Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-02-06 22:48:34
                                 ပဉ္စမသာမန်တနင်္ဂနွေနေ့ နှစ်(C) 
တိုလီမုတ်စဩဝါဒ (လုကာ ၅:၁-၁၁)
Rev.Fr.Bernardino NeNe(PMS National Director)
Posted by Sr.Benedetta Myat Hnin Nwe(I.S.R.)

ယခုပတ်ပဉ္စမသာမန်တနင်္ဂနွေနေ့မှာ ဖတ်ရှုဆင်ခြင်ရတဲ့ကျမ်းစာတော်များက ခရစ်ယာန်အားလုံးရဲ့ သာသနာပြုခြင်းဆိုင်ရာအသိစိတ်ကို ပြန်လည်နိူးထရှင်သန်ဖို့ ဖိတ်ခေါ်နေပါတယ်။ ပထမကျမ်း(ယေရှာယ ၆:၁-၈)မှာ ပရောဖက်ယေရှာယကို သာသနာပြုဖို့ စေလွှတ်တဲ့အကြောင်း ဖော်ပြပေးထားတယ်။ ယေရှာယက သူဟာ အပြစ်သားထဲကအပြစ်သားတစ်ယောက်မို့ ညစ်ညူးသောသူ၊ မထိုက်တန်သူသာ ဖြစ်တယ်လို့ မှတ်ယူပြီး သာသနာပြုသွားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ယင်းအချိန်မှာ ကောင်းကင်တမန်တစ်ပါးက မီးခဲတခဲနဲ့ သူ့နူတ်ခမ်းကို တို့ထိပြီး ဖြောင့်မတ်စင်ကြယ်စေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ “အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ဆိုပြီး တက်ကြွအားရစွာ ဘုရားပေးတာဝန်ကို ဆက်ကပ်ထမ်းရွက်ခဲ့ပါတယ်။ 
မျက်မှောက်အသင်းတော်မှာ မီးအစား ဆေးကြောခြင်းမင်္ဂလာရေကို ပိုမိုညွှန်းဆိုအသုံးပြုလာကြတ်။ ကျမ်းစာတော်မြတ်အသုံးအနှုန်းမှာ မီးနဲ့ရေဆိုတာ ဝိညာဉ်တော်မြတ်ကို ကိုယ်စားပြုပါတယ်။ ဆိုတော့ မီးခဲနဲ့ မိမိနူတ်ခမ်းကိုတို့ထိပြီး စင်ကြယ်လာခဲ့တဲ့ ယေရှာယနည်းတူ ဆေးကြောခြင်းမင်္ဂလာကို ခံပြီးသူတိုင်းက ဝိညာဉ်တော်တန်ခိုးအားဖြင့် ဖြောင့်မတ်စင်ကြယ်ခြင်းကို ခံယူရရှိပြီး သာသနာပြုများအဖြစ် ဆက်ကပ်ရှင်သန်သွားကြရပါမယ်။ သာသနာပြုခြင်းဆိုင်ရာအသိစိတ် ပြန်လည်နိူးထရှင်သန်ဖို့အလိုငှါ သတိပေးခေါင်းလောင်မြည်တဲ့အချိန်က နှစ်ချိန်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ပထမတချိန်က မိမိတို့ဘဝထဲက ကြုံတွေ့နေကြရတဲ့ဒုက္ခဆင်းရဲြင်းများဟာ သတိပေးခေါင်းလောင်းရဲ့ မြည်သံကို တနည်းအားဖြင့် နားဆင်လိုက်ရချိန်ပါ။ ၁-ကော် မှာ ရှင်ပေါလူးက ယေဇူးရှင်ရဲ့ သာသနာပြုအမှုတော်အတွက် တမန်တော်ကြီးများဟာ ဖိတ်ခေါ်ခံရကြောင်း စပြောပြီး သူကိုယ်သူလည်း မထိုက်တန်တဲ့တမန်တော်အဖြစ် ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ ပေါလူးတဖြစ်လဲ စောလူးက သူ့ဘဝမှာ ကျော်ကြားမှု၊ အာဏာပိုင်ဆိုင်မှုတွေနောက် ဦးစွာအငမ်းမရလိုက်လံရှာဖွေနေရင်း သာသနာပြုဖို့ မေ့လျော့ကျောခိုင်းထားခဲ့တယ်။  