မက်ဆီးယားရှင် ကြွလာမယ့်လမ်းကို ပြင်ဆင်နေတဲ့ ဘတ္တိဇံရဲ့ သတိပေးလမ်းညွှန်ချက်တွေက ပိုပြီးပြင်းထန်လာပါတယ်။ “ကြမ်းတယ်ဟေ့” လို့တောင် ခေတ်စကားနဲ့တောင် ပြောလို့ရပါတယ်။ ကိုယ်တော်၏ လက်တော်တွင် ဆန်ကောပါလျှက် မိမိ၏တလင်းကို ရှင်းလင်းစေတော်မူပြီး ဂျုံစပါးကို ကျီ၌ စုသိမ်းတော်မူလိမ့်မည်။ အဖျင်းကိုမူကား သူသည် မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်ဟု ဟောပြောလေ၏။ ဆန်ကောရဲ့ သဘောက အကောင်း အဆိုးကို ရွေးထုတ် ပြာချပေးတယ်။ ဆန်ပြာတဲ့အခါ အကောင်း အရည်အသွေး ပြည့်ဝတဲ့ ဆန်လုံးတွေက ဆန်ကောရဲ့ အပေါ်ပိုင်းမှာ လေးပင်စွာ တင်ကျန်ပြီး မကောင်းတဲ့ အဖျင်းကတော့ လွတ်လပ်ပေါ့ပါးစွာ အပြင်ဘက်ကို စွန့်ပစ်ခြင်း ခံရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လည်း လောကမှာ အသက်ရှင်တဲ့အခါ စွန့်ပစ်ခံရတဲ့ အဖျင်းမဖြစ်ဖို့ အရေးကြီးပါတယ်။ စွန့်ပစ်ခံရတဲ့ အဖျင်းမဖြစ်အောင် ကျွန်ုပ်တို့ လောကမှာ အသက်ရှင်နေတဲ့ အချိန်မှာ ဘုရားရဲ့ အလိုတော်ကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဘုရားရဲ့ အလိုတော်က ဘာလဲဆိုရင် (၁) ပညတ်တော်ဆယ်ပါး (၂) ကျင့်ဝတ်(၆)ပါး (၃) ဆိုင်ရာတာဝန်ဝတ္တရားတွေပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ မနက် အိပ်ရာထချိန်မှ ကိုယ်ရှင်ကို စစ်ဆေးခြင်း အချိန်အထိ စိတ်၊ နှုတ်၊ အကျင့်၊ ဝတ္တရား ပျက်ကွက်မှုများ၊ ပေါ့လျော့မှုများကို ပြန်လည် စစ်ဆေး သုံးသပ်ပြီး နောင်တယူကာ ပြုပြင်မယ်ဆိုရင် ဘုရားသခင် အလိုရှိတဲ့ လမ်းကြောင်းကို ရောက်အောင် သွားနိုင်မှာပါ။ မက်ဆီးယားရှင် ကြွလာမည့် လမ်းအထိ သွားကြပါစို့။
“ထာဝရဘုရားသခင်သည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။” (ဆာလံကျမ်း ၂၇)
#Sr. Maria Teresa Than Maung (MSJP II)