Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-26 07:27:21
ဒီဇင်ဘာလ (၂၇)ရက် / တနင်္လာနေ့ ၂၀၂၁
ကျမ်းရေးပုဂ္ဂိုလ် ရှင်ယောဟန်ပွဲနေ့
ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၂၀း ၂-၈)
Sr. Maria Teresa Than Maung (MSJP II)
Posted by M Sulatthtwe

ဒီနေ့ဟာ တပည့်တော်ကြီး တစ်ဆယ့်နှစ်ပါးမှာ အပါအဝင်ဖြစ်တဲ့ သံယောဟန်ရဲ့ပွဲနေ့ ဖြစ်ပါတယ်။ ဧဝံဂေလိ ကျမ်းရေးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာသခင်ချစ်တဲ့ တပည့်တော်လို သူ့ကိုယ်သူ ဖွင့်ဆိုထားပါတယ်။ သူငယ်တော် ယေဇူးလေးမွေးနေ့ ဒီဇင်ဘာ (၂၅)ရက် အပြီးမှာ အမိအသင်းတော်ကြီးရဲ့ ဝတ်ပြုကိုးကွယ်ခြင်း ပြက္ခဒိန်မှာ သခင်ယေဇူးနဲ့ အနီးကပ်ဆုံး နေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပွဲနေ့တွေကို ကျင်းပစေပါတယ်။ ဒီဇင်ဘာ (၂၆)ရက်နေ့မှာ အသင်းတော်သမိုင်းမှာ ပထမဦးဆုံး တရားတော်အတွက် အသေခံသွားတဲ့ သံစတီးဗင်းပွဲ ရှိပါတယ်။ ဒီဇင်ဘာ (၂၈)ရက်မှာတော့ ဟေရုမင်းရဲ့ မနာလိုမှုကြောင့် သူငယ်တော် ယေဇူးလေးအတွက် အသတ်ခံခဲ့ရတဲ့ နှစ်နှစ်အောက် အပြစ်မဲ့သော ကလေးသူငယ်များပွဲ ရှိပါတယ်။ ဒီနေ့မှာ ဖတ်ကြား ထောက်ရှုဖို့ ပေးထားတဲ့ ကျမ်းပိုဒ်က သခင်ယေဇူး ရှင်ပြန်ထမြောက်ခြင်း အကြောင်း ဖြစ်ပါတယ်။ မာရီးယား မာဒလေနားက စီမုန်ပေတရူးနဲ့ ယေဇူး ချစ်တော်မူသော တပည့်တော်ထံသွားပြီး သင်္ချိုင်းဂူမှာ သခင်ယေဇူး မရှိတော့ကြောင်း လာပြောတယ်။ တပည့်တော် နှစ်ပါးစလုံး သင်္ချိုင်းရှိတဲ့နေရာကို အပြေးသွားကြတယ်။ ဆရာသခင်အတွက် စိုးရိမ်တဲ့စိတ်၊ ချစ်တဲ့စိတ်ကြောင့် နှစ်ဦးစလုံးရဲ့ ရင်ထဲမှာ မီးတောက် နေပါပြီ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” လို့ ရှင်ယောဟန်က ရေးထားပါသည်။ သူ့ရဲ့ ဧဝံဂေလိ အစကနေ အဆုံးထိ ဆရာသခင်ရဲ့ လူတွေအပေါ် ထားတဲ့ချစ်ခြင်းမေတ္တာနဲ့သာ လွှမ်းခြုံ ရေးသားထားပါတယ်။ မေတ္တာစစ်ဟာ အလွန်ဆန်းကျယ် လွန်းပါတယ်။ မှန်းဆလို့ မလွယ်တဲ့ ပေးဆပ် အနစ်နာခံမှုတွေနဲ့ ကြွယ်ဝနေပါတယ်။ အတ္တရဲ့ ကျဉ်းမြောင်းတဲ့ ဘောင်ကိုဖြတ်ပြီး အကန့်အသတ်မရှိ စွန့်လှူတဲ့ ယဇ်ကောင်ဘဝကို ခံယူတဲ့ ခရစ်တော်ဟာ ယနေ့ရှင်ပြန် ထမြောက်ခဲ့ပါပြီ။ ခရစ်တော်ရဲ့ မေတ္တာဟာ အံ့ဖွယ်ရာပါပဲ။ အပြစ်သားအတွက် ကားတိုင်ထမ်းပြီး သေလမ်း ရွေးခဲ့တယ်။ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းကြောင့်သာ တပည့်တော်တွေ အားလုံးရဲ့ ယုံကြည်ခြင်းကို ပိုပြီး ခိုင်မာ စေခဲ့တာပါ။ သေမင်းကို အောင်မြင်သော ဘုရား၌ ယုံကြည်ပြီး ခရစ်တော်ရဲ့ သတင်းကောင်းကို ဟောပြောဝေငှတဲ့ နောက်လိုက်ကောင်းများ ဖြစ်အောင် ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း ကျင့်ကြံရင်း ခရစ်တော် ပြင်ဆင်ထားတဲ့ ကောင်းကင်ခရီးကို လျှောက်လှမ်းကြပါစို့။

“အိုဘုရားသခင် အကျွန်ုပ်၏နှလုံးသည် တည်ကြည်ခိုင်မြဲပါ၏။ အကျွန်ုပ်သည် လူမျိုးအပေါင်းတို့ အလယ်တွင် ကိုယ်တော့်ကို ကျေးဇူးတင် ချီးမွမ်းပါမည်။” (ဆာလံကျမ်း ၁၁၈)

#Sr. Maria Teresa Than Maung (MSJP II)

 

Daily Reflection