Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-02-23 09:28:24
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၂၊ ကြာသာပတေးနေ့၊
သာမန်ကာလ(၇) ကြိမ်မြောက်သီတင်းပတ် 
ရေး-ဖာသာရ်ဘောစကိုစောလားထူး
Posted by Sr. B.Myat Hnin Nwe(I.S.R.)
 
ယာကုပ် 5: 1-6
“1.ချမ်းသာကြွယ်၀သောသင်တို့၊ ယခုလာကြ၍ သင်တို့အပေါ်သို့ကျရောက်မည့်ဆင်းရဲဒုက္ခများအတွက် အော်ဟစ်ငိုကြွေး ကြလော့။
2.သင်တို့၏ဥစ္စာဓနတို့သည် ပုပ်ပျက်လျက် သင်တို့၏အဝတ်အစားများမှာလည်း ပိုးစားခြင်းခံရလေပြီ။3.သင်တို့၏ ရွှေငွေများလည်း သံချေးတက်လေပြီ။ ထိုသံချေးသည် သင်တို့ကို ဆန့်ကျင်၍သက်သေခံပြီးလျှင် မီးကဲ့သို့ သင်တို့၏အသား ကို စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက် များအတွက် ဘဏ္ဍာကို ဆည်းပူးခဲ့ကြလေပြီတကား။
4.ကြည့်လော့၊ သင်တို့လယ်များတွင် ရိတ်သိမ်းပေးသော သူတို့ကို လှည့်ဖြား၍ သင်တို့ထိမ်ချန်ထားသော သူတို့၏ လုပ်ခများသည် အော်ဟစ်ကြွေးကြော်လေပြီ။ သီးနှံရိတ်သိမ်းသူတို့၏အော်ဟစ်သံသည်လည်း ကောင်းကင်ဗိုလ်ခြေတို့၏ အရှင် ထာ၀ရဘုရားသခင်၏ရွှေနားတော် သို့ရောက်လေပြီ။
 5.သင်တို့သည် ကမ္ဘာပေါ်တွင် စည်းစိမ်ခံလျက် သာယာပျော်မွေ့ခဲ့ကြ၏။ သင်တို့သည် အသတ် ခံရမည့်နေ့အတွက် သင်တို့၏ နှလုံးသားများကို ဆူဖြိုးစေခဲ့ကြ၏။
6.သင်တို့သည် ဖြောင့်မတ်သူကို အပြစ်စီရင်၍ သတ်ဖြတ်ခဲ့ကြ၏။ သူသည် သင်တို့ကို မခုခံခဲ့ပေ။”
*ရှင်မာကု 9: 41-50, 
“41.သင်တို့ အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်တို့အား သောက်ရန်ရေတစ်ခွက်ပေးသောသူမည်သူမဆို မိမိ၏ ဆုလာဘ်ကိုဆုံးရှုံးလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။42.မည်သူမဆို ငါ့ကိုယုံကြည်သောသူငယ်တို့တွင် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေလျှင် ထိုသူ၏လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍ သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည် သူ့အတွက် သာ၍ကောင်း၏။43.သင်၏ လက်သည် သင့်ကိုအပြစ်ပြုမိစေလျှင် ထိုလက်ကိုဖြတ် ပစ်လော့။ လက်နှစ်ဖက်ရှိလျက် ထာ၀ရမငြိမ်းနိုင်သော ငရဲမီးထဲသို့သွားရခြင်းထက် ကိုယ်အင်္ဂါချို့တဲ့လျက် ထာ ၀ရအသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။44.ထိုနေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီး လည်းမငြိမ်းရာ။45.သင်၏ခြေသည် သင့်ကို အပြစ်ပြုမိစေ လျှင် ထိုခြေကို ဖြတ်ပစ်လော့။ ခြေနှစ်ဖက်ရှိလျက်နှင့် ငရဲ ထဲသို့ ပစ်ချခံရခြင်းထက် မသန်မစွမ်းဘ၀ဖြင့် ထာ၀ရ အသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။46.