Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-15 07:53:56
                              ဇန်နဝါရီလ (၁၆) ရက်
ဒုတိယသာမန် တနင်္ဂ​နွေ​နေ့
ရှင်​ယောဟန် (၂ : ၁ - ၁၁)
Sr.Theresa (ISR)

 ၁။ သုံးရက်မြောက်သောနေ့တွင် ဂါလေလေးယနယ်၊ ကာနာမြို့၌ လက်ထပ်ပွဲတစ်ခုကျင်းပပြီး ယေဇူး၏မယ်တော်သည်လည်း ထိုနေရာ၌ရှိ၏။၂။ ယေဇူးနှင့်အတူ တပည့်တော်တို့သည်လည်း ထိုလက်ထပ်ပွဲသို့ ဖိတ်ကြားခြင်းခံကြရ၏။၃။ထိုအချိန်၌ စပျစ်ရည်ကုန်သွားသောကြောင့် ယေဇူး၏မယ်တော်က သူတို့တွင် စပျစ်ရည်မရှိဟု ကိုယ်တော်အား ပြောလေ၏။၄။ယေဇူးကလည်း အချင်းအမျိုးသမီး၊ သင်သည် အကျွန်ုပ်နှင့် မည်သို့သက်ဆိုင်ပါသနည်း။ အကျွန်ုပ်၏အချိန် မရောက်သေး ဟု သူမအား မိန့်တော်မူ၏။၅။ကိုယ်တော်၏မယ်တော်ကလည်း သူစေခိုင်းသမျှကို ပြုလုပ်ကြလော့ဟု အစေခံတို့အား မှာထားလေ၏။၆။ ထိုနေရာ၌ ဂျူးလူမျိုးတို့၏ဘာသာရေး ဝိနည်းအရ စင်ကြယ်ခြင်းအမှုပြုရာတွင် အသုံးပြုသော ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်ဝင်သည့် ကျောက်ရေအိုးကြီး ခြောက်လုံးရှိ၏။၇။ယေဇူးက အိုးများကို ရေဖြည့်ကြလော့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ၎င်းအိုးတို့ကို နှုတ်ခမ်းတိုင်အောင် ရေဖြည့်ကြ၏။၈။ထို့နောက် ယေဇူးက ယခုအနည်းငယ်ခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့ဟု သူတို့အား မိန့်တော်မူသဖြင့် သူတို့သည် ယူသွားကြလေ၏။၉။ပွဲအုပ်သည်လည်း စပျစ်ရည်ဖြစ်ပြီးသောရေကို မြည်းစမ်းကြည့်သောအခါ ရေခပ်လာခဲ့သောအစေခံတို့သည် ယင်းအား အဘယ်ကရခဲ့သည်ကိုသိကြသော်လည်း ပွဲအုပ်မှာမူ မသိသောကြောင့် မင်္ဂလာဆောင်သတို့ သားကိုခေါ် ပြီးလျှင်၊၁၀။လူတိုင်းသည် ကောင်းသောစပျစ်ရည်ကို ဦးစွာတည်ခင်း၍ လူတို့၀အောင်သောက်ကြပြီးမှ စပျစ်ရည်အညံ့ကို တည်ခင်း လေ့ရှိကြ၏။ သင်မူကား ယခုအချိန်တိုင်အောင် ကောင်းသောစပျစ်ရည်ကို သိမ်းထားလေပြီတကားဟု ဆိုလေ၏။၁၁။ မိမိ၏ တန်ခိုးလက္ခဏာများတွင် ပထမဆုံးဖြစ်သော ဤတန်ခိုးလက္ခဏာကို ယေဇူးသည် ဂါလေလေးယနယ်၊ ကာနာမြို့၌ ပြလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်၌ ယုံကြည်ကြလေ၏။
● ဖြစ်ခြင်း၊ ပျက်ခြင်းများနှင့် မတည်မြဲသည်သင်္ခါရ​လောက၏ တရားများ၌ စီး​မျောပါကာ ကမ္ဘာကုန်​ဆုံး​နေသကဲ့သို့ ခံစား​နေရပါက လူဖြစ်ခြင်း၊ ဘုရားရှင်၏ယုံကြည်သူသားသမီးဖြစ်ရခြင်းသည် အချည်းနှီးသက်သက်​ဖြစ်​နေ​ပေလိမ့်မည်။
