Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-01-24 05:31:56
ဇန်နဝါရီလ၂၅ရက်(အင်္ဂါ​နေ့)
ရှင်မာကု၁၆:၁၅-၁၈
စစ္စတာရ်ထရီဇာ(ISR)

၁၅။ထို့နောက်ကိုယ်တော်ကသူတို့အားမိန့်တော်မူသည်ကားကမ္ဘာအရပ်ရပ်သို့သွားကြ၍ဝေနေယျသတ္တဝါအပေါင်းတို့အားဧဝံဂေလိတရားတော်ကိုဟောပြောကြလော့။၁၆။ယုံကြည်၍ဆေးကြောခြင်းခံယူသောသူတို့သည်ကယ်တင်ခြင်းခံရလိမ့်မည်။မယုံကြည်သောသူမူကားအပြစ်စီရင်ခြင်းခံရလိမ့်မည်။၁၇။ယုံကြည်သောသူတို့၌ဤနိမိတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။သူတို့သည်ငါ၏နာမတော်ကိုအမှီပြုလျက်နတ်ဆိုးများကိုနှင်ထုတ်နိုင်ကြလိမ့်မည်။ဘာသာစကားအသစ်များကိုလည်းပြောဆိုကြလိမ့်မည်။၁၈။သူတို့သည်မြွေဆိုးများကိုကိုင်ဖမ်းကြလိမ့်မည်။သေစေနိုင်သောအရာကိုသောက်မိလျှင်လည်း၎င်းသည်သူတို့ကိုဘေးဖြစ်စေလိမ့်မည်မဟုတ်။သူတို့သည်လူနာများအပေါ်၌မိမိတို့လက်ကိုတင်၍ ထိုသူတို့သည်လည်းပြန်လည်ကျန်းမာလာကြလိမ့်မည်ဟုမိန့်တော်မူ၏။"ဤသည်ကား ခရစ်​တော်သခင်၏မြတ်​သောဧဝံ​ဂေလိတရား​တော်​ပေတည်း။"သာမန်မိသားစုဝင်များအတွက်လုပ်ငန်းခွင်များ၌အပင်ပန်းခံအနစ်နာခံကြ​သောသူများရှိ​သောကြောင့်သာလျှင်မိမိကိုမှီခို​နေ​သောမိမိ​နောက်တွင်ရှိ​နေ​သောမိသားစုဝင်များစားဝတ်​နေ​ရေးဖူလှုံကြ​ရခြင်းဖြစ်ပေမည်။ထိုသို့အဘက်ဘက်အတွက်အသက်​သွေး​ချွေးစွန့်လွှတ်​အနစ်နာခံပေးဆက်ကြ​သောသူများရှိ​သော​ကြောင့်သာလျှင်သမိုင်းတစ်ဆစ်ချိုး​ရခြင်းဖြစ်​ပေသည်။နောင်လာ​နောက်သားများအတွက် ​ကောင်း​မွေ ဆိုး​မွေများကို ခံစားနိုင်ရန် ချန်ထားပေးသောသူများမှာတစ်ချိန်ကဘိုးဘွားများဖြစ်သကဲ့သို့ယ​နေ့ကျွန်ုပ်တို့ပင်ဖြစ်ပါသည်။ယ​နေ့ကြားနာရ​သော အသက်​ပေးသည့်နှုတ်​တော်ထွက်စကားတွင် ခရစ်​တော်သခင်မှကယ်တင်ခြင်းသတင်း​ကောင်းကိုဟော​ပြောရန်တမန်​တော်(၁၁)ပါးတို့မှ စေလွတ်ခြင်းခံရ၍ယုံကြည်ခြင်း​ကြောင့်ခံစားရမည့်​ကျေးဇူး​တော်များနှင့်နိမိတ်လက္ခဏာများအ​ကြောင်းကိုနှုတ်မြွက်ထားပါသည်။သတင်း​ကောင်းအတွက်စွန့်လွတ်​ပေးဆက်အနစ်နာခံကြ​သောတမန်​တော်များ​ကြောင့်သာလျှင်၊မိမိတို့တိုင်းပြည်​နေရပ်များကိုစွန့်၍တိုင်းတစ်ပါးသို့ သာသနာပြုကြ​သောသူများ​ကြောင့်သာလျှင်၊မိမိတို့၏ဘဝအသက်တာကိုသတင်း​ကောင်းအတွက် ​နေထိုင်​ပေးဆက်ကြ​သောရဟန်းသီလရှင်များနှင့်ဓမ္မဆရာ/မများ​ကြောင့်သာလျှင်ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသတင်း​ကောင်းကိုကြားသိရ၍ ဘုရားရှင်ထံမှယုံကြည်ခြင်း​ကျေးဇူး​တော်ကိုရရှိကြခြင်းဖြစ်ပါသည်။ယ​နေ့အသွင်သစ်အမြင်သစ်သာသနာပြုခြင်းသည်ယုံကြည်၍ဆေး​ကြောခြင်းခံပြီး​သောဘာသာတူတိုင်း၏လက်ဝယ်ရှိ​နေပါသည်။​ဟော​ပြော၊ဝတ်ပြု၊သက်​သေခံရမည်မှာကျွန်ုပ်တို့၏တာဝန်ပင်ဖြစ်ပါသည်။ရှင်​​ပေါလု၏အကျင့်​တရားပြောင်းလဲခြင်းပွဲ​နေ့တွင်ဧဝံ​ဂေလိတရား​တော်ကိုမ​ဟော​ပြောရလျှင်ငါ၌အမင်္ဂလာရှိ​၏ဟုရှင်​ပေါလုမိန့်ဆိုခဲ့သည့်အတိုင်းကျွန်ုပ်တို့သည်ယုံကြည်သူများဖြစ်လျက်နှင့်ခံစားရ​သော​ကျေးဇူး​တော်များကိုသက်​သေခံဟော​ပြောခြင်းမပြုနိုင်ပါလျှင်အမင်္ဂလာရှိ​​သောသူများမဖြစ်ကြ​စေရန်အတွက်ဧဝံ​ဂေလိသတင်း​ကောင်းအတိုင်းနေထိုင်ကြပါစို့။"အိုသခင်တပည့်​တော်၏​ကောင်း​သောအကျင့်ပုံစံအားဖြင့်ကိုယ်​တော်ရှင်ကိုသက်​သေခံနိုင်​စေ​တော်မူပါ။"

 

   

 

Daily Reflection