Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-07 06:40:03

အမိမယ်တော်သည် အပြစ်မဲ့သန္ဓေယူခဲ့ခြင်းဟု ဆိုရာ၌ မယ်တော်သခင်မသည် ဘုရားသခင်က တစ်ထူးတစ်ခြားပေးသော ကျေးဇူးတော်နှင့် အခွင့်အရေးအားဖြင့် ရှင်အာနား ၏ဝမ်းထဲတွင် သန္ဓေတည်သော အခါမှစ၍ အပြစ်ရင်းနှင့် ကင်းလွတ်ကြောင်း အသင်းတော်သည် ယုံကြည်ခဲ့ပြီး ယုံကြည်ရာအချက်အဖြစ် သတ်မှတ်ခဲ့သည်။ အမိမယ်တော်၏  ဘဝသက်တာသည် ဘုရားသခင်၌ လုံးလုံးလျားလျားတည်ရှိပြီး ရင်းရင်းနှီးနှီး အသက်ရှင် နေထိုင်ခဲ့ပါသည်။ အမိမယ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင် နေထိုင်ခဲ့သည်ဟူ၍ မရှိခဲ့ပေ။ ကိုယ်တော်၏  အလိုတော်အတိုင်း ကျွန်မ၌ ဖြစ်ပါစေဟူသော ပြည့်ပြည့် ဝဝနာခံသော ပေးဆပ်မျိုးဖြင့်သာ အသက်ဆုံးတိုင် အသက်ရှင်ခဲ့သည်။ မူရင်းကောင်းမှ မိတ္တူကောင်းတယ် ဆိုသည့်အတိုင်း  ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏ရွှေပုံသဏ္ဍန်တော်အတိုင်း ဖန်ဆင်းခဲ့ခြင်းအကြောင်း (ကမ္ဘာဦးကျမ်း  ၁း၂၆) တွင်ဖော်ပြထား ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် ဘုရားသခင်၏ မိတ္တူလေးတွေ ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းပြီးသောအခါ၌ အလွန်ကောင်းကြောင်းဘုရားရှင်ကိုယ်တော်တိုင် ကောက်ချက်ချခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဘုရားပေးသနားတော်မူသော ကျေးဇူးတော်များနှင့် ရောင့်ရဲမှုမရှိပဲ ဘုရားနှင့်တူချင်သော လူသားလောဘကြောင့် အပြစ်ထဲသို့ ကျရောက်ပြီး ဘုရား၏ရွှေပုံသဏ္ဍန်တော် စွန်းထင်စေခဲ့ပါသည်။ လူသားများ၏ အပြစ်များကို ကယ်တင်ဖို့ရန် ဘုရားသခင်သည် သားတော်ဘုရားကို လူ့လောကထဲသို့ စေလွတ်ဖို့ရန် ခမည်းတော်ဘုရားသည်လည်း သားတော်လေး မွေးဖွားသန့်စင်ဖို့ရန် ထိုက်တန်သော မိန်းမတစ်ဦးကို လိုက်ရှာလေတော့သည်။ နှစ်ပေါင်းထောင်ချီပြီး လိုက်ရှာရင်း နောက်ဆုံးမှာ ဘုရားရှင်၏အလိုတော်ကို လိုက်နာဆောင်ရွက်မည့် ဂါလီလေးယနယ် မိန်းမပျိုတစ်ဦးကို တွေ့ခဲ့ရပါသည်။ ထိုမိန်းမပျို၏ အမည်ကား  မာရီးယား ဖြစ်သည်။မာရီးယားသည် ဘုရားသခင်၏ပြီးပြည့်စုံသောမိတ္တူလေးဖြစ်သည်။ ထိုသို့ ကျးဇူးတော်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သိကြားမင်းဂါဗြီအဲလ်က ကင်ပွန်းတပ်ပေးသည့်အတိုင်း  မိန်းမတကာတို့တွင် အမြင့်ဆုံးသောသူဟု ခေါ်ဝေါ်ခြင်း ခံရလေသည်။ အပြစ်ရင်းနှင့်ကင်းသော သခင်မ၊ ပါရမီအပေါင်းတို့နှင့် ပြည့်စုံသောမိန်းမ၊ ဘုရားသခင်၏ မိတ္တူအစစ်ဖြစ်ကြောင်း တွေ့ရပါသည်။ ကျွန်ုပ်တို့သည်လည်း  အမိမယ်တော်၏ ပါရမီများကို လိုက်နာကျင့်ကြံ အတုယူခြင်းအားဖြင့် ကောင်းသောပုံသက်သေများ ပြသနိုင်အောင် လိုအပ်သော ကျေးဇူးများကို အမိမယ်တော်ထံမှ ဆက်လက် တောင်းလျှောက်ကြပါစို့။

 

 စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)

Daily Reflection