ဒါမတ်စကူးမြို့လမ်းခရီးမှာ ပြဇတ်ဆန်စွာ ယေဇူးရှင်နဲ့တွေ့ကြုံခဲ့ပြီး အကျင့်တရားပြောင်းလဲခဲ့တယ်။ ရက်အနည်းငယ်ကြာ မျက်ကန်းဘဝနဲ့ နေခဲ့ရတယ်။ နှစ်နဲ့ချီပြီး အာရေဗျတောကန္တာရရဲ့ ပူပြင်းလှတဲ့ ရာသီဥတုဒဏ်အောက်မှာ နေထိုင်ခဲ့ရပြန်တယ်။ ဒီဒုက္ခတွေက ပေါလူးကို ပြသာနာစုသူမှ သည်သာသနာပြုသူဘဝသို့ ပို့ဆောင်ပေးခဲ့တယ်။ မိမိတို့အနေနဲ့လည်း ပေါ်ထင်မှု၊ သာယာမှု၊ အောင်မြင်မှု၊ နေရာပါဝါနဲ့ အာဏာတွေရဲ့နောက်ကိုလိုက်လျှောက်ရင်း သာသနာပြုဖို့ထက် ဝါသနာပြုနေမိခဲ့ကြရင် ဘုရားရှင်က မိမိတို့ကို ဒုက္ခပြသာနာတွေအားဖြင့် ပြန်သတိဝင်နိုင်ကြဖို့ အသာအယာလေး အလင်းပြဆုံးမတတ်ပါတယ်။ဒုတိယသတိပေးခေါင်းလောင်းမြည်သံကို ပျော်ရွှင်ကြည်နူးချိန်အားဖြင့်လည်း ကြားနာဆင်ခြင်စေတတ်ပါတယ်။ ရှင်လုကာဧဝံဂေလိကျမ်းက ယေဇူးဘုရားရှင်ဟာ သူ့ရဲ့ ပထမဆုံးသောတပည့်တော်ကြီးများကို ဖိတ်ခေါ်ခဲ့တဲ့အကြောင်း ဖော်ပြပေးပါတယ်။ သူတို့တွေက ကျွမ်းကျင်တံငါသည်ကြီးများ ဆိုငြားလည်း ထိုနေ့တစ်နေ့မှာတော့ ငါးတစ်ကောင်မျှ မဖမ်းမိနိုင်ခဲ့ပါ။ ကိုယ်တော်ရှင်ရဲ့နူတ်တော်မြွက်စကားအတိုင်း နာခံလုပ်ဆောင်ကြရာမှာ အနီးဝန်းကျင်က တံငါသည်များကိုပါ ငါးများစွာကို ကူသိမ်းပေးဖို့ ပြောခဲ့ရရှာတယ်။ ငါးများစွာ ဖမ်းမိလို့ ပြုံးပျော်ကြည်နူးနေချိန်မှာ ကိုယ်တော်က သူတို့ကို လူကိုဖမ်းတဲ့တံငါသည်အများအဖြစ် ဖိတ်ခေါ်ခဲ့ပါတယ်။ မိမိတို့ဘဝမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းမှတဆင့် ကိုယ်တော်ရဲ့ သာသနာပြုသာဝကများအဖြစ် ဖိတ်ခေါ်ခံရနိုင်ပါတယ်။ ရှင်ပေါလူးက ဒုက္ခပြသာနာကြားမှာ သာသနာပြုဆိုင်ရာစိတ်ဓါတ်လေး ပြည့်ဝရှင်သန်လာခဲ့တယ်။ ရှင်ပေါလူးလိုဘဲ မိမိတို့လည်း အမြင့်(မြင်း) ပေါ်ကနေ အောက်ခြေ(မြေကြီး)ကို ဆင်းကြရမယ်။ အထက်ကို မျှော်ကြည့်ကြရမယ်။ အထက်ကကမ်းပေးတဲ့ ဘုရားရှင်ရဲ့လက်တော်ကို သတိပြုဖူးမြင်ကြဖို့ လိုအပ်မယ်။ နောက်ထပ်တစ်နည်းအနေနဲ့ ပျော်ရွှင်မှုကိုသာ ငန်းငန်တက်ရှာဖွေရင်း တဒင်္ဂပျော်ရွှင်မှုကုန်ဆုံးသွားချိန်မှာ ငိုကြွေးပူဆွေးကြရမှာကို သတိပြုဆင်ခြင်ကြရမယ်။ ရှင်ပေတရုက များပြားလှတဲ့ ငါးတွေကိုကျော်ပြီး ဘုရားရဲ့သားတော်ကို ဖူးမြင်နိုင်ခဲ့သလို ဘဝရဲ့တဒင်္ဂပျော်ရွှင်မူကို ကျော်လွန်ပြီး ‘သင့်ကို ငါစေလွှတ်မယ်’လို့ မိန့်ကြားတဲ့ ယေဇူးဘုရားရှင်ရဲ့ ချိုမြတ်တဲ့ ဖိတ်ခေါ်သံကို နာခံတုန့်ပြန်ကြပါစို့။
</div>
    	
    </div><!-- end of dlastcontainer -->
    
 
	<div class=Daily Reflection