Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-12 06:41:34
#ဒီဇင်ဘာလ (၁၃)ရက် / တနင်္လာနေ့ ၂၀၂၁
#သံတာလူစီယားပွဲနေ့
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၂၁း ၂၃-၂၇)
#Sr. Maria Teresa Than Maung (MSJP II)
Posted by M Sulatthtwe

ဤယနေ့ ဧဝံဂေလိကျမ်းတွင် ပါရှိသော အကြောင်းအရာတစ်ခုမှာ ကျမ်းတတ်ဆရာများနှင့် ဖာရီဇေဦးတို့သည် သခင်ယေဇူးထံလာ၍ ဗိမာန်တော်၌ ယေဇူးပြုတော်မူသော အမှုနှင့်ပတ်သက်၍ အဘယ်အမိန့်နှင့် ပြုလုပ်ကြောင်း မေးမြန်းခန်း ထုတ်သည့် အကြောင်းပင် ဖြစ်သည်။ ဤသို့ မေးမြန်းခြင်းကို ကြည့်ခြင်းဖြင့် ကျမ်းတတ်ဆရာနှင့် ဖာရီဇေဦးတို့၏ “မနာလိုစိတ်၊ မာနထောင်လွှားစိတ်” များကို အထင်အရှား တွေ့မြင်နိုင်သည်။ လောကလူသားများသည် အားနည်းချို့တဲ့သော သူများဖြစ်၍ မကောင်းသည့် စိတ်နေစိတ်ထား၊ အတွေးအခေါ်များ လွှမ်းတတ်သည်မှာ သဘာဝပင် ဖြစ်သည်။ မနာလိုစိတ်သည် မကောင်းသော အရာများ ဖြစ်သော်လည်း နည်းလမ်းမှန်စွာ အသုံးချလျှင် အကျိုးရှိနိုင်ပါသည်။ ဥပမာ- ကျောင်းသူ၊ ကျောင်းသားများ ဆိုကြပါစို့။ တစ်စုံတစ်ယောက်၏ တော်ခြင်း၊ တတ်ခြင်းကို မနာလို ဖြစ်တာထက် ဟိုလူ့ထက် သာအောင်၊ ဒီလူ့ထက် သာအောင် ကြိုးစားမည်ဟု စိတ်များ မွေးပါက အားလုံး တော်ကြ၊ တတ်ကြမည်ဟာ ဖြစ်သည်။ ဤယနေ့ ကျမ်းချက်တွင် သခင်ခရစ်တော်၏ ဟောပြော သွန်သင်ချက်များကြောင့် လူအများသည် သခင်ခရစ်တော်နောက်သို့ ပါသွားမည်ကို ကျမ်းတတ်ဆရာနှင့် ဖာရီဇေဦးတို့သည် စိုးရိမ်ကြီး၍ “မနာလိုစိတ်”များ ဝင်လာခြင်း ဖြစ်သည်။ သူတို့၏ မနာလိုစိတ်နှင့် မေးမြန်းလိုက်သော အရာသည် သခင်ခရစ်တော်၏ ဂုဏ်တော်ကို မညှိုးနွမ်းစေသည့်အပြင် ပို၍ပင် ကိုယ်တော်ရှင်အား ဘုန်းကြီးစေခြင်းပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား၏ စီမံကိန်းတော်ကို အဘယ်သို့သော လူသားမှ နားမလည်နိုင်ခြင်းကြောင့်ဖြစ်သည်။ အမိကက်သလစ် သာသနာတော်ကြီး၏ သွန်သင်ချက်အရ ဆေးကြောခြင်း စက္ကရမင်တူး ခံယူပြီးသူတိုင်းသည် ဘုရားသခင်၏ အမှုတော်ကို နည်းအမျိုးမျိုးဖြင့် ထမ်းဆောင်ရန် တာဝန်ရှိသည်။ ဤအာဒ်ဝင်တူးကာလတွင် ကျွန်ုပ်တို့၏ မာနထောင်လွှားခြင်းများကို ဖယ်ရှား၍ နှိမ့်ချသော စိတ်နှလုံးသားကို မွေးမြူနိုင်ရန် ကြိုးစားရမည်။ နှိမ့်ချခြင်းဖြင့်သာလျှင် သခင်ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်မှ ကမ္ဘာလောကသို့ ဆင်းကြွလာခြင်းဖြစ်၍ သခင်ခရစ်တော်အား စံနမူနာထား ကြိုးစားကြပါစို့။

“အကျွန်ုပ်သည် စိတ်နှစ်ခွ ရှိသောလူတို့ကို မုန်းတီးပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တရားကို နှစ်သက်မြတ်နိုးပါ၏။” (ဆာလံကျမ်း ၁၁၉)  

#Sr. Maria Teresa Than Maung (MSJP II)

 

Daily Reflection