာရိယား၏ပူဇော်ခြင်းကို ဘုရားသ္ခင် အလွန်နှစ်သက်တော်မူ၍၊ အကျိုးကျေးဇူးတော်များကို ပြန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျေဇူးတော်နှင့်ပြည့်စုံတော်မူသော သခင်မဟု သိကြားမင်းသည် နှုတ်ဆက်လေ၏။

အသက်ငယ်စဉ်တွင် ဆေးကြောခြင်းကိုခံ၍ ဘုရား၏အမှုတော်ကို တစ်သက်လုံးဆောင်ရွက်ရအောင် ခေါင်းကိုင်မိဘတို့သည် ကျွန်ုပ်တို့၏အမည်နှင့် ကတိထားကြသည်။ ကိုယ်တော်မြတ် စက္ကရမင်တူးကို ပင့်ယူသည့်နေ့ရက်မှာ၊ ဆေးကြောခြင်းနှင့် စပ်ဆိုင်သောကတိများကိုနားလည်၍ ကိုယ်တိုင်ပြန်ထားရသေးသည်။ မယ်တော်သခင်မကဲ့သို့ အသက်ငယ်စဉ်တွင်၊ နတ်ဆိုးကိုပစ်ပယ်သော်လည်း ဤကတိကိုအဘယ်သို့ ပြည့်စုံသနည်း။ သီလရှင်တို့သည် ကတိသစ္စာသုံးပါးကိုပြု၍ မယ်တော်သ္ခင်မကဲ့သို့ ကိုယ်စိတ်နှလုံးတို့ကို အပိုင်ပေးသော်လည်း၊ ဘုရား၏အလိုတော်အတိုင်း အာရုံငါးပါးကိုချုပ်တည်း၍၊ နှလုံးကိုကွပ်နှိပ်သလော။ ဤကတိသစ္စာသုံးပါးကို နေ့တိုင်းပြည့်စုံရန် စိတ်ပြဌာန်းထားကြလော့။ ဘုရားသ္ခင်ရှေ့ထားသောကတိများကို မယ်တော်သ္ခင်မ ကဲ့သို့အမြဲပြည့်စုံကြသလော။ မကြာခဏကတိဖျက်သောကြောင့် စိတ်တည်မြဲခြင်းရှိရအောင် မယ်တော်သခင်မကို ဆုတောင်းကြပါ။

# သီလရှင်များ၏နေ့စဉ်ကမ္မဌာန်းချက်

Daily Reflection