ဇန်နဝါရီလ(၃၀)ရက်(စတုတ္ထသာမန်တနင်္ဂနွေနေ့)
ရှင်လုကာ(၄:၂၁–၃၀)စစ္စတာရ်ထရီဇာ(ISR)
၂၁။ထိုအခါကိုယ်တော်ကယခုသင်တို့ကြားရသောကျမ်းစကားသည်ယနေ့ပင်ပြည့်စုံခြင်းသို့ရောက်လေပြီဟုမိန့်တော်မူ၏။၂၂။လူအပေါင်းတို့သည်လည်းကိုယ်တော့်ကိုချီးမွမ်းပြောဆိုကြ၍ကိုယ်တော်၏နှုတ်တော်မှထွက်လာသည့်သိမ်မွေ့သောစကားများကိုအံ့ဩကြလျက်ဤသူသည်ဂျိုးဇက်၏သားမဟုတ်လောဟုမေးကြ၏။၂၃။ကိုယ်တော်ကလည်းသင်တို့သည်ငါ့အားအချင်းဆေးဆရာ၊သင့်ကိုယ်သင်ကုသပါလော့ဟူသောဆိုရိုးစကားဖြင့်လည်းကောင်း၊ကာဖာနာအုမ်မြို့၌သင်ပြုခဲ့သောအမှုတို့ကိုငါတို့ကြားသိပြီးဖြစ်၍သင်၏နေရင်းမြို့၌လည်းထိုနည်းတူပြုလော့ဟူ၍လည်းကောင်းအမှန်ပင်ပြောဆိုကြလိမ့်မည်။၂၄။သို့သော်သင်တို့အားငါအမှန်ဆိုသည်ကားမည်သည့်ပရောဖက်မျှမိမိနေရင်းမြို့၌မျက်နှာမရချေ။၂၅။အမှန်ဆိုရလျှင်ပရောဖက်ဧလိယလက်ထက်၌ကောင်းကင်သည်သုံးနှစ်နှင့်ခြောက်လပတ်လုံးပိတ်လျက်ရှိ၍နိုင်ငံတစ်ဝန်းလုံး၌ကြီးစွာသောအစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သည့်ကာလ၌အစ္စရာအဲလ်ပြည်တွင်မုဆိုးမများစွာရှိကြ၏။၂၆။သို့ရာတွင်ပရောဖက်ဧလိယသည်စီဒွန်နယ်၊ဇာရေဖတ်မြို့ရှိမုဆိုးမတစ်ဦးမှတစ်ပါးအခြားမည်သူ့ထံသို့မျှစေလွှတ်ခြင်းမခံခဲ့ရပေ။၂၇။ပရောဖက်ဧလိဇေးဦးလက်ထက်၌အစ္စရာအဲလ်ပြည်တွင်အနာကြီးရောဂါစွဲသောသူများစွာရှိသော်လည်းဆီးရိယပြည်သားနာမန်မှတစ်ပါးမည်သူမျှပျောက်ကင်းစင်ကြယ်ခွင့်မရခဲ့ကြဟုမိန့်တော်မူ၏။၂၈။တရားဇရပ်တွင်ရှိသောလူအပေါင်းတို့သည်လည်းဤစကားကိုကြားသောအခါအမျက်ပြင်းစွာထွက်ကြ၏။၂၉။ထိုအခါသူတို့သည်ထ၍ကိုယ်တော့်ကိုမြို့ပြင်သို့ထုတ်ပြီးလျှင်မြို့တည်ရှိရာတောင်ထိပ်စွန်းမှတွန်းချခြင်းငှာခေါ်ဆောင်သွားကြ၏။၃၀။သို့ရာတွင်ကိုယ်တော်သည်သူတို့အလယ်မှလျှောက်၍ကြွသွားတော်မူ၏။“မှန်တာပြောရင်ရွာပြင်ထုတ်ခံရတတ်တယ်ဟူသောဆိုရိုးစကားသည်ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်အမှန်တရားကိုမိန့်တော်မူသည့်ခရစ်တော်သခင်ကိုလက်မခံနိုင်၍ခံရခက်လှသည့်ကျမ်းတတ်ဆရာများတို့မှမြို့ပြင်သို့ထုတ်ပြီးတောင်ထိပ်စွန်းမှတွန်းချလိုသည့်အတိုင်းဖြစ်နေပေမည်။မှန်သောစကားသည်မှားသောသူအတွက်ရိုက်နှက်ခံရခြင်းထက်ပို၍နာကျင်ခံခက်လှပေမည်။အမှန်တရားသည်လိမ်ညာတတ်သောသူများအတွက်ချွန်ထက်ကာခါးသက်လှသည့်အရာများကိုမျိုချရသည်နှင့်တူနေပေသည်။အမှန်တရာကိုမြတ်နိုးသူများတို့၏လုပ်ဆောင်မှု၊ပြောဆိုမှုတိုင်းသည်လမ်းလွဲနေသောသူ၊အမှားကိုအမှန်ထင်နေသောသူ၊ဖာတိဖာသာနေသောသူများကိုခနဲ့နေသကဲ့သို့၊ရွဲ့နေသကဲ့သို့ဖြစ်နေပေလိမ့်မည်။သူတို့ကိုနှလုံးကိုဓါးနဲ့နိုးဆွသကဲ့သို့ခံစားရတတ်ကြပေမည်။အမှန်တရားကိုမြတ်နိုးသူများသည်မှားယွင်းလမ်းလွဲနေသူများကိုပြန်လည်တည့်မတ်ပေးလိုကြပါသည်။သို့ဖြစ်၍ကျွန်ုပ်တို့နှင့်အမြင်မတူ၊ခံယူချက်ကွဲပြားနေသူများနှင့်ငြင်းခုံကာခွဲခြားနေရန်မလိုအပ်ပေ။အမှန်တရား၏တန်ဘိုးကိုသာရှင်သန်ပြသကာသမ္မာတရားရှင်ခရစ်တော်သခင်၏နောက်လိုက်ယုံကြည်သူများအဖြစ်ကျွန်ုပ်တို့၏အသက်တာကိုအဓိပ္ပါယ်နှင့်ပြည့်ဝစေရန်သာလိုအပ်ပါသည်။ထို့ကြောင့်ကျွန်ုပ်တို့ကြောက်ရွံ့နေစရာမလိုပေ။သူတစ်ပါး၏အမြင်ထက်မိမိ၏ဩတ္တပ္ပစိတ်သန့်ရန်သာလိုအပ်နေပါသည်။ကျွန်ုပ်တို့ကိုဝိုင်းဝန်းတွန်းတိုက်ဆွဲ၍တွန်းချရန်မည်သို့ပင်စီစဉ်နေပါစေ၊သူတို့အကြားမှရဲဝံ့စွာပြန်လည်လျှောက်လာနိုင်ရန်ခရစ်တော်သခင်ကိုပုံတုယူကြပါစို့။သမ္မာတရားရှင်ဘုရားသခင်သည်ကျွန်ုပ်တို့ဘက်တွင်ကပ်ကမ္ဘာကုန်သည့်တိုင်အောင်ရှိနေမည်ဖြစ်သောကြောင့်တည်း။"အိုသခင်ကိုယ်တော့်ကိုယုံကြည်ပါ၏။"