ဇန္နဝါရီလ ၂ ရက်
(မင်းပညာရှိသုံးပါးပွဲ တနင်္ဂနွေနေ့)
ရှင်မာတေးဦး (၂ : ၁ - ၁၂ ၀
၁။ ဟေရုဒ်မင်းကြီးလက်ထက်တွင် ဂျူဒေးယပြည်၊ ဘက်သလေဟင်မြို့၌ ယေဇူးကိုဖွားမြင်သောအခါ အရှေ့တိုင်းနိုင်ငံများမှ မင်းပညာရှိကြီးများသည် ဂျေရုဆလင်မြို့သို့ရောက်ရှိလာကြ၍ မေးမြန်းကြသည်မှာ၊- ၂။ ယခုဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ရှင်ဘုရင်ကား အဘယ်မှာရှိသနည်း၊ ငါတို့သည် သူ၏ကြယ်ကိုအရှေ့ပြည်၌မြင်ကြရသည်ဖြစ်၍ သူ့အားဖူးမြော် ပူဇော်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်ဟုဆိုကြ၏။- ၃။ ဤအကြောင်းကို ဟေရုဒ်မင်းကြီးကြားလျှင် သူနှင့်တကွ ဂျေရုဆလင်တစ်မြို့လုံးသည် တုန်လှုပ်ချောက်ချားကြကုန်၏။- ၄။ ဟေရုဒ်မင်းကြီးသည် ရဟန်းအကြီးအကဲများနှင့် လူတို့ထဲမှ ကျမ်းတတ်ဆရာများကို စုဝေးစေလျက် ခရစ်တော်သည် မည်သည့်အရပ်တွင် ဖွားမြင်လိမ့်မည်နည်းဟု သူတို့အား မေးမြန်းလေ၏။- ၅။ ထိုသူတို့ကလည်း ဂျူဒေးယပြည်၊ ဘက်သလေဟင်မြို့တွင် ဖွားမြင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်တစ်ပါးကရေးသားထားသည်မှာ၊- ၆။ ဂျုဒပြည်၌ရှိသော အိုဘက်သလေဟင်မြို့၊ ဂျုဒမြို့များအလယ်တွင် သင်သည် မှေးမှိန်သိမ်ငယ်သောမြို့မဟုတ်။ အကြောင်းမူကား ငါ၏အစ္စရာအဲလ်လူမျိုးကို အုပ်စိုးမည့်ဘုရင်တစ်ပါးသည် သင့်ထံမှ ပေါ်ထွန်းလိမ့်မည်ဟူ၍ဖြစ်ကြောင်း သူ့အားလျှောက်ထားကြ၏။ ၇။ ထိုအခါ ဟေရုဒ်မင်းကြီးသည် မင်းပညာရှိတို့အား လျှို့ဝှက်စွာခေါ်ပြီးလျှင် ကြယ်ပေါ်ထွန်းသောအချိန်ကာလကိုသေချာစွာ မေးမြန်းလေ၏။- ၈။ ထို့နောက် သူက သင်တို့သွားကြ၍ ထိုသူငယ်ကို ရှာဖွေကြလော့။ တွေ့လျှင် ငါသည်လည်း သွား၍ သူ့ကို ဖူးမြော်ပူဇော်နိုင်ရန် ငါ့ထံသို့ လာရောက်အကြောင်းကြားကြပါဟုမိန့်မှာလျက် ထိုသူတို့ကို ဘက်သလေဟင်မြို့သို့စေလွှတ်လိုက်လေ၏။- ၉။ ထိုသူတို့သည် မင်းကြီး၏စကားကိုကြားနာပြီးမှထွက်ခွာသွားကြသောအခါ အရှေ့တိုင်းနိုင်ငံတွင် သူတို့မြင်ခဲ့ ကြသောကြယ်သည် သူတို့၏ရှေ့မှဦးဆောင်သွား၍ သူငယ်တော်ရှိသောအရပ်သို့ရောက်လျှင် ထိုအပေါ် ၌ ရပ်တန့်နေလေ၏။- ၁၀။ သူတို့သည်လည်း ကြယ်ရပ်တန့်သွားသည်ကိုမြင်ကြသောအခါ လွန်စွာပင်ဝမ်းမြောက်ကြလေ၏။-၁၁။ ထို့နောက် သူတို့သည် အိမ်ထဲသို့ဝင်သောအခါ သူငယ်တော်ကို သူ၏မယ်တော်မာရိယာနှင့်အတူ တွေ့ မြင်ကြ၍ သူ့ကို ပျပ်ဝပ်ရှိခိုးကြလေ၏။ ထို့နောက် သူတို့ သည် မိမိတို့၏အဖိုးတန်ပစ္စည်းတို့ကို ဖွင့်ကြပြီး ရွှေ၊ လော် ဗန်နှင့် မီးရာတို့ကို လက်ဆောင်အဖြစ် သူ့အား ဆက်ကပ်ကြ၏။-၁၂။ ထို့နောက် သူတို့သည် ဟေရုဒ်မင်းကြီးထံသို့ မပြန်ကြရန် အိပ်မက်၌ ဗျာဒိတ်တော်ခံရသဖြင့် မိမိတို့၏ တိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြလေ၏။