Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-16 02:02:18
ဇန်နဝါရီလ (၁၅) ရက် (စနေနေ့)
ရှင်မာကု( ၂ : ၁၃ - ၁၇)
Sr.Teresa Myint Myint Naing(I.S.R.)
Posted by Sr.Benedetta Myat Hnin Nwe(I.S.R.)

၁၃။ယေဇူးသည် ပင်လယ်ကမ်းနားသို့ တစ်ဖန်ကြွသွားတော်မူလျှင် လူအစုအဝေးတို့သည် အထံတော်၌ လာရောက်စုရုံးကြသဖြင့် ကိုယ်တော်သည်လည်း သူတို့ကိုသွန်သင်တော်မူ၏။၁၄။ထို့နောက် ကိုယ်တော်သည် ဆက်လက်ကြွသွားတော်မူစဉ် အာလ်ဖေးဦး၏သား လေဝိသည် အခွန်ရုံး၌ထိုင်လျက်ရှိသည်ကို မြင်တော်မူ၏။ ထိုအခါ ကိုယ်တော်က ငါ့နောက်သို့လိုက်လော့ဟု သူ့အားမိန့်တော်မူလျှင် သူသည်လည်းထ၍ နောက်တော် သို့ လိုက်လေ၏။၁၅။ထို့နောက် ကိုယ်တော်သည် လေဝိ၏အိမ်၌ ညစာသုံးဆောင်တော်မူစဉ် များစွာသောအခွန်ခံသူတို့နှင့် အပြစ်ရှိသောသူတို့သည် ယေဇူးနှင့်အတူ သူ၏တပည့်တော်များနှင့်တကွ စားသောက်ကြလေ၏။ အကြောင်းမူကား ကိုယ်တော်၏ နောက်တော်သို့လိုက်သောသူများ စွာရှိကြ၏။၁၆။ထိုအခါ ဖာရီဇေးဦးဂိုဏ်းဝင် ကျမ်းတတ်ဆရာတို့သည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ ကိုယ်တော်စားသောက်နေသည်ကို မြင်သောအခါ အဘယ်ကြောင့် သူသည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ပါသနည်းဟု တပည့်တော်တို့အားဆိုကြ၏။၁၇။ယေဇူးသည်လည်း ဤစကားကိုကြားလျှင် ကျန်းမာသောသူသည် ဆေးဆရာကိုမလိုအပ်ပေ။ ဖျားနာသောသူမူကားလိုအပ်၏။ ငါသည် ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ကြွလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာသည်ဟု သူတို့အားမိန့်တော်မူ၏။ 
         ကျွန်ုပ်တို့ချစ်သူ ခင်သူ မိဘဆွေမျိုးများ ကွယ်လွန်သွားကြရသောအခါ ကျွန်ုပ်တို့ဝမ်းနည်းစွာခံစားရတတ်ကြပါသည်။ ကြေကွဲစွာငိုကြွေးတတ်ကြပါသည်။ အကြောင်းမှာ ထိုသူတို့နှင့် မိမိဘဝတလျှောက်လုံး ပြန်လည်ဆုံတွေ့မည်မဟုတ် သောကြောင့်ဖြစ်သည်။ယခုကဲ့သို့ လူလုပ်သောကပ်ဘေးကြောင့် မိမိ၏အသက်သည်သာအရေးကြီးသဖြင့် ကျွန်ုပ်တို့မြတ်နိုးတွယ်တာသည့် ကျွန်ုပ်တို့၏အိုးအိမ်၊ ကျွန်ုပ်တို့ရပ်ရွာ၊ ကျွန်ုပ်တို့၏ပြည်နယ်ကိုစွန့်ခွာသွားကြသည်။ကျွန်ုပ်တို့ပိုင်ဆိုင်သည့် သက်မဲ့အရာများ ဖျက်ဆီးခံရသောအခါ၊ ခိုးယူခံရသောအခါ ကျွန်ုပ်တို့နာကျင်ကြရသည်။ နာကြည်းကြရသည်။ထိုကဲ့သို့ဖြစ်စေသည့်အကြောင်းအရာများနှင့် စုံလုံးကန်းသည့်ကြမ်းကြုတ်သူတစ်စုကို ကျွန်ုပ်တို့မုန်းတီးစက်ဆုတ်ရွံရှာကြသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ခရစ်တော်သခင်မှ ဖျားနာသူမှသာလျင် ဆေးဆရာကိုလိုအပ်၍ ထိုဆရာ၏တန်ဘိုးကိုနားလည်မည်ဖြစ်ကြောင်းနှင့် ကိုယ်တော်ရှင်၏ကြွလာတော်မူခြင်းသည်လည်း အပြစ်သားများကိုခေါ်ရန်အတွက်သာဖြစ်ကြောင်း နှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့၏ချစ်ခင်သူဆွေမျိုးမိတ်ဆွေများမှ သားကောင်ပမာ အသတ်ခံရခြင်းနှင့် ကျွန်ုပ်တို့ခိုနားရာအိမ် မီးရှို့ ဖျက်ဆီးခံရခြင်းများကို ကိုယ်တိုင်ကြုံတွေ့ရသည့်ကျွန်ုပ်တို့ထက် မည်သူသာ၍ခံစားကူနိုင်ပါမည်နည်း။အမှန်တရားကိုမြတ်နိုးသော၊ စာနာတရားရှိသောသူများသည်သာလျင် ထပ်တူထပ်မျှခံစားကူမည်မှာဖြစ်သည်။လောကီအရာတပ်မက်စရာများစုံမက်ကာ ခန္ဓာအသက်ကိုသာ ဦးထိပ်ထားပြီး အဓမ္မဘက်ရပ်တည်သူများအတွက် ကျွန်ုပ်တို့၏ဖြစ်အင်သည် ကဲ့ရဲ့ဝေဖန်စရာ၊ အပြစ်တင်စရာဖြစ်ကောင်းဖြစ်နေပေမည်။ကျွန်ုပ်တို့၏ဖြစ်အင်အလုံးစုံကိုသိမြင်တော်မူသော၊ အရာအားလုံးကိုစိုးပိုင်တော်မူသော၊ ကျွန်ုပ်တို့ကိုထာဝရအသက်ပေးပိုင်တော်မူသော၊ ဤဖြစ်ရပ်ဆိုးများကို အကောင်းဘက်သို့ တမဟုတ်ချင်းပြောင်းလဲစေနိုင်သော ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်ဘုရားသခင်သည် အဘက်ဘက်၌ချွတ်ချွံကျလျက် ဖျားနာနေသော ကျွန်ုပ်တို့၏ဆေးဆရာဖြစ်ပါသည်။ ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွတ်ပိုင်သော ကယ်တင်ရှင်ဖြစ်ပါသည်။ကျွန်ုပ်တို့၏နာမကျန်ဖြစ်ခြင်းများအားလုံး၊ ရန်သူကိုခွင့်မလွတ်နိုင်ခြင်းများအားလုံး၊ ကျွန်ုပ်တို့နာကျင် နာကြည်းမှုများ အားလုံးကို ကိုယ်တော်ရှင်ထံဖွင့်ဟပုံအပ်လျက် ကုသခြင်းများအမြန်ဆုံးရစေပါမည့်အကြောင်း ပေးဆက်အပ်နှံကြပါစို့။
         

Daily Reflection