ဖေဖေါ်၀ါရီလ ၁၇ ရက်
ရှင်မာကု ၈:၂၇-၃၃
Posted by Sr. B.Myat Hnin Nwe(I.S.R)
ယေဇူးသည်တပည့်တော်တို့ နှင့်အတူဆီဇားရိယဖိလိပိနယ်ရှိကျေးရွာများ သို့ကြွတော်မူ ၏။လမ်းခရီး၌ကိုယ်တော်ကလူတို့သည် ငါမည်သူဖြစ်သည်ဟူ၍ဆိုကြသနည်းဟုမိမိတပည့်တော်တို့အားမေးတော်မူ ၏။သူတို့ကလည်းအချို့ကယောဟန်ဘတ္တိဇံ၊တချို့က ဧလိယ၊အခြားသောသူတို့ကပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍ဆိုကြပါသည်ဟုလျှောက်ထားကြ၏။ထိုအခါ ကိုယ်တော်ကသင်တို့မူကားငါမည်သူဖြစ်သည်ဟူ၍ပြောဆိုကြသနည်းဟုမေးတော်မူလျှင်ပေတရုက ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူပါသည်ဟု လျှောက်လေ၏။ကိုယ်တော်ကလည်း မိမိအကြောင်းကို မည်သူ့ကိုမျှ မပြောစေ ခြင်းငှာ သူတို့ကိုတားမြစ်တော်မူ၏။ထိုအခါ ကိုယ်တော်ကလူသားသည် ကြီးစွာသောဒုက္ခဝေဒနာခံရမည့်အကြောင်းကို လည်းကောင်း သက်ကြီးဝါကြီးများ၊ကျမ်းတတ်ဆရာ များနှင့် ရဟန်းအကြီးအကဲများ၏ငြင်းပယ်ခြင်းကိုခံရ၍အသေသတ်ခြင်း ခံရမည့် အကြောင်းကို လည်းကောင်း၊သုံးရက်လွန်ပြီး သောအခါတွင်ရှင်ပြန်ထမြောက်မည့်အကြောင်းကို လည်းကောင်းသူတို့အား စတင်သွန်သင်တော်မူ၏။ကိုယ်တော်သည် အကြောင်း ကို ပွင့်လင်းစွာမိန့်မြွက်တော်မူသောအခါပေတရုသည် ကိုယ်တော်ကို ခေါ်ထုတ်သွား၍ စတင်ပြစ်တင်ပြောဆိုလေ၏။ သို့သကိုယ်တော်သည် တပည့်တော်များဘက်သို့လှည့်၍ကြည့်လျက်ပေတရုအား အချင်းစာတန်၊ငါ့နောက်သို့ ဆုတ်လော့။သင် သည် ဘုရားသခင်နှင့် ဆိုင်ရာကိုစိတ်မစွဲဘဲလူတို့ နှင့် ဆိုင်ရာကိုသာ စိတ်စွဲလျက်ရှိသည်ဟုပြစ်တင်ပြောဆိုတော်မူ၏။ မိမိတို့ကိုယ်တိုင် ခရစ်တော်ကို ေကာင်းကောင်းသိဖို့လိုတယ်။ခရစ်တော်ကဘယ်သူလဲ ၀န်ခံသက်သေပြနိူင်မည်။*အိုဘုရားသခင် ကိုယ်တော်ကိုလူတေွသိအောင် လုပ်ဆောင်နိုင်ရန်မစတော်မူပါ။*