ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၂၊ တနင်္ဂနွေနေ့၊
သာမန်ကာလ(၇) ကြိမ်မြောက်သီတင်းပတ်
(၁ ရာဇဝင် 26:2,7-9,11-13,22-23, Judson)
LK.6:27-38
Rev. Fr. Bosco Saw Lar Htoo
Posted by Sr.B.Myat Hnin Nwe(I.S.R.)
“2.ရှောလုသည် ထ၍ ရွေးကောက်သော ဣသရေလလူသုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကို ရှာခြင်းငှါသွားလေ၏။
7. ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညဉ့်အခါ တပ်သားများရှိရာသို့ သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊လှံတော်သည် ခေါင်းရင်းအနား မြေ၌ စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။8.အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင်လှံနှင့် တချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊9.ဒါဝိဒ်ကသူ့ကို မပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအား ပြန်ဆို၏။11.ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
12.လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။13.ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊22.ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ ယူစေတော်မူပါ။23.လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိခိုက်ပါ။”
*************(၁ ကောရိန်သု 15:45-49, ကက်သလစ်သမ္မာကျမ်းစာ CBCM)
“45. သို့ဖြစ်၍ ပထမဆုံးလူသားဖြစ်သော အာဒံသည် သက်ရှိသတ္တဝါဖြစ်လာ၏ဟု ကျမ်းစာတော်မြတ်တွင်ရေးထားခြင်း
(ရှင်လုကာ 6:27-38, ကက်သလစ်သမ္မာကျမ်းစာ CBCM)
“27.သို့ရာတွင် ငါ၏တရားကို ကြားနာကြသောသင်တို့အား ငါဆိုသည်မှာ သင်တို့၏ရန်သူများကို ချစ်ကြလော့။ သင်တို့ကို မုန်းတီးသောသူတို့အား ကောင်းကျိုးပြုကြလော့။28.သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးမင်္ဂလာပေးကြလော့။ သင်တို့ကို စော်ကားသောသူတို့အတွက် မေတ္တာပို့ ကြလော့။29.သင်၏ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်၍ပေးဦးလော့။ သင်၏ဝတ်ရုံကို သိမ်းယူ သွားသောသူအား သင်၏အင်္ကျီကို ထုတ်မပေးဘဲမထားနှင့်။30.သင့်ထံမှ တောင်း ခံသောသူအား ပေးကမ်းလော့။ သင့်ထံမှ ဥစ္စာပစ္စည်း များကိုသိမ်းယူသွားသောသူထံမှလည်း ၎င်းတို့ကို ပြန်၍ မတောင်းနှင့်။31.သင်တို့၌ သူတစ်ပါးတို့ပြုစေလိုသည့်အတိုင်
=============
ထောက်ရှုချက်
"သင်တို့၌ သူတစ်ပါးတို့ပြုစေလိုသည့်အတိုင်
သင်တို့သည်လည်း သူတစ်ပါးတို့၌ ပြုကြလော့။"
(ရှင်လုကာ 6: 31)
- ကိုယ်ချင်းစာတရားဆိုတာက
လူတိုင်းမှာရှိနေရမည့်တရားဖြစ်
- မိမိကသူတပါးကိုပြုလုပ်မည့်အရာက
