ဖေဖေါ်ဝါရီလ(၄)ရက်(သောကြာနေ့)
ရှင်မာကု(၆:၁၄-၂၉)
စစ္စတာရ်ထရီဇာ(ISR)
၁၄။ယေဇူး၏သတင်းသည်ထင်ရှားကျော်စောလာသဖြင့်ဟေရုဒ်မင်းသည်ဤအကြောင်းကိုကြားလေ၏။အချို့ကယောဟန်ဘတ္တိဇံသည်သေရာမှပြန်ရှင်လေပြီ၊ထို့ကြောင့်သူသည်အံ့ဖွယ်တန်ခိုးများကိုပြနိုင်သည်ဟုဆိုကြ၏။၁၅။အချို့ကမူသူသည်ပရောဖက်ဧလိယဖြစ်သည်ဟုဆိုကြ၏။အချို့ကလည်းသူသည်ရှေးကာလကပရောဖက်များကဲ့သို့ပရောဖက်တစ်ပါးဖြစ်သည်ဟုဆိုကြ၏။၁၆။သို့သော်ထိုအကြောင်းကိုဟေရုဒ်မင်းကြားရလျှင်ငါခေါင်းဖြတ်သတ်ခဲ့သောယောဟန်သေရာမှပြန်ရှင်လေပြီဟုဆိုလေ၏။၁၇။အကြောင်းမူကားဟေရုဒ်သည်ညီဖြစ်သူဖိလိပု၏ဇနီးဟေရုဒ္ဒိယကိုပေါင်းသင်းသဖြင့်သူမအတွက်ကြောင့်ယောဟန်ကိုလူလွှတ်ဖမ်းဆီးစေပြီးထောင်၌ချုပ်နှောင်ခဲ့၏။၁၈။အဘယ်ကြောင့်ဆိုသော်ယောဟန်ကမင်းကြီးသည်မိမိညီ၏ဇနီးကိုသိမ်းယူပေါင်းသင်းခြင်းမပြုအပ်ဟုသူ့အားဆိုခဲ့သောကြောင့်ဖြစ်၏။၁၉။ဟေရုဒ္ဒိယသည်လည်းသူ့အပေါ်ရန်ငြိုးထား၍သတ်ခြင်းငှာအလိုရှိသော်လည်းမတတ်နိုင်ပေ။၂၀။အကြောင်းမူကားယောဟန်သည်ဖြောင့်မတ်၍သန့်ရှင်းသောသူဖြစ်သည်ကိုဟေရုဒ်သိသဖြင့်သူ့ကိုကြောက်ရွံ့၍လုံခြုံစွာထိန်းသိမ်းထားလေ၏။ဟေရုဒ်သည်ယောဟန်၏စကားကိုကြားနာရသည့်အခါတိုင်းစိတ်ရှုပ်ထွေးသော်လည်းသူ့စကားကိုလိုလိုလားလားနားထောင်လေ့ရှိ၏။၂၁။ဟေရုဒ်သည်မိမိ၏မွေးနေ့၌မှူးမတ်များ၊စစ်သူကြီးများနှင့်ဂါလေလေးယနယ်မှခေါင်းဆောင်များကိုညစာတည်ခင်းကျွေးမွေးသောအခါတွင်မူဟေရုဒ္ဒိယအတွက်အခါအခွင့်သင့်လာလေ၏။၂၂။ဤတွင်ဟေရုဒ္ဒိယ၏သမီးသည်ဝင်ရောက်၍အကဖြင့်ဖျော်ဖြေသောအခါဟေရုဒ်မင်းနှင့်သူ၏ဧည့်သည်များ၏စိတ်ကိုကြည်နူးစေသဖြင့်ဘုရင်ကသူငယ်မအားသင်အလိုရှိရာကိုတောင်းလော့၊ငါသည်သင့်အားထိုအရာကိုပေးသနားမည်ဟုဆိုလေ၏။၂၃။ထို့နောက်သူကသင်တောင်းလျှင်ငါ၏နိုင်ငံတစ်ဝက်ကိုပင်သင့်အားငါပေးမည်ဟုကျိန်ဆိုလေ၏။၂၄။ထိုအခါသူငယ်မသည်ထွက်သွား၍မိမိ၏မိခင်ဖြစ်သူအားမည်သည့်အရာကိုကျွန်မတောင်းခံရမည်နည်းဟုမေးလျှင်သူမကယောဟန်ဘတ္တိဇံ၏ဦးခေါင်းကိုတောင်းလော့ဟုဆို၏။၂၅။သူငယ်မသည်လည်းချက်ချင်းပင်ဘုရင်၏ရှေ့တော်သို့ဝင်၍ယောဟန်ဘတ္တိဇံ၏ဦးခေါင်းကိုလင်ပန်းတွင်ထည့်၍ယခုပင်ကျွန်မအားပေးစေလိုပါသည်ဟုတောင်းလျှောက်လေ၏။၂၆။ထိုအခါမင်းကြီးသည်လွန်စွာဝမ်းနည်းသော်လည်းမိမိကျိန်ဆိုထားသောစကားနှင့်မိမိ၏ဧည့်သည်တော်များကြောင့်သူမအားပေးထားသောမိမိ၏ကတိကိုမဖျက်လိုချေ။၂၇။သို