သူတို့ သည် ဘက်ဇိုင်းဒါသို့ရောက်ကြသောအခါလူအချို့သည်မျက်မမြင်တစ်ဦးကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၍ထိုသူ့ကို တို့ထိတော်မူပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။ကိုယ်တော်သည် လည်း မျက်စိမြင် သော သူ၏လက်ကိုဆွဲ လျက်သူ့ ကိုရွာအပြင် သို့ခေါ် ဆောင်သွားတော်မူ၏။ထို့နောက်ကိုယ်တော်သည် ထိုသူ၏မျက်စိများကိုတံတွေး ဖြင့် ဆွတ်၍ သူ့အပေါ် ၌လက်တော်ကိုတင်လျက်သင် သည် တစ်စုံတစ်ရာကို မြင်သလောဟု မေး တော်မူ၏။ထိုသူကလည်းမော်ကြည့်၍ကျွန်ုပ်သည်လူတို့ကိုမြင်ရပါသည်။သို့သော်သူတို့ သည် လမ်းလျှောက်နေသောသစ်ပင်များနှင့်တူပါသည်ဟုလျှောက်လေ၏။ထိုအခါ ကိုယ်တော်သည်သူ၏မျက်စိများပေါ်သို့ မိမိလက်တော်ကိုတစ်ဖန်တင်တော်မူ၏။ထို့နောက်ထိုသူသည်စူးစိုက်၍ကြည့်ရာ အကောင်းပကတိပြန်ဖြစ်လာ၍အရာအားလုံးကိုကြည်လင်စွာမြင်ရလေ၏။ထိုအခါ ကိုယ်တော်သည်သူ့ကို သူ၏ အိမ်သို့ပြန်လွှတ်၍ရွာထဲသို့မဝင်လေနှင့်ဟုမိန့်မှာတော်မူ၏။**မျက်မမြင်ဘ၀သည် အဆိုးဆုံးသောဘ၀ထက် ၀ိညာဥ်မျက်မမြင်ခြင်းသည် ပိုဆိုးစေပါသည်။မြင်နိုင်ရန် ခရစ်တော်ထံချည်းကပ်ဖို့လိုပါသည်။ယုံကြည်ခြင်းသည်အရေးကြီးလိုအပ်သည်။အိုဘုရားသခင် မျက်မမြင်စေသော အားနည်းချက် အပြစ်များကိုခွင့်လွတ်တော်မူပါ။**