ဇန်နဝါရီ(၂၈)ရက်(သောကြာနေ့)
ရှင်မာကု(၄:၂၆-၃၂)
စစ္စတာရ်ထရီဇာ(ISR)
၂၆။တစ်ဖန်ကိုယ်တော်ကဘုရားသခင်၏နိုင်ငံတော်သည်မြေပေါ်၌လူတစ်ဦးမျိုးစေ့ကြဲခြင်းနှင့်တူ၏။၂၇။သူသည်မျိုးစေ့ကိုကြဲပြီးနောက်ညနှင့်နေ့အလျောက်အိပ်သည်ဖြစ်စေ၊နိုးနေသည်ဖြစ်စေမျိုးစေ့သည်အပင်ပေါက်လျက်ကြီးထွားလာ၏။အဘယ်ကဲ့သို့ကြီးထွားလာနေသည်ကိုမူသူမသိရှိပေ။၂၈။အကြောင်းမူကားမြေကြီးသည်အလိုအလျောက်သီးပွင့်စေတတ်၍ရှေးဦးစွာအညှောက်၊ထို့နောက်အနှံ၊ထိုမှအနှံအောင်၍အဆန်ကိုဖြစ်စေ၏။၂၉။အသီးများမှည့်သောအခါတွင်မူသူသည်တံစဉ်နှင့်ချက်ချင်းရိတ်လေ၏။အဘယ်ကြောင့်ဆိုသော်သီးနှံရိတ်သိမ်းချိန်ကျရောက်ပြီဖြစ်သောကြောင့်တည်းဟုမိန့်တော်မူ၏။-ကျွန်ုပ်တို့သည်သူတစ်ပါးကိုတစ်စုံတစ်ခုသောအကြောင်းအရာအတွက်ပြောဆိုဆုံးမသောအခါတစ်ဘက်သားမှချက်ခြင်းနာယူ၍အပြုသဘောဆောင်ကာပြောင်းလဲသွားသောတုံ့ပြန်မှုကိုလိုချင်မျော်လင့်တတ်ကြပါသည်။မကောင်းသောအကျင့်တစ်ခုသို့မဟုတ်လူမှုအသိုင်းအဝိုင်းကလက်မခံသောပြစ်မှုတစ်ခုသို့မဟုတ်ကျွန်ုပ်တို့ပင်မသိသောကိုယ့်ကိုကိုယ်အပြစ်ရောက်စေသောအရာတစ်ခုခုကိုကျူးလွန်ရန်မှာမျက်စိတစ်မှိတ်လျပ်တပြက်အတွင်းတွင်ပင်လွယ်ကူလွန်းသော်လည်းယင်းကိုပြန်လည်တည့်မတ်နိုင်ရန်မှာပြုပြင်ပေးဆက်ဆပ်ဖြေခံစားရမည်မှာကြာရှည်နေတတ်ပေသည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ကောင်းကင်နိုင်ငံတော်သည်လူတစ်ဦးသည်မြေပေါ်၌မျိုးစေ့များကိုကြဲသည်နှင့်တူပြီးထိုလူမသိသောအချိန်၌ပင်ကြီးထွားရှင်သန်သီးပွင့်လာကာရိတ်သိမ်းချိန်ရောက်သောအခါမှသာလျင်ရိတ်သိမ်းကြောင်းနှုတ်မြွက်ထားပါသည်။ယခုကျွန်ုပ်တို့သည်အမှန်တရားမျိုးစေ့၊ဓမ္မမျိုးစေ့ကိုစိုက်ပျိုးနေသောအချိန်ဖြစ်ပါသည်။ကျွန်ုပ်တို့နှင့်အမြင်မတူသူများကကျွန်ုပ်တို့ကိုနှိမ်နှင်းဆန့်ကျင်မည်ဖြစ်သော်လည်း၎င်းမျိုးစေ့သည်အပင်ပေါက်လာနေပြီဖြစ်သည်။အကြောင်းမှာ၎င်းကိုရှင်သန်စေသူမှာသမ္မာတရားရှင်ဘုရားသခင်ပင်ဖြစ်သည်။ကျွန်ုပ်တို့၏ဘုရားရှင်သည်စိတ်ရှည်သောဘုရား၊သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊လက်စားချေခြင်းကိုစိုးပိုင်၍ကျွန်ုပ်တို့အတွက်ပြုမူပေးမည့်ဘုရားဖြစ်ပါသည်။ရိတ်သိမ်းသောအခါလူစုံမည်မဟုတ်သော်လည်းနောက်လူအတွက်လွတ်လပ်စွာရိတ်သိမ်းခွင့်ရကြမည်ဖြစ်သောကြောင့်ဇွဲအားမလျှော့၊တည်ကြည်သောနှလုံးသားဖြင့်ဘုရားရှင်လက်ဝယ်အပ်နှံထားကြပါစို့။"အိုသခင်ကိုယ်တော့်ကိုယုံကြည်ပါ၏။"