့ဖြစ်၍ဘုရင်သည်ကိုယ်ရံတော်တပ်သားတစ်ဦးကိုချက်ချင်းစေလွှတ်၍ယောဟန်၏ဦးခေါင်းကိုယူလာရန်အမိန့်ပေးလေ၏။ထိုသူသည်လည်းသွား၍ယောဟန်၏ဦးခေါင်းကိုအကျဉ်းထောင်ထဲ၌ဖြတ်လေ၏။၂၈။ထို့နောက်သူ၏ဦးခေါင်းကိုလင်ပန်းတွင်ထည့်၍ယူလာပြီးသူငယ်မအားပေး၏။သူငယ်မသည်လည်း၎င်းကိုသူမ၏မိခင်အားပေးလေ၏။၂၉။ယောဟန်၏တပည့်များသည်ဤသတင်းကိုကြားသောအခါလာကြ၍သူ၏အလောင်းကိုယူပြီးလျှင်သင်္ချိုင်းတွင်းတစ်ခု၌သဂြိုဟ်ကြလေ၏။"မိဘဆရာသမားများ၏အလိုကျနေထိုင်ကာပြောဆိုဆုံးမသမျှသောစကားများကိုနားထောင်တတ်သည့်သားသမီးတပည့်များကိုလိမ္မာရေးခြားရှိသောသူများ၊နာခံတတ်သောသူများအဖြစ်ကျွန်ုပ်တို့ချီးမွမ်းတတ်ကြပါသည်။အခြားသောသူများထက်ပို၍မေတ္တာပြတတ်ကြပါသည်။ထိုသို့သောအခါများတွင်မေတ္တာမရခြင်း၊အပြစ်တင်ငြိုငြင်ခံရခြင်းစသောအရာများနှင့်အတူမိမိ၌လိုအပ်သည့်ထောက်ပံ့ကူညီမှုများမရမည်ကိုစိုးရိမ်ကြောင့်ကျခြင်းကြောင့်မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့်လွတ်လပ်ခွင့်ကိုပင်သတိမမူဂရုမစိုက်တော့ဘဲသက်ဆိုင်ရာများ၏အလိုလိုက်အကြိုက်ဆောင်ကာအမှားကိုအမှားမှန်းမသိတော့သည်အထိဩတ္တပ္ပစိတ်ကင်းမဲ့ပြီးအမှောင်ကျသွားသောသူများလည်းရှိတတ်ကြပါသည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်လူမှုရေးဖေါက်ပြန်သည့်ဟေရုဒ်မင်းကိုထိုသို့မပြုသင့်ကြောင်းသွားရောက်ပြောဆိုသတိပေးသည့်ယောဟန်ဘတ္တိဇံ၏ဦးခေါင်းကိုဖြတ်ပေးရန်တောင်းဆိုသည့်ဟေရုဒ္ဒိယ၏တောင်းဆိုမှုကိုဘုရင်ကလိုက်လျောပေး၍ကိုယ်ရံတော်တပ်သားကိုအမိန့်ပေးခိုင်းစေရာတွေဝေတုံ့ဆိုင်းခြင်းမရှိအမိန့်နာခံသည့်ကိုယ်ရံတော်တပ်သား၏အကြောင်းနှုတ်မြွက်ထားပါသည်။ယနေ့မျက်မှောက်ကာလတွင်ထိုတပ်သားကဲ့သို့စုံလုံးကန်းသည့်နောက်လိုက်များစွာရှိနေပါသည်။ဉာဏ်ကိုလွှာသုံးနိုင်သည့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောကာလ၌ပင်လူသားဆန်သည့်စိတ်ဓါတ်ပျောက်ကွယ်ကာမိစ္ဆာဆန်ဆန်ပြုမူတတ်ကြသောသူများအတွက်ရှင်သန်ပေးကြသောသူများရှိကြပါသည်။ဆိုးရွားသောအမှောင်ခေတ်တွင်လူဖြစ်နေရသောကျွန်ုပ်တို့အတွက်စိန်ခေါ်မှုများပင်ဖြစ်ပါသည်။မည်သို့ပင်ဖြစ်စေ၊အမှန်တရားအတွက်အသက်ပင်စတေးဝံ့သည့်ရှင်ယောဟန်ဘတ္တိဇံသည်သာသမိုင်းလှမြဲလှဆဲဖြစ်နေခြင်းသည်ကျွန်ုပ်တို့အတွက်အားဖြစ်နေပါသည်။"အိုသခင်ကိုယ်တော်ရှင်အတွက်ကျွန်ုပ်ကိုအသုံးပြုတော်မူပါ။"