“28.ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှကို စွန့်၍ နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေ၏။29.ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆို ငါ့အတွက်နှင့် ဧဝံဂေလိတရားတော်အတွက် အိမ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားသမီးနှင့် မြေယာ များကိုစွန့်လွှတ်လျှင်၊30.ယခုဘ၀တွင် ညှဉ်းဆဲခံရခြင်းနှင့် တကွ အိမ်၊ ညီအစ်ကိုများ၊ နှမများ၊ မိခင်များ၊ သားသမီး များနှင့် မြေယာများကိုအဆတစ်ရာမရဘဲ မနေသကဲ့သို့ နောင်ဘ၀တွင်လည်း ထာ၀ရအသက်ကို မရဘဲ မရှိရာ။31.သို့သော် ပထမဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်။ နောက်ဆုံးသောသူတို့သညလည်းပထမဦးဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”
ထောက်ရှုချက် ****ခရစ်တော်သခင်ရဲ့နောက်ကို သာသနာပြုများအဖြစ်ဆက်ကပ်အစေခံသူတွေအားလုံးဟာဒီလောကမှာရော နောင်ဘဝမှာပါဆုလဒ်များစွားရမယ်လိုယေဇူးသခင်ကကတိပြုပါတယ်။ဆုလဒ်ဆိုတဲ့အထဲမှာအိမ်၊ ညီအစ်ကိုများ၊ နှမများ၊မိခင်များ၊သားသမီးများနှင့်မြေယာများကို အဆတစ်ရာပြန်ရမှာဖြစ်ပါတယ်။ဒီအပြင် ညှဥ်းဆဲခဲရခြင်းဆိုတာလည်းပါဝင်