၂၉။ ကိုယ်တော်သည် တရားဇရပ်မှထွက်လျှင်ထွက်ချင်း စီမွန်နှင့် အန္ဒြေးယတို့၏အိမ်သို့ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ကြွဝင်တော်မူ၏။၃၀။ထိုအချိန်တွင် စီမွန်၏ ယောက္ခမသည်ဖျား၍ အိပ်ရာထဲတွင်လဲနေကြောင်းကို ကိုယ်တော်အား ချက်ချင်းလျှောက်ထားကြ၏။-၃၁။ကိုယ်တော်သည်လည်း ချဉ်းကပ်၍ သူမကိုလက်မှကိုင်လျက် ထူမလိုက်ရာ သူမသည် အဖျားပျောက်သဖြင့် သူတို့ကို ဧည့်ဝတ်ပြုလေ၏။၃၂။ထိုညနေခင်းနေဝင်ချိန်တွင် လူတို့သည် မကျန်းမာသသူများနှင့် နတ်ဆိုးပူးခြင်းခံရသောသူရှိသမျှတို့ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။၃၃။ထိုအခါ တစ်မြို့လုံးသည် အိမ်တံခါး၀တွင် စုဝေးလျက်ရှိကြ၏၊၊၃၄။ကိုယ်တော်သည်လည်း ရောဂါအမျိုးမျိုးကြောင့် ဖျားနာနေကြသောသူအများအပြားကိုပျောက်ကင်းစေ၍ များစွာသောနတ်ဆိုးတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်မည်သူဖြစ်သည်ကိုသိကြသောကြောင့် ကိုယ် တော်သည် သူတို့အား စကားတစ်ခွန်းကိုမျှပြောစေခြင်းငှာ ခွင့်ပြုတော်မမူချေ။၃၅။နံနက်မိုးမလင်းမီအချိန်တွင် ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ကြွသွားပြီးလျှင် ထိုနေရာ၌ ဆုတောင်းတော်မူ၏။၃၆။ ထိုအခါ စီမွန်နှင့် သူ၏အပေါင်းအဖော်များသည် ကိုယ်တော့်ကိုလိုက်ရှာကြလေ၏။၃၇။သူတို့သည် ကိုယ်တော့်ကိုတွေ့ ကြသောအခါ လူအားလုံးသည် ကိုယ်တော့်ကို ရှာနေကြပါသည်ဟုလျှောက်ကြ၏။၃၈။ကိုယ်တော်ကလည်း အနီးပတ်ဝန်းကျင်မြို့ရွာများသို့ ဆက်၍သွားကြစို့။ထိုနေရာတို့တွင်လည်း သတင်းကောင်းကို ငါဟောကြားရမည်။ ဤအကြောင်းကြောင့် ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။၃၉။ထို့နောက် ကိုယ်တော်သည် ဂါလေလေးယနယ်တစ်နယ်လုံးသို့ ကြွသွား၍ သူတို့၏တရားဇရပ်များတွင် ဟောပြောပြီး နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။