Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-25 07:03:08
နိုဝင်ဘာလ (၂၆)ရက် / သောကြာနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ (၂၁း ၂၉-၃၃)
Sr. Christopher (SJA)
Posted by M Sulatthtwe

ဒီနေ့ကျမ်းချက်ကပေးတဲ့ သတင်းစကားကတော့ “ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ၏စကား တည်လိမ့်မည်” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ စကားဟာ မပြောင်းလဲဘူး။ အစဉ်ထာဝရ တည်မယ်ဆိုတဲ့ အချက်ကို တို့တတွေ အမြဲနှလုံးသွင်းပြီး အသက်ပေး နှုတ်တော်ထွက် စကားကို နေ့စဉ်ဖတ်ရှု ဆင်ခြင်သွားကြရမှာ ဖြစ်ပါတယ်။ ဆာလံ (၁၁၉း ၁၀၅)မှာ “နှုတ်တော်ထွက် စကားသည် ကျွန်ုပ်၏ ခြေရှေ့တွင် မီးခွက်ဖြစ်၍၊ အကျွန်ုပ် လမ်းခရီးကို လင်းစေပါ၏” လို့ ဆိုထားပါတယ်။ ကိုယ်တော်ရဲ့ နှုတ်တော်ထွက် စကားဟာ တို့တတွေကို ဦးဆောင် လမ်းညွှန်ပြီး အသက်ရှင်စေတော်မူတဲ့ ဘုရားသခင်ဆီ ခေါ်ဆောင် သွားပါတယ်။ ယေရမိ (၁း ၁၁-၁၂) “ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ငါက အကျွန်ုပ်သည် ဗာတံပင်ကို မြင်ပါ၏ဟု လျှောက်သော်၊ ထာဝရဘုရားက သင်သည် မှန်ကန်စွာ မြင်ပြီ၊ အကြောင်းမူကား ငါ့စကားကို ပြည့်စုံစေခြင်းငှာ ငါစောင့်နေမည်ဟု မိန့်တော်မူ၏။” ဒီကျမ်းချက်အားဖြင့်လည်း ကိုယ်တော်ရှင်ရဲ့ စကားတော်ဟာ ပြောင်းလဲသွားခြင်း မရှိဘဲ အစဉ်တည်နေမယ်လို့ ဆိုပါတယ်။ “ငါ၏စကားသည် ပြည့်စုံခြင်းသို့ ရောက်သည်အထိ တည်လိမ့်မည်” ဆိုတဲ့ ခရစ်တော်ရဲ့ စကားတော်ဟာ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မြဲ စေပါတယ်။ခရစ်တော်ရဲ့ စကားဟာ တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချ ရပါတယ်။

စဉ်းစားဆင်ခြင်ရန်-

နေ့စဉ် နှုတ်ကပတ် ကျမ်းစာတော်ကို ဖတ်ပြီး ထောက်ရှုပါရဲ့လား။

ခရစ်တော် ကိုယ်တော်တိုင် ထားတော်မူတဲ့ ကတိတော်ကို ယုံကြည်စိတ်ချမှု ရှိပါရဲ့လား။

#Sr. Christopher (SJA)

 

Daily Reflection