ထို နေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီးလည်း မငြိမ်းရာ။47.သင်၏မျက်စိသည် သင့်ကိုအပြစ်ပြုမိ စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲထဲသို့ပစ်ချခံရ ခြင်းထက် မျက်စိတစ်လုံးချို့ယွင်းလျက် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရခြင်းသည် သာ၍ ကောင်း၏။
48.ထိုနေရာ၌ သူတို့ ၏လောက်ကောင်ပိုးမသေ သကဲ့သို့ မီးလည်းမငြိမ်းရာ။49.အကြောင်းမူကား လူတိုင်းသည် မီးဖြင့် ဆားနယ်ခြင်းခံရလိမ့်မည်။ ယဇ်ကောင်ဟူ သမျှသည်လည်း ဆားနယ်ခြင်းခံရ လိမ့်မည်။50.ဆားသည် ကောင်းပေ၏။ သို့သော် ဆားသည် အငန်ဓာတ်ပျောက်ခဲ့ ပါလျှင် သင်သည် ငန်သောအရသာကို မည်ကဲ့သို့ ပြန်ရရှိ မည်နည်း။ သင်တို့ကိုယ်တိုင်၌ ဆားရှိစေကြလော့။ သင်တို့အချင်းချင်းငြိမ်းချမ်းစွာနေကြလော့ဟု မိန့်တော်မူ၏။”
=============
ထောက်ရှုချက်
 မည်သူမဆို ငါ့ကိုယုံကြည်သောသူငယ်တို့တွင်တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေလျှင်
ထိုသူ၏လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည်သူ့အတွက် သာ၍ကောင်း၏။
            (ရှင်မာကု 9: 42)
လေးငယ်လေးတွေဟာ ရိုးသားဖြူစင်ကြတယ်အပြစ်ကင်းစင်ကြပါတယ်။သူတို့လေးတွေရဲ့မျက်စိကိုကြည့်လိုက်ရင်
ပကတိတည်ငြိမ်ပြီးအပြစ်ကင်းစင်ကြတယ်။ဒါကြောင့်မို့ ကလေးငယ်လေးတွေကိုမြင်သူတိုင်းက ချစ်ကြပါတယ်။
ဒါပေမယ့် နဲ့နဲ့အသက်လေးကြီးလာတဲ့အခါသူတို့နေထိုင်တဲ့ပဝန်းကျင်အပေါ်မူတည်ပြီးသူတို့ရဲ့မျက်နာအသွင်အပြင် သူတို့အကြည့်လေးတွေဟာပြောင်းလဲတာတွေဖြစ်လာပါတယ်။ရန်ဖြစ်တတ်လာတယ်၊လိမ်တတ်ညာတတ်လာတယ်၊ကြိမ်ဆဲတတ်လာတယ်၊ခိုးတတ်ဝှက်တတ်လာတယ်၊ဖြူစင်ရိုးသားတဲ့ ဒီကလေးတွေကိုဘယ်သူအရောင်ဆိုးပေးလိုက်တာလဲ။ကလေးတွေရဲ့စိတ်နှလုံးဖြူစင်လှပမှုတွေကိုဖျက်စီးပစ်သူတိုင်းဟာကြီးလေးတဲ့အပြစ်ရှိပါတယ်။တချို့နေရာတွေမှာဆိုရင် ကလေးတွေကိုအပြစ်ဒုစရိုက်တွေပြုတတ်အောင်တမင်သင်ကြားပေးနေတာတွေရှိပါတယ်။မသိနားမလည်တဲ့ကလေးတွေကအမှန်းကိုအမှန်ထင်ပြီး ဒုစရိုက်အလုပ်တွေလုပ်ကိုင်ကြပါတော့တယ်။ဒီလိုလုပ်ခြင်း ဟာကြီးလေးတဲအပစ်ကျူးလွန်ခြင်းပါပဲ။အပြစ်မဲ့တဲ့ကလေးလေးတွေကိုအပြစ်ဒုစရိုက်လုပ်တတ်အောင်သင်ကြားပေးသူတွေဟာလူကာမှာလူဖြစ်မလာသင့်သူတွေဖြစ်ပါတယ်။
"လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည်သူ့အတွက် သာ၍ကောင်း၏။"
            (ရှင်မာကု 9: 42)
ကလေးငယ်များအား တရားလမ်းမှန်ကို
ညွန်ပြပေးဖို့ကြိုးစားကြပါစို့။ 
 
 
 
 
 
 
 
 
 
 
 
 
‌ေ
Daily Reflection