Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-21 07:59:59
ဇန်နဝါရီလ(၂၂)ရက်(နေနေ့)
ရှင်မာကု(:၂၀-၂၁)
စစ္စတာရ်ထရီဇာ(ISR)

၂၀။ကိုယ်တော်သည်အိမ်သို့ပြန်လာတော်မူ၏။ထိုအခါလူတို့သည်တစ်ဖန်စုဝေးလာကြသဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့သည်အစာကိုပင်မစားနိုင်ကြချေ။၂၁။ကိုယ်တော်သည်စိတ်ဖောက်ပြန်လျက်ရှိသည်ဟုလူတို့ကဆိုကြသောကြောင့်ကိုယ်တော်၏ဆွေမျိုးများသည်လည်းကိုယ်တော့်ကိုထိန်းရန်သွားကြ၏။---ပျော်ရွှင်ဖွယ်သောဘဝအဓိပ္ပါယ်များနှင့်ပြည့်ဝစုံလင်သောအသက်တာကိုမိသားစုဝင်များ၏ချစ်ခြင်း၌တည်ရှိသည်ဟုဆိုစမှတ်ရှိကြပါသည်။မိမိ၏ဘဝတာ၌သိနားလည်သည့်ပညာရပ်များဖြင့်အသက်မွေးဝမ်းကြောင်းပြုနေရစဥ်အရွယ်ငယ်နုပျိုချိန်နှင့်ကျန်းမာရွှင်လန်းနေချိန်များ၌အောင်မြင်မှုများ၊အများ၏ချစ်ခင်လေးစားခြင်းများကိုခံစားရမည်မှာအမှန်ပင်ဖြစ်သည်။သို့သော်နာမကျန်းဖြစ်သောအခါ၊အခက်အခဲပြသာနာများနှင့်ကြပ်တည်းဆင်းရဲမှုများနှင့်ကြုံရသောအခါမိသားစုဝင်များသည်သာအနားတွင်ရှိနေပေးနိုင်ကြပေမည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်အခြားသောဘာသာရေးခေါင်းဆောင်များနှင့်မတူသတင်းကောင်းဟောကြားပေးရင်း လူအများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးကာစားသောက်ရန်အတွက်ပင်အချိန်မပေးနိုင်သောခရစ်တော်သခင်ကိုစိတ်ဖောက်ပြန်နေသည်ဟုဆိုခြင်းကြောင့်ကိုယ်တော်ကိုထိန်းရန်ဆွေမျိုးများသွားကြသည့်အကြောင်းကိုနှုတ်မြွက်ထားပါသည်။မိဘနှစ်ပါး၏မေတ္တာအရိပ်အောက်တွင်လုံခြုံစွာရှိနေရသောသားသမီးများအနေဖြင့်အများ၏အထင်အမြင်လွဲမှားခြင်းခံရသောအခါကျွန်ုပ်တို့ကိုဖေးမကူညီမည့်သူများသည်ကျွန်ုပ်တို့၏မိဘ​​ဆွေမျိုးများသာဖြစ်ပေမည်။ယခုကဲ့သို့နာဖျားနေသောကျွန်ုပ်တို့ပြည်အတွက်သက်ဆိုင်သည့်ကျွန်ုပ်တို့သာပူဆွေးသောကရောက်နေကြရပါသည်။မသေချာသည့်မနက်ဖြန်များအတွက်ကြောက်ရွံ့ထိတ်လန့်ခြင်းများနှင့်ရှိနေရသောယနေ့အချိန်အခါများဝယ်မိသားစုကြီးများအဖြစ်အတိဒုက္ခရောက်သောကျွန်ုပ်တို့ကိုလက်ကမ်းကြိုသောသူများရှိနေခြင်းသည်ကျွန်ုပ်တို့၏ကမ္ဘာ၌ချစ်ခြင်းမေတ္တာမခမ်းခြောက်သေး​​ကြောင်းသက်သေပြနေခြင်းပင်ဖြစ်ပေသည်။ဘုရားရှင်ကိုကျွန်ုပ်တို့မေ့လျော့သော်လည်းကျွန်ုပ်တို့ကိုမည်သည့်အခါမျှစွန့်ပစ်မည်မဟုတ်​​သောသူ၏အနန္တချစ်ခြင်းများသာဖြစ်ပေသည်။-အိုသခင်စိတ်နှလုံးအတွင်း၌ခံပြင်းလှသော်လည်းမာန်လျှော့လျက်ကျွန်ုပ်တို့၏အရာရာကိုကိုယ်တော့်လက်ဝယ်အပ်နှံပါသည်။အလိုတော်အတိုင်းဖြစ်ပါစေသော်။-

 

 

Daily Reflection