ကပေရေနောင်မြို့သိုသွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ဆုံးမဩဝါဒ ပေးတော်မူ၏။ပရိသတ်တို့သည်လည်းဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။ထိုသူတို့၏တရားဇရပ်၌ ညစ်ညူးသောနတ် စွဲသောသူရှိ၍၊ဪနာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်း။
အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ဘုရားသခင်၏သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
ယေရှုကလည်းတိတ်ဆိတ်စွာနေလော့။ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ ကြီးသောအသံနှင့်အော်ဟစ်၍ ထွက်သွား၏။လူအပေါင်းတို့သည်
မိန်းမောတွေဝေ၍၊ ဤအမှုသည်အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊သူတို့သည်နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။
သတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်းနှံ့ပြားကျော်စောလေ၏။
***ခရစ်တော်ဘုရား နတ်ဆိုးကို နှင်ထုတ်ခြင်းသည်သည်ခရစ်တော်မကြိုက် သောအရာစိတ်ထဲမထားရန် ထုတ်ပစ်စေလိုသောကြောင့် လည်းကောင်း မကောင်းသောအကြံအစီနှင့်
အပြာအဆိုအပြုအမူ တွေ ဘုရားကိုမနှစ်သက်စေ သောကြောင့် သတိပြု ရှောင်ရှားကာ ခရစ်တော်ကို အတူယူသက်သေခံကြပါစို့ ။