၄၅။ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကို ပြန်လွှတ်တော်မူစဉ် မိမိ၏တပည့်တော်တို့ကို ချက်ချင်းပင် လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဘက်ဇိုင်းဒါမြို့သို့ ရှမှ ဦးစွာသွားစေတော်မူ၏။၄၆။လူအစုအဝေးတို့အား ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းခြင်းငှာ တောင်ပေါ်သို့တက်ကြွတော်မူ၏။၄၇။ညအချိန်ရောက် သောတပည့်တော်တို့၏လှေမှာ အိုင်အလယ်၌ ရောက်ရှိနေပြီး ကိုယ်တော်မူကား ကုန်းပေါ်တွင် တစ်ပါးတည်းရှိနေတော်မူ၏။၄၈။လေဆန်ဖြစ်နေ သောကြောင့် တပည့်တော် တို့သည် ခက်ခဲစွာ လှော်ခတ်နေကြရသည်ကို ကိုယ်တော်မြင်တော်မူ၏။ မိုးသောက်ယံအချိန်၌ ကိုယ်တော်သည် ရေပြင်ပေါ်တွင် လျှောက်လှမ်းလျက် သူတို့ရှိရာသို့ ကြွတေ ပြီး့ကျော်ဖြတ်သွားမည်ပြု၏။၄၉။သူတို့မူကား ရေပြင်ပေါ်တွင် လျှောက်လှမ်းနေသောကိုယ်တော့်ကိုမြင်ကြလျှင် တစ္ဆေဟုထင်မှတ်၍ အော်ဟစ်ကြလေ၏။၅၀။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုမြင်ကြ၍ ထိတ်လန့်တုန်လှုပ်ကြသောကြောင့်ဖြစ်၏။သို့သော် ကိုယ်တော်က သူတို့အား သတ္တိရှိကြလော့၊ ငါဖြစ်၏၊ ကြောက်ကြနှင့်ဟု ချက်ချင်းပင်မိန့်တော်မူ၏။၅၁။ထို့နောက် ကိုယ်တော် သည် သူတို့ရှိရာလှေပေါ်သို့တက်တော်မူသောအခါ လေ သည် ငြိမ်သက်သွားလေ၏။သူတို့သည် အလွန်အမင်း အံ့အားသင့်ကြကုန်၏။၅၂။အကြောင်းမူကား ပေါင်မုန့်၏အံ့ဖွယ်ဖြစ်ရပ်ကိုပင် နားမလည်နိုင်လောက်အောင် သူတို့၏စိတ်နှလုံးသည် ခိုင်မာကြသောကြောင့်ပေ တည်း။ညအမှောင်တွင် ကြယ်၏အလင်းသည် ပို၍တောက်ပနေပါသည်။ကျွန်ုပ်တို့သည် ညအချိန်ရောက်လျင် ကြယ်ကြွေ သည်ကိုမြင်ရရန် တမင်အိမ်ပြန်ထွက်၍ မော်ကြည့် တတ်ကြသည်။ကြယ်ကြွေတိုင်း ကျွန်ုပ်တို့လိုချင်သည့်ဆုကို ဆန္ဒပြုကာ တောင်းဆုတတ်ကြသည်။တောင်းဆုပြည့်သည်၊ မပြည့်သည်ထက် သူထက်ငါ ဦးအောင်ဆန္ဒပြုခွင့်ရ လျင်ပင် ကျေနပ်ပီတိဖြစ်မိသယောင်ပင်။အစွန်းရောက်သောလူမျိုးကြီးဝါဒနှင့် ယုတ်မာကောက်ကျစ်သည့် လူမဆန်သည့်လူတစ်စုကြောင့် ကျွန်ုပ်တို့ပုံမှန် လည်ပတ်နေသည့် နေ့စ်အသက်တာဘဝများ ပြင်းထန်သည့်မုန်တိုင်းလှိုင်းလုံးများအကြား အမှောင်ကျနေရပါသည်။အမှောင်လောကကိုအံတုလျက် အာရုံဦးသို့ခရီးပြုနိုင်ရန် လေဆန်ကိုရုန်းကန်လှော်ခတ်နေသည်။ ငယ်ရွယ်နုပျိုသော ကြယ်လေးများကြောင့် ကျွန်ုပ်တို့သည် နေ့၏အလင်းရောင်ခြည်ကို မြင်တွေ့နေရပြီးဖြစ်ပါသည်။အချိန်မတန်ဘဲ ကြွေသွားရသော ကြယ်များအတွက် ကျွန်ုပ်တို့ဝမ်းနည်းပူဆွေးနာကျင်ခံစားရခက်ခဲလှပေသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် လေဆန်ကိုခက်ခဲစွာ လှော်ခတ်နေကြသော တပည့်တော်များတို့သည် ရေပေါ်တွင်ကိုယ်တော်ဖြတ်လျှောက်သည်ကိုမြင်သောအခါ တစ္ဆေဟုထင်မှတ်ကာ ထိတ်လန့် တုန်လှုပ်နေသောကြောင့် ကိုယ်တော်မှမကြောက်ရန်နှင့် သတ္တိရှိရန်မိန့်တော်မူပြီး သူတို့ရှိရာလှေပေါ်သို့တက်သောအခါ လေသည်ငြိမ်သက်သွားသည့်အကြောင်း နှုတ်မြွက်ထားပါသည်။အမှန်တရား လေဆန်ကိုလှော်ခတ်နေသော အာရုံဦးအချိန်အခါ၌ ကျွန်ုပ်တို့ကို ကိုယ်တော်ရှင်မြင်တော်မူပြီး ကျွန်ုပ်တို့၏အနီးတွင် ဖြတ်သွားဟန်ပြုတော်မူသည်။ထိတ်လန့်စိုးရိမ်မှုများ အကြား၊ အစိုးမရသည့် ဖြစ်ပျက်ခံစားမှုများအကြား ကိုယ်တော်ရှင်၏တည်ရှိနေတော်မူခြင်းကို သိမှတ်ဝန်ခံရန်သာလိုအပ်ပါသည်။ ကိုယ်တော်ရှင်ကိုမြင်တွေ့ရန်သာလိုပါသည်။မုန်တိုင်းပြင်းထန်နေသော ကျွန်ုပ်တို့၏ဘဝအသက်တာ လှေငယ်လေးတွင် ကိုယ်တော်ရှင်လာရောက်နေထိုင်စေရန် ဖိတ်ခေါ်ကြပါစို့။