၁၄။တစ်ဖန်ကိုယ်တော်သည်လူအစုအဝေးတို့ကိုမိမိအထံတော်သို့ခေါ်တော်မူ၍သူတို့အားမိန့်တော်မူသည်ကားသင်တို့သည် )ငါ့ကိုနားထောင်၍နားလည်သိမှတ်ကြလော့။၁၅။လူ၏ပြင်ပမှလူ့ခန္ဓာကိုယ်အတွင်းသို့ဝင်၍လူကိုညစ်ညူးစေနိုင်သောအရာတစ်ခုမျှမရှိ။သို့သော် လူ၏အတွင်းမှထွက်လာသောအရာတို့မူကားလူကိုညစ်ညူးစေနိုင်၏။၁၆။ကြားခြင်းငှာနားရှိသောသူသည်ကြားပါစေဟုမိန့်တော်မူ၏။၁၇။ကိုယ်တော်သည်လူအစုအဝေးထံမှထွက်ခွာ၍အိမ်အတွင်းသို့ဝင်တော်မူသောအခါတပည့်တော်တို့ကထိုပုံဥပမာအကြောင်းကိုမေးမြန်းကြ၏။၁၈။ကိုယ်တော်ကသင်တို့သည်လည်းနားမလည်နိုင်ကြသလော။လူ၏ပြင်ပမှလူ၏ခန္ဓာကိုယ်ထဲသို့ဝင်သမျှအရာသည်လူကိုမညစ်ညူးစေကြောင်းသင်တို့မသိမမြင်ကြသလော။၁၉။အကြောင်းမူကားဝင်လာသောအရာသည်စိတ်နှလုံးထဲသို့မဝင်ဘဲဝမ်းထဲသို့ဝငပြီးပြင်ပသို့ရောက်သွားသည်မဟုတ်လောဟုမိန့်တော်မူ၏။(ဤသို့ဆိုခင်းဖြင့်အစားအစာအားလုံးမှာ သန့်ရှင်းသည်ဟုကိုယ်တော်မိန့်တာ်မူခြင်းဖြစ်၏။)၂၀။တစ်ဖန်ကိုယ်တော်ကလူ၏အတွင်းမှလာသမျှသည်လူကိုညစ်ညူးစေ၏။၂၁။အကြောင်းမူကားလူအတွင်းရှိစိတ်နှလုံးထဲမှမကောင်းသောအကြံအစည်များ၊ကာမဂုဏ်ကျူးလွန်ခြင်း၊သူတစ်ပါး၏ပစ္စည်းကိုခိုးယူခြင်း၊လူ့အသက်ကိုသတ်ခြင်း၊သတစ်ပါးသားမယားကိုပြစ်မှားခြင်း၂၂။လောဘကြီးခြင်း၊ကောက်ကျစ်စဉ်းလဲခြင်း၊လိမ်လည်လှည့်ဖြားခြင်း၊ကိလေသာစိတ်ပြင်းပြခြင်း၊မနာလိုခြင်း၊အသရေဖျက်ခြင်း၊ မာနထောင်လွှားခြင်းနှင့်မိုက်မဲခြင်းစသည်တို့ထွက်ပေါ်လာကြ၏။၂၃။မကောင်းသောဤအရာအားလုံးသည် လူ၏အတွင်းမှထွက်လာ၍လူကိုညစ်ညူးစေကြ၏ဟုမိန့်တော်မူ၏။ "မိမိ၏တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပုံမှန်မပြုသောသူကိုပြုလုပ်ရန်ကျွန်ုပ်တို့သတိပေးပြောဆိုခြင်းများ၊ပြစ်တင်ခြင်းများစသဖြင့် ရှိတတ်ကြပေမည်။သန့်ရှင်းသပ်ရပ်စွာနေထိုင်သော်လည်းလူမှုအသိုင်းအဝိုင်းမှ လက်သင့်မခံသည့်အပြစ်များပြုလုပ်ပါမူ၊မိမိအတ္တ၌သာကျင်လည်၍ အားနည်းချက်များကိုလုပ်ပိုင်ခွင့်ပမာ အခွင့်အရေးယူပြောဆိုပြုမူနေထိုင်တတ်ကြပါမူထိုသို့သောသူများကို ကျွန်ုပ်တို့နှာခေါင်းရှုံ့တတ်ကြပေမည်။
ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ပြင်ပသဏ္ဍန်ပြင်ပအရာများထက်လူ၏စိတ်အတွင်းမှထွက်လာသောအရာများသည်သာဘုရားရှင်၏ရွှေပုံသဏ္ဌာန်နှင့်ဖန်ဆင်းထားခြင်းခံရသောကျွန်ုပ်တို့လူသားများကိုညစ်ညူးစေနိုင်ကြောင်းနှုတ်မြွက်ထားပါသည်။အာပတ်ဖြေရန် အကြောင်းဖန်သောအခါ“အာပါတ်ဖြေမလား”ဟုမေးသောစစ္စတာရ်ကို“ဖြေသေးဘူး၊ကျွန်မလူတစ်စုကိုစွာရဦးမယ်”ဟူ၍ပြန်ဖြေခဲ့မိသောကျွန်ုပ်၏အတွင်းစိတ်ကိုပြန်ဆန်းစစ်မိပါသည်။နေ့စဉ်မစ္ဆားတရားတော်မြတ်တွင်ကြားနာရသည့်ဧဝံဂေလိတရားတော်သမ္မာကျမ်းချက်ကို ကျွန်ုပ်၏ဘဝအနက်အဓိပ္ပါယ်နှင့် ထောက်ရှုဝေမျှသောအခါရင်တွင်း၌ရှိနေသောခံစားချက်များ၊နာကျင်ခါးသီးမှုများကိုရှင်းလင်းစွာတွေ့မြင်ရပါသည်ဟူ၍အပြုသဘောဆောင်သည့်စကားလုံးများဖြင့်နှစ်သိမ့်သတိပေးစကားများရရှိခဲ့ပါသည်။ဤအတွက်လည်းကျေးဇူးတင်ပါသည်။မည်သို့ပင်ဖြစ်စေ၊ကျွန်ုပ်၏ခံစားရခက်နေခြင်းများကိုဘုရားရှင်အားယုံကြည်မျော်လင့်ခြင်းများဖြင့်ခွန်အားယူကာဝေမျှခြင်းသာဖြစ်ကြောင်း တွေးမြင်မိပါသည်။ယုံကြည်မိပါသည်။နာကျင်မှုများမှစာနာတတ်ခြင်းတရား၊နာကျည်းမှုများမှခွင့်လွတ်ခြင်းတရား၊မုန်းတီးခြင်းများမှချစ်မြတ်နိုးတတ်ခြင်းတရား၊စက်ဆုတ်ရွံရှာဖွယ်များမှဉပေက္ခာပြုခြင်းတရား စသောစိတ်ထားများရရှိရန်မှာ ဘုရားရှင်၏နှုတ်တော်ထွက်စကားကိုကြားနာရုံမကထောက်ရှုကာနေ့စဉ်ဘဝတွင်ရှင်သန်နိုင်ရန်ကျင့်ကြံအားထုတ်ရပေမည်။ထိုသို့သောအခါ နားရှိသောသူကြားပါစေဟူသောစကားအတိုင်းကျွန်ုပ်တို့သည်ကြားနိုင်သောသူများဖြစ်ကြပေလိမ့်မည်။
"အိုသခင်ကိုယ်တော်ရှင်သည်သန့်ရှင်းသကဲ့သို့ကျွန်ုပ်တို့ကိုလည်းသန့်ရှင်းစေတော်မူပါ။"