Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-13 07:26:26
ဒီဇင်ဘာလ (၁၄)ရက် / အင်္ဂါနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၂၁း ၂၈-၃၂)
Sr. Maria Teresa Than Maung (MSJP II)
Posted by M Sulatthtwe

ဒီကနေ့ ဧဝံဂေလိကျမ်းက သားနှစ်ယောက်ရဲ့ ပုံဥပမာကို ဖော်ပြထားပါတယ်။ ပထမသားက ခိုင်းတာကို မလုပ်ဘူး ပြောပြီးမှ နောင်တရပြီး ပြန်လုပ်ပါတယ်။ ဒုတိယသားက ဟုတ်ကဲ့ပြောပြီး ဖခင်ခိုင်းတာ သွားမလုပ်ပါဘူး။ ဘုရားရဲ့အလိုနဲ့ ကိုယ့်ရဲ့အလိုဆိုပြီး အလိုတော်(၂)မျိုး ရှိပါတယ်။ အာဒံနဲ့ ဧဝဟာ ကိုယ့်ရဲ့ အလိုကို ဦးစားပေးခဲ့လို့ အပြစ်ထဲ ရောက်ရတယ်။ ခမည်းတော်ဘုရားရဲ့ အလိုကို သားတော်က နာခံပြီး အသက်စွန့်ခဲ့လို့ လူတွေ ကယ်တင်ခြင်း ရကြတယ်။ ယခုကျမ်းစာတော်မြတ်မှာ သားကြီးက ဖခင်ရဲ့ အလိုကို နှုတ်အားဖြင့် ငြင်းခဲ့ပေမဲ့ စိတ်နှလုံးထဲကနေ နာခံပြီး လုပ်ဆောင်ခဲ့တယ်။ ဒုတိယသားကတော့ ဖခင်ရဲ့ စကားကို အပေါ်ယံသာ နာခံပြီး စိတ်နှလုံးက ဆန့်ကျင်ခဲ့တယ်။ လောကမှာ အသက်ရှင်နေတဲ့ သူတွေမှာလည်း ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ်တတ်တဲ့ သူတွေဟာ ဖခင်ကို နာခံပြီး ငြင်းပယ်တဲ့ သားနဲ့တူနေပါတယ်။ စိတ်နှလုံးနဲ့ ဆင်ခြင်နာခံသူက ရှေ့မှာခက်ထန်ပေမဲ့ စိတ်နှလုံး၌ ဆင်ခြင်ပြီး အလိုတော်ကို နာခံခဲ့တယ်။ သားကြီးဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်ပြီး သားငယ်ကတော့ ကိုယ့်အလိုကို ဦးစားပေးပါတယ်။ကျွန်ုပ်တို့ရဲ့ နေ့စဉ်အသက်တာမှာလည်း ဝိညာဉ်တော်ဘုရားရဲ့ လမ်းညွှန်မှုကို နာခံပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဝိညာဉ်တော်ဘုရားဟာ ကောင်းတာလုပ်ဖို့ နှိုးဆော်ပေးတယ်။ ကျွန်ုပ်တို့ လောကမှာ အသက်ရှင်တာ ကိုယ့်အလိုကို ဆောင်ရွက်ဖို့ မဟုတ်ဘူး။ ဘုရားရဲ့ အလိုတော်ကို ဆောင်ရွက်ဖို့ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့လည်း ကိုယ့်အလိုကို ငြင်းပယ်ပြီး ဝိညာဉ်တော်ဘုရားရဲ့ လမ်းညွှန်မှုနဲ့ ခရီးဆက်ကြဖို့ တိုက်တွန်းပါတယ်။

“ကျမ်းစာတော်မြတ်တွင် အကျွန်ုပ်ကို ရည်ညွန်းရေးသား ထားသည့်အတိုင်း အကျွန်ုပ် အသင့်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် နှစ်သက်ပါ၏။” (ဆာလံကျမ်း ၄၀း ၇ - ၈)

#Sr. Maria Teresa Than Maung (MSJP II)

 

Daily Reflection