ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၂၊ တနင်္လာနေ့၊
သာမန်ကာလ(၇) ကြိမ်မြောက်သီတင်းပတ်
Saint Peter Damian, Bishop, Doctor
Rev.Fr. Bosco Saw Lar Htoo
Posted by Sr.B.Myat Hnin Nwe(I.S.R.)
(ယာကုပ် 3:13-18,
မိမိဟာပညာရှိမှန်ရင်ကောင်းတဲ့
အသက်တာနဲ့သက်သေပြရမယ်)
“13. သင်တို့တွင် မည်သူသည် ဉာဏ်ပညာနှင့်နားလည်တတ်ခြင်းတို့
*****
(ရှင်မာကု 9:14-29,
“14.သူတို့သည် တပည့်တော်တို့ရှိရာသို့ ရောက်ကြ သောအခါ သူတို့အနီးတွင် များစွာသောလူအစုအဝေးတို့ ရောက်ရှိနေသည်ကို လည်းကောင်း၊ ကျမ်းတတ်ဆရာတို့သည်လည်း သူတို့နှင့် ဆွေးနွေးငြင်းခုံနေကြသည်ကိုလည်း
19.ကိုယ်တော်ကလည်း အိုယုံကြည် ခြင်းကင်းမဲ့သောလူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှ ကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့ကို ငါသည်းခံရမည်နည်း။ သူ့ကို ငါထံသို့ခေါ်ခဲ့ကြလော့ဟု သူတို့အား မိန့်တော်မူ၏။20.ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ နတ်ဆိုးသည် ကိုယ် တော့်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို ပြင်းထန်စွာလှုပ်ခါ သဖြင့် သူငယ်သည် မြေပေါ်သို့လဲကျကာ လူးလိမ့်လျက် ပါးစပ်မှအမြှုပ်များထွက်နေလေ၏။21.ယေဇူးက သူ၌ ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်းဟု သူငယ်၏ဖခင် အားမေးတော်မူလျှင် သူက သူငယ်စဉ်ကပင် စ၍ဖြစ်ခဲ့ပါသည်။22.နတ်ဆိုးသည် သူငယ်ကိုသေစေရန် မီးထဲသို့ လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ်ကြိမ်ပစ် ချခဲ့ပါပြီ။ သို့သော် ကိုယ်တော်တတ်နိုင်တော်မူပါလျှင် အကျွန်ုပ်တို့ကိုသနားသဖြင့် ကူညီတော်မူပါဟု လျှောက် ထားလေ၏။23.ထိုအခါ ယေဇူးက ကိုယ်တော်တတ်နိုင် တော်မူပါလျှင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ယုံကြည် သောသူအတွက် ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု သူ့အား မိန့်တော်မူ၏။24.သူငယ်၏အဖသည်လည်း ချက်ချင်းပင် အော်ဟစ်အသနားခံလျက် အရှင်ဘုရား၊ အကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏ အားနည်း သောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါဟု ဆိုလေ၏။25.ထိုအခါ ယေဇူးသည် အထံတော်သို့ အပြေး အလွှားစုဝေးလာနေကြသောလူအစုအဝေးကို မြင်လျှင် ညစ်ညူးသော နတ်ဆိုး အား ကြိမ်းမောင်းလျက် ဆိုသည်ကား ဆွံ့အ၍ နားပင်းသောနတ်ဆိုး၊ သင့်ကို ငါအမိန့်ပေး၏၊ ဤသူ့ထံမှ ထွက်သွားလော့၊ ဘယ်သောအခါမျှ သူ့အထဲသို့ ပြန်မဝင်လေနှင့်ဟု မိန့်တော်မူ၏။26.နတ်ဆိုး သည်လည်း အော်ဟစ်၍ သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီး နောက် သူ့ထံမှ ထွက်သွားလေ၏။ သူငယ်သည်လည်း အသေကောင်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများက သူသေပြီဟု ဆိုကြ၏။27.သို့သော် ယေဇူးသည် သူငယ် ၏လက်ကိုကိုင်လျက် သူ့အား ထူမတော်မူလျှင် သူသည် ထလာလေ၏။28.ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့က အဘယ်ကြောင့် တပည့်တော်တို့သည် နတ်ဆိုးကို မနှင်ထုတ်နိုင် ရပါသနည်းဟု တိတ်တဆိတ်မေးလျှောက်ကြလေ၏။29.ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်း နှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။”
=============
"ယုံကြည် သောသူအတွက်
ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်။"
(ရှင်မာကု 9: 23)
- ဘုရားရှင်က အရာအားလုံးကိုတတ်နိုင်ပါတယ်။ဘုရားရှင်ကို အမှန်တကယ်ယုံကြည်သူအတွက်
မဖြစ်နိုင်တဲ့အရာမရှိပါဘူး။ ဒီကနေ့ တပည့်တော်တွေက
နတ်ဆိုးကိုနင်မထုတ်နိုင်တာဟာယုံကြည်ခြင်းအားနဲ့တဲအတွက်ကြော
စာတန်နတ်ဆိုးကို ကျွန်ုပ်တို့နင်မထုတ်နိုင်တာ
ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအား
ကျွန်ုပ်တို့ယုံကြည်ထားတဲ့အရာတွေ
အမှန်တကယ်ဖြစ်လာမှာပါ။ဒါပေမယ့်စာတန်နတ်ဆိုးကိုနင်ထုတ်
ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအထဲ
"ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်း နှင့်
အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်။"
(ရှင်မာကု 9: 29)ဆုတောင်းခြင်းနဲ့ အစာရှောင်ဝါရှောင်ခြင်းတွေ
လုပ်ကြရမှာဖြစ်ပါတယ်။ဘုရားရှင်၌ယုံကြည်အားကိုးလျှက်
ဆုတောင်းခြင်းနဲ့ အစာရှောင်ဝါရှောင်ခြင်းတို့ဖြင့်
ကျွန်ုပ်တို့ကို ညင်းပမ်းနိပ်စက်နေသောစာတန်နတ်ဆို
မောင်းထုတ်နိုင်ဖို့ကြိုးစားကြ