Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-06 05:11:55
ဇန်နဝါရီလ ၆ ရက် (ကြာသပတေးနေ့)
ရှင်လုကာ ၄ : ၁၄ - ၂၂
- ဖန်ဆင်းထားသောနေ့ရက်တာများသည် ဖန်ဆင်းရှင်ဘုရားသခင်အား လုပ်ဆောင်မှုကိုယ်စီကို သက်သေခံခြင်းဖြင့် ၎င်းတို့၏တန်ဘိုးကိုဖော်ပြပေးလျက်ရှိနေပါသည်။
- ကျွန်ုပ်တို့မိဘဦးများဖြစ်သော အာဒံနှင့် ဧဝမှစ၍ အုပ်စိုးစေသောကမ္ဘာမြေကြီးကို ယနေ့ကျွန်ုပ်တို့လက်ထဲရောက်သော အခါ ကမ္ဘာလောကကြီးကို ပို၍ကောင်းမွန်စေရန် အသစ်သောလုပ်ဆောင်မှုများဖြင့် ကျွန်ုပ်တို့ပတ်ဝန်းကျင် ကျွန်ုပ်တို့ ကမ္ဘာကိုရှင်သန်စေရမည်မှာ အမှန်ပင်ဖြစ်ပေမည်။
- ကျွန်ုပ်တို့ဖြစ်တည်မှုတိုင်းတွင် “ယနေ့” “ယခု” ဟူသောစကားလုံးသည် အရေးပါလွန်းလှပေသည်။
- ယနေ့ဟူသောပစ္စုပ္ပါန်ကို တန်ဘိုးထားလျင် အတိတ်သည်နောင်တကင်း၍ အနာဂတ်သည် ပူပန်ခြင်းနှင့်ကင်းဝေး နေမည်ဖြစ်သည်။
- ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ဘုရားသခင်၏မင်္ဂလာနှစ်ကိုကြေငြာရန်နှင့် မျက်စိမမြင်ရသောသူများမြင်ရကာ ဖိနှိပ်ခံရသူများ လွတ်မြောက်၍ ဆင်းရဲသားများလည်း ဝမ်းမြောက်စရာသတင်း ကောင်းများ ဟောပြောကြေငြာပေးမည့်အကြောင်းနှင့် ထိုအကြောင်းအရာများသည် ယနေ့ပင်ပြည့်စုံခြင်းသို့ ရောက်လေပြီဖြစ်ကြောင်း နှုတ်မြွက်ထားပါသည်။
- ဘုရားရှင်၏တစ်ပါးတည်းသောသားတော်ဘုရားသည် ဤလောကသို့ဆင်းကြွလာခြင်းမှာ နတ်ဆိုး၏လက်နက်ဖြစ် သော သေမင်းကိုကြောက်ရွံကာ အပြစ်နွံတွင် နစ်မွန်းနေသော ကမ္ဘာလူသားများကို ပြန်လည်ရွေးနှုတ်ကယ်တင်ရန် အတွက်ဖြစ်ပါသည်။
- ခမည်းတော်ဘုရား၏ချစ်ခြင်းကို သိမ်မွေ့စွာပြောဆိုပြသ၍ လူအများဖျားနာကာအတိဒုက္ခရောက်ခြင်းများမှ ကုသပေး သော်လည်း ကိုယ်တော်ရှင်ကိုအသိအမှတ်မပြုသောသူများ များစွာရှိနေပါသည်။
- ကိုယ်တော်ကိုသေစေရန် အလိုရှိသောသူများ များစွာရှိနေပါသည်။
- သို့သော်ဘုရားရှင်နှစ်သက်မြတ်နိုးသောချစ်သားအဖြစ် ဘုရားရှင်၏အလိုတော်ကိုသာ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါ သည်။ ခမည်းတော်ဘုရား၏ အမျက်တော်ကိုပြေငြိမ်းစေကာ လူသားများနှင့် ပြန်လည်ကြေအေးစေခဲ့ပါသည်။ ပေါင်းစပ်၍မရသော ကောင်းကင်နှင့်မြေကြီးကို တံတားထိုးပေးခဲ့ပါသည်။
- ကျွန်ုပ်တို့၏ယနေ့သည် ရင်းနှီးပေးဆက်မှုများစွာရှိနေပါသည်။ သို့သော် ကျွန်ုပ်တို့၏အနာဂတ်သည် လင်းရောင်ခြည် ဖြာနေမည်ဖြစ်သည်။ သို့ဖြစ်၍ ဇွဲအားမလျှော့ဘဲ အစဉ်ဆုတောင်းလျက် မိမိတို့တတ်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင် အားဖြည့်ကြပါစို့။
- “အိုသခင် ကိုယ်တော်၏နှုတ်တော်ထွက်စကားမှ ကျွန်ုပ်တို့တောင့်တသောအရာများအတိုင်း ဤယနေ့ပင်ပြည့်စုံခြင်းသို့ရောက်ပါစေသော်။”
Daily Reflection