#နိုဝင်ဘာ (၂၃)ရက်၊ ၂၀၂၁/ အင်္ဂါနေ့။
ဧဝံဂေလိကျမ်း/ (ရှင်လုကာ ၂၁:၅-၁၁)
Sr. Christopha (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း
Posted by Sr. Eugenie (SFX)
ဒီနေ့ပေးထားတဲ့ကျမ်းစာကို ခြုံငုံကြည့်လိုက်ရင်တော့ လက်ရှိအချိန်ကို အကောင်းဆုံးနေထိုင်သွားကြဖို့ ခရစ်တော်ရဲ့ သတိပေးနှိုးဆော်နေတဲ့ တရားဖြစ်ပါတယ်။
ခရစ်တော်ဟာ သူ့ရဲ့ကယ်တင်ခြင်းလုပ်ငန်းတော် ပြီးဆုံးခါနီးမှာပေးတဲ့တရားက သေပြီးတဲ့နောက် ရင်ဆိုင် ကြုံတွေ့ရမယ့် နောင်တမလွန် ဘဝအကြောင်းပဲဖြစ်တယ်။
ကမ္ဘာကုန်ခါနီးဖြစ်ပေါ်လာမယ့် လက္ခဏာများထက် လက်ရှိအချိန်မှာ ပြင်ဆင်ပြီးနေကြဖို့ကို ပိုပြီးအလေးထား တရားပေးခဲ့ပါတယ်။ ကမ္ဘာကုန်မယ့်အချိန်ဟာ အခုရောက်ပြီ၊ ခရစ်တော်ကဒီမှာရှိတယ်၊ ဟိုမှာရှိတယ်လို့ ဟောပြောနေတဲ့ မဟုတ်မမှန်တဲ့ ခရစ်တော်အယောင်ဆောင်တွေ၊ ပရောဖက်အတုတွေကို သတိထားဖို့၊ မယုံကြည်ကြဖို့၊ သူတို့ရဲ့ ဟောပြောမှုနောက်ကို ပါမသွားဖို့ကိုလည်း သတိပေးထားပါတယ်။
တွေ့ကြုံရမယ့် နှောင့်ယှက်ခြင်းနဲ့နှိပ်စက်ညှဉ်းပမ်းခြင်းတွေကို အောင်မြင်စွာခုခံနိုင်ရန်အတွက် အခုပစ္စုပ္ပန် အချိန်မှာ မိမိတို့ရရှိထားတဲ့ယုံကြည်ခြင်းကို မပျောက်ဆုံးရန် ဆုပ်ကိုင်ပြီး၊ ယုံကြည်ခြင်းကျေးဇူးတော်အတိုင်း ကိုယ့်ကိုယ်ကို အကောင်းဆုံးပြင်ဆင်သွားကြဖို့ဖြစ်တယ်။
Sr. Christopher (SJA)
စိန်ဂျိုးဇက်သီလရှင်အသင်း