Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-02-13 09:16:26
                 ဖေဖေါ်ဝါရီလ(၁၄)ရက်(တနင်္လာနေ့)
  ရှင်မာကု(၈:၁၁-၁၃)
  Sr.Teresa Myint Naing(I.S.R.)
Posted by Sr.B.Myat Hnin Nwe(I.S.R)

၁၁။ဖာရီဇေးဦးတို့သည်အထံတော်သို့ရောက်လာကြ၍ကိုယ်တော်နှင့်စတင်ဆွေ:နွေးငြင်းခုံကြလျက်ကိုယ်တော်ကိုစမ်းသပ်ရန်ကောင်းကင်မှနိမိတ်ဖာရီဇေးဦးတို့ သည် အထံတော်သို့ရောက်လာကြ၍ကိုယ်တော် နှင့် စတင်ဆွေးနွေးငြင်းခုံကြ လျက်  ကိုယ်တော် ကိုစမ်း သပ် ရန် ကောင်းကင် မှနိမိတ်လက္ခဏာကို တောင်းကြေလေ ၏။
၁၂။ထိုအခါကိုယ်တော်သည်စိတ်နှလုံးအတွင်း၌သက်ပြင်းချလျက်ဤလူမျိုးဆက်သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကိုတောင်းကြသနည်း။သင်တို့အားငါအမှန်ဆိုသည်ကားဤလူမျိုးဆက်အားမည်သည့်နိမိတလက္ခဏာကိုမျှပြလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။၁၃။ကိုယ်တော်သည်သူတို့ထံမှထွက်ခွာ၍တစ်ဖန်လှေပေါ်သို့တက်ပြီးလျှင်တစ်ဖက်ကမ်းသိုကြွတော်မူ၏။ကျွန်ုပ်တို့အချင်ချင်းအခါအခွင့်သင့်သောအခါစကားစမြည်ပြောဆိုခြင်းအားဖြင့်တစ်ဦးအကြောင်းတစ်ဦးသိ၍ရင်းနှီးမှုပိုမိုရရှိစေပါသည်။မိတ်ဆွေစစ်၊မိတ်ဆွေမှန်များလည်းရရှိတိုးပွားစေပါသည်။သို့သော်လူအမျိုးမျိုးစိတ်အထွေထွေဖြစ်နေတတ်ကြပေရာပြေဖန်များလာပါကစကားလုံးများတွင်မမိ၏ဇာတိ၊အတွင်းသဘောမနောများကိုပေါ်လာတတ်ကြပါသည်။မိမိအတွက်အကျိုးမပြုသောစကားစိတ်အနှောင့်အယှက်ဖြစ်စေသောအရာများဖြစ်ပါကဆက်လက်ပြောဆိုနေပါလျင်ငြင်းခုန်ခြင်းများနှင့်အတူရန်ပွဲများသာဖြစ်ပွားလာတတ်ပေသည်။သို့ဆိုလျင်အချိနကိုဖြုန်းတီးသည်သာမကအပြစ်၏သွေးဆောင်ခြင်းသို့အလွယ်တကူကျရောက်နိုင်ပေမည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ဖာရေးဇေးဦးတို့မှခရစ်တော်သခင်နှင့်စတင်ငြင်းခုံဆွေးနွေးပြီးကောင်းကင်မှနိမိတ်လက္ခဏာကိုတောင်းဆိုခြင်းကြောင့်ဘုရားရှင်သည်သူတို့အနားမှထွက်ခွာကာတစ်ဘက်ကမ်းသို့ကူးစေသည့်အကြောင်းနှုတ်မြွက်ထားပါသည်။သွေးဆောင်ဖျားယောင်းသောနတ်ဆိုးနှင့်ကြာရှည်စွာစကားစမြည်ပြောဆိုခြင်းကြောင့်ဧဝသည်အပြစ်ကျူးလွန်ခဲ့ရသည်။ရှန်ဆုန်သည်ချစ်သူ၏စကားတွင်သာယာကာလျို့ဝှက်ချက်များပြောကြားခြင်းကြောင့်သူမ၏သစ္စာဖေါက်ခြင်းကိုခံရပြီးခွန်အားဆုံးရှုံးခဲ့ရသည်။သွေးခွဲစကားများကြောင့်လူမျိုးစုများပြိုကွဲခဲ့ရသည်။အပြောကြွယ်၍မာယာများသောသူများကြောင့်ကျွန်ုပ်တို့အကြိမ်ကြိမ်ကျရှုံးခဲ့ရသည်။ကျွန်ုပ်တို့ဆရာသခင်ကျွန်ုပ်တို့၏ကယ်တင်ရှင်သည်အကျိုးယုတ်စေသောစကားဝိုင်းမှထွက်ခွာသွားသကဲ့သို့အားနာတတ်သောကျွန်ုပ်တို့၏စိတ်ထား၊သာယာတတ်သောကျွန်ုပ်တို့၏စိတ်တိမ်းညွတ်မှုများကိုသတိမူကြရပေမည်။လျှော့ချရပေမည်။သို့ဖြစ်၍ထိုအသိုင်းအဝိုင်းမှအမြန်ဆုံးထွက်ခွာကာဘုရားရှင်နှင့်စကားပြောရန်ဘုရားရှင်ကိုအချိန်ပေးနိုင်ရန်တစ်ဘက်ကမ်းသို့သွားကြပါစို့။

Daily Reflection