Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-12-27 07:10:04
ဒီဇင်ဘာလ (၂၈)ရက် / အင်္ဂါနေ့ ၂၀၂၁
အပြစ်ကင်းသော ကလေးသူငယ်များပွဲနေ့
ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၂း ၁၃-၁၈)
Sr. Maria Teresa Than Maung (MSJP II)
Posted by M Sulatthtwe

ဒီကနေ့ဟာ အပြစ်မဲ့ကလေးများ ဖွားမြင်ပြီး အသတ်ခံခဲ့ရတဲ့ပွဲနေ့ ဖြစ်ပါတယ်။ နှုတ်ကပါတ်တော်ဟာ လူ့အဖြစ်ကို ယူတဲ့အကြောင်းအရင်းနဲ့ ဆက်စပ်နေပါတယ်။ သခင်ခရစ်တော် လူ့အဖြစ်ကို ယူတာဟာ ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ဖို့၊ ဒုက္ခခံ၊ အသေခံပြီး ရှင်ပြန်ထမြောက်ခဲ့တယ်။ ခရစ်တော်ရဲ့ အသေခံခြင်းနဲ့ အပြစ်မဲ့ကလေးများရဲ့ အသေခံခြင်းဟာ တူညီတဲ့ ထာဝရအသက် ဖြစ်ပါတယ်။ သန့်ရှင်းတဲ့၊ အပြစ်ကင်းတဲ့ ကလေးတွေဟာ ခရစ်တော်အတွက် အသက်ပေးခဲ့တယ်။ သံဇူဇယ်ရဲ့ နားထောင်ခြင်း၊ နှိမ့်ချခြင်းကြောင့် ကျွန်ုပ်တို့ ကယ်တင်ရှင် သူငယ်တော်လေးဟာ သေဘေးမှ လွတ်မြောက်ခဲ့တယ်။ သံဇူဇယ်ဟာ သူငယ်တော်နဲ့ မယ်တော်ကို ခေါ်ပြီး အီဂျစ်ပြည်ကို တိမ်းရှောင် ထွက်ပြေးခဲ့ရတယ်။ ဒီလမ်းတစ်လျှောက်မှာ မယ်တော်ရဲ့ နှလုံးတော်ဟာလည်း သံလျက်နဲ့ ထိုးဖောက်ခြင်း ခံရသလို ခံစားရရှာပါတယ်။ မယ်တော်နဲ့ သခင်ယေဇူးရဲ့ ခံစားချက် (၂)ခုစလုံးဟာ ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်း လုပ်ငန်းများ တစ်ဖက်တစ်လှမ်းမှ ပါဝင်နေခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လောကသားတွေ ထာဝရအသက်ရဖို့ ကလေးများစွာ အသက်ပေးခဲ့ရတယ်။ အပြစ်မဲ့တဲ့ ကလေးသူငယ်တွေရဲ့ အော်ဟစ်သံက ယနေ့အထိတိုင် ရှိပါတယ်။ လောကရဲ့ အလင်းကို မမြင်ရခင် ရက်စက်တဲ့ သူတွေကြောင့် ကြွေလွင့်သွားတဲ့ ကလေးတွေ၊ နာမကျန်း ဖြစ်နေပေမယ့် ကုသဖို့ အခွင့်အရေး မရှိတဲ့ ကလေးတွေရဲ့ ညည်းတွားသံ၊ အရွယ်နဲ့ မလိုက်အောင် အလုပ်လုပ်နေရတဲ့ ကလေးတွေ၊ မတရားနှိပ်စက်ခြင်း ခံရတဲ့ ကလေးတွေ၊ မတရား အဓ္ဓမပြုခြင်း ခံရတဲ့ ကလေးတွေ၊ မသန်မစွမ်း လူစဉ်မမီ မွေးဖွားလာတဲ့ ကလေးတွေရဲ့ ငိုရှိုက်သံတွေ အစရှိသဖြင့် အများကြီး ရှိပါတယ်။ ကလေးငယ်တွေရဲ့ အော်ဟစ်၊ ညည်းတွား ငိုရှိုက်သံတွေကို ကျွန်ုပ်တို့ အာရုံပြု နားစွင့်ပြီး တတ်နိုင်တဲ့ဘက်က သူတို့လေးတွေကို နှစ်သိမ့်ကြပါစို့။

“အိုထာဝရဘုရားသခင် အကျွန်ုပ်သည် နက်ရှိုင်းသော အရပ်မှနေ၍ ကိုယ်တော့်ကို အော်ဟစ် တောင်းလျှောက်ပါ၏။ အကျွန်ုပ်၏ တောင်းလျှောက်သံကို နားစွင့်တော်မူပါ။” (ဆာလံကျမ်း ၁၃၀)

#Sr. Maria Teresa Than Maung (MSJP II)

 

Daily Reflection