●အ​ကြောင်းမူကား ကျွန်ုပ်တို့၏ဘုရားသည် မ​နေ့၊ ယ​နေ၊ ​နောင်ကာလအစဥ်အမြဲတည်​သောဘုရားဖြစ်​သော​ကြောင့်ဖြစ်သည်။
● လက်ရှိကျွန်ုပ်တို့ဆုံးရှုံးရ​သော အရာရာသည် အတိတ်၏အပြစ်​​ကြွေးကို​ဆေး​ကြောရန်အတွက် ဖြစ်​နေ​ပေရာ သာ၍​ကောင်း​သောအနာဂတ်ကို ဘုရားရှင်ပြင်ဆင်လမ်းခင်း​ပေးခြင်းဖြစ်​ပေသည်။
● ဆိုးရွားသည့်အဖြစ်အပျက်များနှင့် ထိတ်လန့်​ကြောက်ရွံ့​နေရသည့်ကျွန်ုပ်တို့အတွက် အရာရာသည် ရပ်တန့်၍မသွားပါ။ ဘုရားရှင်၏ချစ်ခြင်း​ကောင်းကြီး​တော်သည် ကျွန်ုပ်တို့အ​ပေါ် အစဥ်စီးဆင်းလျက်ရှိ​နေပါသည်။
● ​နေ့ရက်တာများ၏စိတ်ပျက်အားငယ်ဖွယ်ရာများ၌ ​မျော်လင့်ခြင်း​ရောင်ခြည်များဖြင့် အသက်ဆက် ရှင်သန်​နေကြသည်။ ချစ်ခြင်း​မေတ္တာအိမ်​လေးများတည်​ဆောက်ရာ၌ အကျဥ်းချုံးကျင်းပကြသည်။
● သန်း​ခေါင်ယံထက်ညဥ့်မနက်​တော့သည့် အချိန်ကာလဝယ် အာရုံဦးအပိုင်းသို့ ကူး​ပြောင်း​ရောက်ရှိ​နေပြီးဖြစ်ရာ ​တောက်ပသည့်အလင်း​ရောင်ကိုမြင်နိုင်ရန်မှာ တက်ညီလက်ညီဖြင့် ဆက်လက်ရုန်းကြရန်သာလိုအပ်​နေ​ပေသည်။
● စိန်ဩဂတ်စတင်းမိန့်ဆိုသည်မှာ ဘုရားရှင်သည် ကျွန်ုပ်တို့၏အကူအညီမပါဘဲ ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့ပါသည်။ သို့​သော်ကယ်တင်ခြင်းအတွက်မူ ကျွန်ုပ်တို့၏အကူအညီမပါဘဲ ကျွန်ုပ်တို့ကိုကယ်တင်မည်မဟုတ်​ပေဟူ၍ဖြစ်ပါသည်။
● ယ​နေ့ကြားနာရ​သော အသက်​ပေးသည့် နှုတ်​တော်ထွက်စကားတွင် ကာနန်လက်ထပ်ပွဲ၌ ခရစ်​တော်သခင်နှင့် တပည့်​တော်များနှင့်အတူ မယ်​တော်သည်လည်း ပါဝင်တက်​ရောက်၍ မင်္ဂလာပွဲတွင်လိုအပ်​နေ​သောအရာများအတွက် မယ်​တော်၏ကြားဝင်​တောင်း​လျှောက်​ပေးခြင်းဖြင့် အဆင်​ပြေလှပသွားရသည့်အ​ကြောင်း နှုတ်မြွက်ထားပါသည်။
● ​​တောက်ပ​သောအနာဂတ်ကို ရရှိရန်အတွက် အသက်​သေ​ကြေရခြင်းနှင့်အတူ လောကပစ္စည်းဥစ္စာများပျက်စီးဆုံးရှုံးရခြင်းများဖြင့် ​ဘေးလွတ်ရာ​​ရှောင်တိမ်း​နေရ​သော ကျွန်ုပ်တို့၏ဖြစ်စဥ်၊ ကျွန်ုပ်တို့၏ပွဲအ​ခြေအ​နေသည် ရိက္ခာပြတ်လတ်ခြင်းများနှင့် ကြုံ​တွေ့​နေရပါသည်။
● ကျွန်ုပ်တို့မည်သူ့ထံ အကူအညီ​တောင်းရမည်နည်း။
● ကျွန်ုပ်တို့ကို မယ်​တော်မြင်​တွေ့​နေပါသည်။ ကျွန်ုပ်တို့အတွက် သား​တော်ဘုရားထံ​တောင်းဆုပန်​ပေး​နေပါသည်။ 
● "သူ​စေခိုင်းသမျှကိုပြုကြပါ။"ဟူ၍လည်း ကျွန်ုပ်တို့ကို ​ပြောဆို​နေပါသည်။
● ဤခါးသီးမှုများမှ ကိုယ်​တော်ရှင်အမြန်ဆုံးကယ်​နှုတ်​တော်မူပါမည့်အ​ကြောင်း စိတ်နှလုံးတစ်လုံးတစ်ဝတည်းထားပြီး ​တောင်းဆုပြကြပါစို့။

Daily Reflection