Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-22 06:14:16
ဇန်နဝါရီလ(၂၃)ရက်
(တတိယသာမန်တနင်္ဂနွေနေ့)
ရှင်လုကာ(:-၄၊၄:၁၄-၂၁)
စစ္စတာရ်ထရီဇာ(ISR)

၁၆။ထို့နောက်ကိုယ်တော်သည်မိမိကြီးပြင်းခဲ့သောနာဇရက်မြို့သို့ကြွလာတော်မူသောအခါမိမိ၏ထုံးစံအတိုင်းဥပုသ်နေ့၌တရားဇရပ်ထဲသို့ဝင်တော်မူ၏။ကိုယ်တော်သည်ကျမ်းစာဖတ်ရှုခြင်းငှာထတော်မူလျှင်၊၁၇။သူတို့သည်ကိုယ်တော်အားပရောဖက်အီဇာယ၏ကျမ်းကိုပေးကြ၏။ကိုယ်တော်သည်ကျမ်းစာလိပ်ကိုဖွင့်လျှင်တွေ့တော်မူသောကျမ်းချက်မူကား၊၁၈။ထာ၀ရဘုရားသခင်၏ဝိညာဉ်တော်သည်ငါ့အပေါ်၌ရှိတော်မူ၏။အကြောင်းမူကားဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကို ဟောပြောစေခြင်းငှာကိုယ်တော်သည်ငါ့ကိုဆီဖြင့်လိမ်းကျံတော်မူပြီ။ချုပ်နှောင်ခံရသောသူတို့အားလွတ်ငြိမ်းခြင်းကိုကြေညာရန်နှင့်မျက်စိမမြင်သောသူတို့အားမျက်စိအလင်းကိုပေးရန်လည်းကောင်း၊ဖိနှိပ်ခံရသောသူတို့အားကယ်တင်စေခြင်းငှာလည်းကောင်း၊၁၉။ထာ၀ရဘုရားသခင်၏ကျေးဇူးတော်မင်္ဂလာနှစ်ကိုကြေညာရန်လည်းကောင်းကိုယ်တော်သည်ငါ့ကိုစေလွှတ်တော်မူ၏ဟူသောကျမ်းပိုဒ်ကိုဖတ်ကြားတော်မူ၏။၂၀။ထို့နောက်ယေဇူးသည်ကျမ်းစာကိုလိပ်ပြီးလျှင်ယင်းကိုတရားဇရပ်မှူးအား ပြန်ပေး၍ထိုင်တော်မူ၏။တရားဇရပ်၌ရှိသောလူအပေါင်းတို့သည်လည်းကိုယ်တော့်ကိုစေ့စေ့ကြည့်နေကြ၏။၂၁။ထိုအခါကိုယ်တော်ကယခုသင်တို့ကြားရသောကျမ်းစကားသည်ယနေ့ပင်ပြည့်စုံခြင်းသို့ရောက်လေပြီဟုမိန့်တော်မူ၏။-ဒုစရိုက်ပေါများရာအရပ်၌ကျေးဇူးတော်သည်ကြွယ်ဝလျက်ရှိသည်။ဘုရားရှင်သည်မည်သည့်အကြောင်းနှင့်မျှကျွန်ုပ်တို့ကိုစွန့်ပစ်မည်မဟုတ်သော်လည်းကျွန်ုပ်တို့၏ဘဝသည်အေးချမ်းသာယာအဆင်ပြေနေသောအချိန်အခါများတွင်ဘုရားရှင်ကိုကျွန်ုပ်တို့မေ့လျော့နေတတ်ကြပေမည်။ဘုရားရှင်နှင့်ဝေးကွာခြင်းသည်ပစ္စည်းဉစ္စာချို့တဲ့ခြင်းထက်သာ၍ဆိုးသောဆင်းရဲသားနှင့်တူနေပေသည်။ဆင်းရဲသားများဟုဆိုရာတွင်ဘုရားရှင်ကိုအဝေးသို့နှင်လျက်လူသားဆန်ခြင်းကိုခေါက်ချိုးထားကာငါဟူသောအတ္တကမ္ဘာ၌ပိန်းပိတ်မှောင်နေသောအဓမ္မလူသားများလည်းပါဝင်ပါသည်။ဘုရားရှင်ထံပါးမှအပြစ်ကျူးခြင်းကြောင့်အဝေးသို့ထွက်ခွာသွားကြသောကျွန်ုပ်တို့ကိုချစ်ခြင်းမပြယ်သူ့ထံပြန်လာစေ၍အစဉ်လက်ကမ်းကြိုသောဘုရားရှင်သည်ကျွန်ုပ်တို၏ဖြစ်တည်မှုအတိုင်း၊ကျွန်ုပ်တို့၏အရှိအတိုင်းကိုလက်ခံကာ ပြန်လာစေလိုသောဘုရားဖြစ်ပါသည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကောင်းကိုဟောပြောစေခြင်းငှါကိုယ်တော်ရှင်သည်ဆီဖြင့်လိမ်းကျံခြင်းကိုခံရတော်မူသည့်အကြောင်းနှုတ်မြွက်ထားပါသည်။အဘက်ဘက်၌ချွတ်ချွံကျနေသောယနေ့အချိန်ခါများတွင်ကျွန်ုပ်တို့၏မျိုးဆက်များသည်အမှန်တရားအတွက်ရပ်တည်သည် သာမကနေ့တဓူဝရှင်သန်မှုတွင်နေထိုင်ပြသကြသောအခါမတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရသည်။ ဖိနှိပ်ခြင်းခံရသော်လည်းမိမိ၌ရှိသည့်ခွန်အားနှင့်ပြင်းပျသောစိတ်ဓါတ်များဖြင့်အရာရာစွန့်ကာကိုယ်၊ စိတ်၊နှလုံးလွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်ကြသည်။အသက်ပေးဆက်ကျဆုံးသွားကြရသည်။အချို့မှာမူလောကီအရာလိုအပ်ချက်များအတွက်စိုးရိမ်လျက်ပြောင်းလဲခြင်းလှိုင်းဟုန်တွင်ရေသာခိုကာ မိမိ၏အတ္တအမှောင်၌နေထိုင်ကြသောသူများရှိနေသည်။ထိုသို့သောသူများအတွက်ကိုယ်တော်ရှင်ကြွလာခြင်းဖြစ်သည်။ဘုရားရှင်ကိုသိမှတ်ဝန်ခံယုံကြည်သည့်အတွင်းစိတ်၏လွတ်လပ်ခြင်းဖြင့်ဝမ်းမြောက်ခြင်းရှိကြရမည့်ယနေ့ကိုကိုယ်တော်ရှင်စိုးပိုင်တော်မူပါသည်။ သို့ဖြစ်၍သမ္မာတရားရှင်ဘုရားသခင်ကိုစိတ်နှလုံးအတွင်းသိမ်းပိုက်လျက်ဤခက်ခဲပင်ပန်းဆင်းရဲသည့်ကာလအမြန်ဆုံးပြီးဆုံးစေပါမည့်အကြောင်းဇွဲအားမလျှော့ဘဲ တောင်းဆုပြကြပါစို့။ကိုယ်တော်ရှင်၏ပါဝင်တော်မူခြင်းကိုအစဥ်သိမှတ်ကြပါစို့။"အိုသခင်ကိုယ်တော်ကိုယုံကြည်ပါ၏။"

 

 

Daily Reflection