Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-17 05:40:44
#18 December 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်မာတေဦး ၁း ၁၈ - ၂၄)
#စစ္စတာရ် ဧလိဇဘက် ခေါင်နော (SFX)
Posted by M. Sulatthtwe

ဗက်သလင်ဟမ်မြို့မှာ မာရီးယားကနေ မွေးဖွားလာမယ့် သူငယ်တော်ယေဇူးလေးဟာ လောကသတ္တဝါ အပေါင်းတို့ရဲ့ အစ၊အဆုံး အားလုံးစုံကို တတ်နိုင်တော်မူတဲ့ ဘုရားရဲ့တစ်ပါးတည်းသော သားတော်ဘုရား ဖြစ်တော်မူတယ်။ ဒါပေမယ့် ဘုရားအဖြစ်ကိုစွန့်ပြီး လောကမှာ လူ့အဖြစ်ကို ယူခဲ့တယ်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မာရီးယားဝမ်းကြာပိုက်မှာ ပဋိသန္ဓေယူခဲ့ခြင်းကလည်း ဓမ္မာဟောင်းကျမ်း (ဟေရှာယ ၇း ၁၄)ကြည့်လော့သတိုးသမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောကျ်ားကို ဖွားမြင်လတ္တံ၊ ထိုသားကို ဧမာနူအဲလ်အမည်ဖြင့် မှည့်ခေါ်ရမည်။ ဆိုတဲ့ ကျမ်းချက်ကို ပြည့်စုံစေခြင်းလည်း ဖြစ်တယ်။ ”ဧမာနူအဲလ် ကျွန်ုပ်တို့နှင့် အတူရှိတော်မူသော ဘုရားဆိုသည့်အတိုင်း လူ့ အဖြစ်ယူတဲ့နေ့ကစပြီး အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ ပြန်တက်တဲ့ထိ ယနေ့တိုင် ကိုယ်တော်မြတ်စက္ကမင်းတူးအားဖြင့် ကျွန်ုပ်တို့နှင့် အတူရှိတော်မူတယ်။သခင်ယေဇူးသည် ဘုရားသားတော်ဖြစ်ပေမယ့် လောကမှာ ဆင်းရဲနုံချာစွာ မွေးဖွားခြင်းကို ခံခဲ့တယ်။ မွေးဖွားလာတဲ့အချိန်လည်း ခေါင်းချစရာနေရာ မရှိခဲ့ဘူး။ တင်းကုတ်တစ်ခုမှာရှိတဲ့ စားခွက်ထဲမှာ မွေးဖွားလာခဲ့တယ်။ ခုလို ဘုရားသားတော်တစ်ပါး ဆင်းရဲစွာမွေးဖွားလာရခြင်းက ကျွန်ုပ်တို့ရဲ့ မာနထောင်လွှားခြင်းစိတ်ကို ချိုးဖဲ့ရန်နှင့် လောကစည်းစိမ်၊ ဂုဏ်ပကာသနတွေမှာ တပ်မက်ခင်တွယ်ခြင်း မရှိဖို့ရန် ယေဇူးကိုယ်တိုင် သင်ပြပေးခြင်းလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်ုပ်တို့ရဲ့   မိဘရင်းဖြစ်တဲ့ အာဒန်နဲ့ဧဝရဲ့ နာမခံခြင်းကြောင့် ကျရောက်ခဲ့တဲ့ ”အပြစ် ရဲ့ ကျေးကျွန်ဘဝကနေ ကယ်နုတ်ဖို့ရန်လည်း ဖြစ်တယ်။ ”အပြစ် ဒုက္ခများအတွက် ဘုရားရဲ့အမျက်တော် သင့်ခြင်းခံခဲ့ရတဲ့ လူသားအပေါင်းတို့ကို အပြစ်နဲ့နတ်ဆိုးရဲ့ ကျွန်ဘဝကနေ လွှတ်မြောက်စေခဲ့တယ်။ သခင်ယေဇူး လူ့အဖြစ်ယူခြင်းကြောင့် ကျွန်ုပ်တို့ဟာ ဘုရားရဲ့မိတ်ဆွေတော်အဖြစ်နဲ့ ကောင်းကင်နိုင်ငံရဲ့ အမွေစားအမွေခံ သားသမီးများ ဘဝကို ပြန်လည်ရရှိလာကြရတယ်။ မိဘရင်းတွေရဲ့ အပြစ်ကြောင့် ပိတ်သွားတဲ့ ကောင်းကင်တံခါးက သခင်ယေဇူးရဲ့ အဆုံးတိုင် ခမည်းတော်အပေါ်  နှိမ့်ချနာခံခြင်းကြောင့် ကယ်တင်ခြင်းတံခါး ပြန်ပွင့်လာတယ်။ အပြစ်ရဲ့အမှောင်ဘဝကနေ အလင်းသားများအဖြစ်သို့ ခေါ်ဆောင်ပေးခဲ့တယ်။ ဤသို့ဖြင့် ဘုရားသားသမီးများ ဖြစ်ကြတဲ့ ကျွန်ုပ်တို့လည်း နာခံတတ်တဲ့စိတ်ထား၊ နှိမ့်ချတတ်တဲ့နှလုံးသားပိုင်ရှင်၊ ချစ်ခြင်းပြည့်ဝတဲ့ ပါရမီရှင်များ ဖြစ်လာရအောင် ဆက်လက် ကြိုးစားသွား ကြပါစို့။ သခင်ယေဇူးထံ လိုအပ်တဲ့ ခွန်အားကျေးဇူးများ တောင်းခံကြစို့။

 စစ္စတာရ် ဧလိဇဘက် ခေါင်နော (SFX)

 

Daily Reflection