သူတပါးကမိမိကိုပြန်ပြုလုပ်ရင်ရေ
ဆိုတာဆင်ချင်သုံးသပ်ကျင့်ကြံကြ
- မိမိကိုသူတပါးက ပြုလုပ်ရင် မိမိလည်းမခံနိုင်ဘူးဆိုရင်
သူတပါးလည်းခံနိုင်မှာမဟုတ်းဘူး
ကိုယ်ချင်းစာတရားလူတိုင်းမှာရှိ
- ဘာသာတရားတိုင်းကလည်း ဒီပညတ်ကိုသွန်သင်ကြပါတယ်။
- အမှန်တော့ ဒီပညတ်ဟာ ခရစ်ယန်ဘာသာတရားရဲ့
အဆင့်နိမ့်သေးတဲ့သွန်သင်ချင်လေး
- ဒီကိုယ်ချင်းစာတရားအဆင်တောင်ကျွ
ဒီထက်မြင့်တဲ့ ပညတ်တော်တွေ၊ ကျင့်စဥ်တွေကို
ကျင့်ဖို့ဆိုရင်ပိုခက်ပြီပေါ့။
- ဒီနေ့ ခရစ်တော်သခင် ပေးနေတဲ့ပညတ် ကျင့်စဥ်တွေကတော့
- သင်တို့၏ရန်သူများကို ချစ်ကြလော့။
- သင်တို့ကို မုန်းတီးသောသူတို့အား ကောင်းကျိုးပြုကြလော့။
- သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးမင်္ဂလာပေးကြလော့။
- သင်တို့ကို စော်ကားသောသူတို့အတွက် မေတ္တာပို့ ကြလော့။
- သင်၏ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်၍ပေးဦးလော့။
- သင်၏ဝတ်ရုံကို သိမ်းယူ သွားသောသူအား သင်၏အင်္ကျီကို ထုတ်မပေးဘဲမထားနှင့်။
- သင့်ထံမှ တောင်း ခံသောသူအား ပေးကမ်းလော့။
- သင့်ထံမှ ဥစ္စာပစ္စည်း များကိုသိမ်းယူသွားသောသူထံမှလည်
- ဒီပညတ်ကျင့်စဥ်တွေကျင့်ရင်
သူတပါးမိမိအားမတရားပြုသမျှ
မိမိခံရတော့မှာဖြစ်ပါတယ်။
- ဒီအရာတွေကိုကျင့်ရင်
မိမိအတွက်အလွန်ဆုံးရှုံးနှစ်နာ
လူတိုင်းခံစားကြရမှာပါ။
- မတရားမှုတွေကိုအားပေးရာရောက်နေ
တွေးမိမှာပါပဲ။
- လောကကြီးကမတရားတာများပါတယ်။
- မတရားတဲ့ဒီလောကဟာ
ငါတို့တွေရဲ့ထာဝရအိမ်မဟုတ်ပါဘူး
- ယာယီအိမ်လေးမျှသာပါ။
- မတရားမှုပြုသူများဟာ
တစ်ဘဝစံတွေပါပဲ။ နောင်ဘဝမှာထာဝရခံကြရမှာပါ။
- ဘုရားရှင်က ကျွန်ုပ်တို့ဆုံးနှစ်နာစေမည့်
ဘယ်လုပ်ပါ့မလဲ။
- အဲ့ဒီကျင့်စဥ်တွေက သခင်ခရစ်တော်ကိုယ်တိုင်
ကျင့်ခဲ့တဲ့ကျင့်စဥ်တွေပါပဲ။
- သူဟာဘုရားရှင်ရဲ့သားတော်ဖြစ်တယ်
သခင်ခရစ်တော်ကလက်တွေ့ကျင့်ပြီး
သက်သေခံသွားခဲ့တာပါ။
- "သင်တို့ရရှိမည့်ဆုလာဘ်သည် ကြီးမားလိမ့်မည်။
သင်တို့သည်လည်း အမြင့်ဆုံးသောအရှင်၏
သားသမီး များဖြစ်ကြလိမ့်မည်။"
(ရှင်လုကာ 6: 35)
- မိမိကိုချစ်တဲ့သူ၊ မိမိအပေါ်ကောင်းတဲ့သူတွေကို
ချစ်တယ်၊ သူတို့အပေါ်ကောင်းတယ်ဆိုတာက
လူဆိုးလူမိုက်တွေလည်း ကျင့်နေတဲ့ ကျင့်စဥ်ပါပဲ။
- ဘုရားသခင်က သူရဲ့သားသမီးတွေကို
သူနဲ့တူစေချင်တယ်။
အခြားသူတွေထက်ပိုပြီး စိတ်ထားမြင့်မြတ်စေချင်တယ်။
- မတရားပြုသူများကတော့
သူတို့လုပ်ရပ်အတွက်တနေ့ပြန်ပြီး
- ဒီဘဝမှာ အကျင့်သီလကောင်းများကိုကျင့်ကြီ
နောင်ဘဝမှာ ကောင်းကင်ကကြယ်စင်လေးတွေလို
အစဥ်ထွန်းလင်းတောက်ပနေသူများဖြ
ခရစ်တော်သခင်ပြသတဲ့ တရားလမ်းမှန်ကို
လိုက်နာကျင့်ကြံကြပါစို့။